လေဒီတို့မှာ ဘာစားချင်ချင် တည့်ပါမလားတွေးမိတဲ့အချိန်ရှိတယ်။ အဲ့ဒါကတော့ ကိုယ်ဝန်ဆောင်ချိန်နော်။ ငါများစားလိုက်ရင်ဆိုတဲ့ စိုးရိမ်စိတ်ဖြစ်မိကြစမြဲပါ။ ဒီတစ်ခေါက်တော့ လိုင်ချီးသီးကြိုက်ပေမယ့်ဘေဘီလေးထိခိုက်မှာစိုးလို့ လိုင်ချီးသီးမစားရဲတဲ့မေမေတို့အတွက် ဒီဆောင်းပါလေးကနေတဆင့်ပြောပြပါရစေနော်။
လိုင်ချီးသီးဆိုတာ
လိုင်ချီးသီးဆိုတာက အနီရောင် အခွံလေးနဲ့ အတွင်းကအသားဖြူဖြူ ချိုချိုလေးပါတဲ့ အသီးလေးပေါ့။ စားလိုက်ရင် ချိုချိုလေးနဲ့ အရသာရှိလှပါတယ်နော်။ အနံ့လေးကလည်း ချိုချိုမွှေးမွှေးလေးနဲ့ စားချင်စရာလေးပါ။ အပူပိုင်းဒေသတွေမှာပေါက်ရောက်တတ်တဲ့အပင်တစ်မျိုးပါ။
ကိုယ်ဝန်ဆောင်ချိန်မျာ လိုင်ချီးသီးစားလို့ရလား
ဘယ်လောက်ပမာဏ စားလို့ရလဲ
ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ လိုင်ချီးသီး ကို အတန်အသင့်စားလို့ရပါတယ်။ အများကြီးတော့ မစားသင့်ပါဘူးနော်။
ကိုယ်ဝန်ဆောင်နဲ့ လိုင်ချီးသီး
ကိုယ်ခံအားေကာင်းစေနိုင်တယ်
လိုင်ချိးသီးက ဗီတာမင် စီ (ဗီတာမင် C) ပါဝင်တာကြောင့် အအေးမိတုပ်ကွေးကနေ ကာကွယ်ပေးပြီး ခန္ဓါကိုယ်ကိုရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဖလေဗာနွိုက်ပါဝင်တာကြောင့် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဝမ်းမှန်စေနိုင်တယ်
ကိုယ်တွင်းelectrolyte မျှတစေနိုင်တယ်
ရေဓါတ်ခမ်းခြောက်မှုကြောင့် ကိုယ်တွင်းမှာelectrolyte မမျှတာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို လိုင်ချီးသီးက အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။
အသားအရေ စိုပြည်ကျန်းမာစေနိုင်တယ်
ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အသားအရေကို စိုပြည်နူးညံ့စေနိုင်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရကိုဖြည့်စွမ်းပေးနိုင် ပါတယ်။
သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်
သွေးတွင်းက အကျိုးပြုကိုလက်စထရောပမာဏကိုမြင့်တက်စေနိုင်ပြီး အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။
အင်အားပြည့်စေနိုင်တယ်
အလွန်အကျွံမစားပါနဲ့
အရာရာက တန်ဆေး လွန်ဘေးပါ။ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ လိုင်ချီးသီးကို အများကြီးစားမိမယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ အကျိုးကျေးဇူးတွေမရဘဲ အခုလိုထိခိုက်မှုလေးတွေ ရှိလာနိုင်ပါတယ်။
ကိုယ်တွင်းအပူချိန်တိုးစေနိုင်တယ်
ကိုယ်တွင်းအပူချိန်တိုးလာတာကမေမေရောဘေဘီလေးအတွက်ပါမကောင်းပါဘူးနော်။ ဒါကြောင့် အများကြီးတော့ မစားပါနဲ့။
သွေးမတိတ်တာမျိုးခံစားရနိုင်တယ်
လိုင်ချီးသီးကို အလွန်အကျွံစားမိမယ်ဆိုရင် သွေးတော်တော်နဲ့ မတိတ်တာမျိုးကိုခံစားရစေနိုင်ပါတယ်။
အချိုဓါတ်ပါဝင်မှုများတာကြောင့်သွေးတွင်းသကြားဓါတ်ြမင့်တက်စေပြီး ကိုယ်ဝန်ဆောင်ဆီးချိုခံစားရနိုင်ခြေများစေနိုင်ပါတယ်။
ကလေးအသေမွေးစေနိုင်တယ်
လိုင်ချိးသီးကို အရမ်းအများကြီး စားသုံးမိမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ဆီးချိုခံစားရနိုင်ပြီးပြင်းထန်တဲ့နောက်ဆက်တွဲအနေနဲ့ ကလေးအသေမွေးတာမျိုး အထိဖြစ်စေနိုင်ပါတယ်။
သွေးပေါင်ကျေစနိုင်တယ်
လိုင်ချိးသီးအများကြီးစားတာကသွေးပေင်ချိန်ကို ကျစေနိုင်တာကြောင့်မေမေတို့အနေနဲ့ အရမ်းတော့မစားစေချင်ပါဘူး။
ကဲ…လိုင်ချီးသီးစားချင်တယ်။ဘေဘီလေးကို ထိခိုက်မှာစိုးလို့ မစားရဲဘူးဆိုတဲ့ မေမေဗိုက်တို့ရေ နည်းနည်းလေးတော့စားလို့ရပါကြောင်း…………………….
[embed-health-tool-due-date]