backup og meta

ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားလို့ရလား ......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားလို့ရလား ......

    မိုးလေးရွာလာပြီဆိုရင် မင်းဂွတ်သီးတွေ လှိုင်လှိုင်ပေါ်လာပါပြီ။ အသွင်အပြင်ကလည်း ချစ်စရာ ကောင်းသလို အရသာလည်း ကောင်းတဲ့ မင်းဂွတ်သီးလေးကို အရင်ကတည်းက ရာသီရောက်တိုင်း နှစ်နှစ်ခြိုက်ခြိုက် စားလာခဲ့တာ ဒီနှစ်တော့ ဘေဘီလေး ရှိနေတာကြောင့် စားလို့ ဖြစ်ပါ့မလား။ မင်းဂွတ်သီး စားလိုက်ရင် ဘေဘီလေးကိုများ ထိခိုက်သွားမလားဆိုပြီး စိုးရိမ်နေတဲ့ မေမေတွေ ရှိလား …… ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    ဒီဆောင်းပါးလေးထဲမှာ ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားလို့ရလား …… ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲ …… ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

    မင်းဂွတ်သီး ဆိုတာ

    မင်းဂွတ်သီးဆိုတာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တွေ့ရှိရတဲ့ အပင်ရဲ့ အသီးပါ။ အပူပိုင်းဒေသရဲ့ ဘုရင်မလို့တောင် တင်စားရတဲ့ အသီးပေါ့။ အာဟာရပြည့်ဝစွာ ပါဝင်နေပါတယ်။ အရသာကတော့ ချိုချိုချဉ်ချဉ်နဲ့ ရင်အေးစေတဲ့ အရသာမျိုးပါ။

    အရသာကို ခံစားမိအောင် ပြောပြရရင် သစ်တော်သီးနဲ့ လိမ္မော်သီးတို့ ကြားထဲက အရသာမျိုးပါ။ သစ်တော်သီးလောက် အချိုမများသလို လိမ္မော်သီးလောက်လည်း အချဉ်မများပါဘူး။ အခွံက ဖန်နိုင်ပေမယ့် အတွင်းက အဖြူဆံလေးတွေကတော့ ချိုချိုလေးပါ။

    အသွင်အပြင်ကို ပြောပြရရင် အစိမ်းရောင် အညှာလေးနဲ့ အခွံလေးက အညိုရောင်စိုစိုလေးပါ။ အောက်ဘက်နားလေးမှာ အသီးထဲမှာပါတဲ့ အမွှာအရေအတွက်ကို ပြတဲ့ အရာလေးပါပါတယ်။ အတွင်းဆံလေးတွေက ဖြူဖြူလေးနဲ့ အထဲမှာ အစေ့ အညိုရောင်ဖျော့ဖျော့လေး ပါပါတယ်။

    မင်းဂွတ်သီးမှာ ပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ ……

    စားရတာ အရသာရှိလှတဲ့ မင်းဂွတ်သီးမှာ

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • အဆီဓာတ်
  • ပရိုတင်း
  • ဗီတာမင် C
  • ဗီတာမင် B9 (folate)
  • ဗီတာမင် B1 (thiamine)
  • ဗီတာမင် B2(riboflavin)
  • မဂ္ဂနိ့
  • Copper
  • မဂ္ဂနီဆီယမ်တို့ ပါဝင်နေပါတယ်။
  • ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားလို့ရလား ……

    ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားလို့ရလား ......

    ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားလို့ရလား …… ဆိုတော့ စားလို့ ရပါတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မင်းဂွတ်သီး စားတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

    အကြောင်းကတော့ မင်းဂွတ်သီးမှာ ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးပြီး ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းချက် မပါအောင် ထောက်ကူပေးနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် များစွာ ပါဝင်နေတာကြောင့်ပါ။

    ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားပေးတဲ့အခါ

    ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားပေးတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

    မင်းဂွတ်သီးမှာ Folate ပါဝင်နေတာကြောင့် ဗိုက်ထဲက ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး၊ ဦးနှောက်နဲ့ အာရုံကြောကို ကောင်းစွာ ဖွံ့ဖြိုးစေပါတယ်။ မွေးရာပါ ချို့ယွင်းချက် မဖြစ်စေဖို့ ထောက်ကူပေးပြီး ကျန်းမာတဲ့ ဘေဘီလေးအဖြစ် မွေးဖွားလာစေမှာပါ။

    မင်းဂွတ်သီးမှာ ဘေဘီလေးရဲ့ အရိုး နဲ့ အရိုးနုတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးတဲ့ အရေးပါတဲ့ သတ္တုဓာတ် ဖြစ်တဲ့ မဂ္ဂနိစ့် ပါဝင်နေပါတယ်။  ဗိုက်ထဲက ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ကိုယ်ခံအား ကောင်းစေတယ်
  • မင်းဂွတ်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ ကျန်းမာရေးကောင်းစေဖို့ ထောက်ကူပေးနိုင်သလို မွေးလာမယ့် ဘေဘီလေးကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

    ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးပြီး အရေပြား ကျန်းမာစေသလို အကြောပြတ်ရာတွေ ပါးစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    မင်းဂွတ်သီးက ဆီးချို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မင်းဂွတ်သီး စားပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းရာရောက်သလို ကိုယ်ဝန်ဆောင်ချိန် သွေးတွင်းသကြားဓာတ် မြင့်တာ၊ ကိုယ်ဝန်ဆောင်ဆီးချို စတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်က ဝမ်းချုပ်တာပါ။ ဒီလို ဝမ်းချုပ်တာကို သက်သာစေပြီး ဝမ်းမှန်စေဖို့ မင်းဂွတ်သီး စားပေးလို့ ရပါတယ်။ မင်းဂွတ်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

    ကဲ ….. ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားပေးလို့ ရပါတယ်။

    ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားပေးတဲ့အခါ

    ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
     
     
    • ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းချက် ကင်းစေတယ်
    • ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေတယ်
    • ကိုယ်ခံအား ကောင်းစေတယ်
    • သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်
    • ဝမ်းမှန်စေနိုင်တယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement