backup og meta

ကိုယ်ဝန်ဆောင်ချိန် သွေးအနည်းငယ်ဆင်းတာ စိုးရိမ်ရသလား

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း အချို့သောအချိန်တွေမှာ အမျိုးသမီး ၂၀%လောက်ဟာ သွေးအနည်းငယ်ဆင်းတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သွေးအနည်းငယ်ဆင်းတာဟာ အဖြစ်များတဲ့ ပြဿနာပါပဲ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အတွင်းခံဘောင်းဘီထဲ သွေးစက်တွေတွေ့တဲ့အချိန်မှာ အလွယ်တကူ စိတ်တွေပူသွားတတ်ကြပါတယ်။

ဒါပေမဲ့ ဒီလိုလက္ခဏာမျိုးခံစားနေရတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ အမျိုးသမီးအများစုလည်း ဒီလို ကြုံဖူးကြသလို ကျန်းမာတဲ့ကိုယ်ဝန်ကိုဆောင်ထားနိုင်ကြတာပါပဲ။ ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ သွေးအနည်းငယ်ဆင်းရခြင်းရဲ့ ဖြစ်နိုင်စရာအကြောင်းရင်းတေါကို သိထားတာကလည်း အန္တရာယ်ကင်းကင်းကိုယ်ဝန်ဆောင်နိုင်မယ့် လမ်းစဉ်ပါပဲ။

ကိုယ်ဝန်ဆောင်ချိန် သွေးဆင်းတယ်ဆိုတာဘာလဲ။

Spotting လို့ခေါ်တဲ့ သွေးဆင်းခြင်းဟာ အညိုရောင် သို့မဟုတ် ပန်းရောင်ရှိတဲ့ သွေးဆင်းတာကိုခေါ်တာပါ။ ဒါဟာ ပုံမှန်ရာသီစက်ဝန်းရဲ့ အစ သို့မဟုတ် အဆုံးနားမှာဖြစ်လေ့ရှိတဲ့ သွေးဆင်းခြင်းနဲ့ အတူတူပါပဲ။ ဒီလိုသွေးဆင်းခြင်းဟာလည်း သွေးစက်အနည်းငယ်လောက်သာ ပါတတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွေးဆင်းရခြင်းရဲ့ အကြောင်းရင်းတွေကဘာတွေလဲ။

ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးမွေးဖွားဖို့မဟုတ်ဘဲ သွေးဆင်းလာတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ဆိုတာ အမြဲတမ်းလိုလိုတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီမှာတော့ အဖြစ်များတဲ့ အကြောင်းရင်းအချို့ကို ဖော်ပြပေးထားပါတယ်။

  • လိင်မှုကိစ္စ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လိင်ဆက်ဆံပြီးတဲ့အချိန် သားအိမ်ခေါင်းမှာ မသက်မသာရှိတဲ့အခါမျိုးတွေမှာ သွေးဆင်းတတ်ကြပါတယ်။ တကယ်လို့များ သွေးဆင်းတာကိုသတိမထားမိဘဲ လိင်ဆက်ဆံမိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

  • သားအိမ်ခေါင်း ပိုးဝင်ခြင်း

သွေးဆင်းခြင်းဟာ သင့်ကိုယ်ဝန်နဲ့ မသက်ဆိုင်တဲ့ အခြေအနေအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (မိန်းမကိုယ်ပိုးဝင်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ပိုးဝင်ခြင်း စသဖြင့်) ဒီအခြေအနေတွေဟာ သားအိမ်ခေါင်းကိုထိခိုက်စေပြီး သွေးဆင်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

  • ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် Ectopic pregnancy (နေရာမှားယွင်း သန္ဓေတည်ခြင်း) (ဆိုလိုတာကတော့ ကလေးဟာ မိခင်ရဲ့ ဝမ်းဗိုက်ပြင်ပမှာ ဖွံ့ဖြိုးလာတာပါ။ )

သွေးဆင်းခြင်းရဲ့နောက်မှာ ဗိုက်နာလာတာမျိုး၊ အောင့်လာတာမျိုးက ကပ်လိုက်လာမယ်ဆိုရင် ဒါဟာ ကိုယ်ဝန်ပျက်ကျချင်တဲ့ လက္ခဏာ ဒါမှမဟုတ် Ectopic pregnancy ရဲ့ လက္ခဏာပါပဲ။ Ectopic pregnancy ဟာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေပါ။

ဘယ်အချိန်မှာ စိတ်ပူရမှာလဲ။

ကိုယ်ဝန်ဆောင်နေစဉ် သွေးအနည်းငယ်ဆင်းခြင်းကတော့ ဖြစ်နေကျပြဿနာပါ။ ဒါပေမဲ့ သွေးအများကြီးဆင်းတာမျိုးတော့ ဖြစ်လေ့မရှိပါဘူး။ တကယ်လို့များ ဒီလိုလက္ခဏာတွေတွေ့ရလာပြီဆိုရင်တော့ ဂရုစိုက်သင့်ပါပြီ။

  • သွေးက အနီရောင်တောက်တောက်ဖြစ်နေခဲ့ရင်
  • သွေးဆင်းတဲ့အခါ နာရင်။ ဒါဟာ အချင်းကွာတာရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။

ဒါကိုဘယ်လိုရင်ဆိုင်ရမလဲ။

ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်းဟာ ပြင်းထန်တဲ့ ပြဿနာတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်တာကြောင့် သွေးဘယ်လောက်ဆင်းတယ်ဆိုတာနဲ့ သွေးဘာအရောင်ရှိတယ်ဆိုတာကို မှတ်ထားပြီး သင့်ရဲ့ ကျွမ်းကျင်ပညာရှင်ဆီကို အမြဲမပြတ်သတင်းပို့ပါ။

သွေးဆင်းရတဲ့အကြောင်းရင်းကို သိနိုင်ဖို့ Ultrasound ရိုက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့များ ဒီလိုပြင်းထန်တဲ့ လက္ခဏာတွေပေါ်လာခဲ့ရင် အရေးပေါ်ကားကို ချက်ချင်းခေါ်သင့်ပါပြီ။ ဥပမာ

  • ဝမ်းဗိုက်အောက်ပိုင်းမှာ ပြင်းပြင်းထန်ထန်နာတာ၊ အောင့်တာမျိုးဖြစ်ခဲ့ရင်။
  • မူးဝေခြင်း ဒါမှမဟုတ် သတိလစ်ခြင်းတွေဖြစ်ခဲ့ရင်။
  • မိန်းမကိုယ်က တစ်သျှူးတွေပါဝင်တဲ့ အကျိအချွဲတွေ ဆင်းလာခဲ့ရင်
  • ချမ်းတုန်နေရင်။

သွေးဆင်းတာရပ်သွားရင်တောင်မှ သင့်ရဲ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်နဲ့စစ်ဆေးတာကို မရပ်လိုက်ပါနဲ့။ ဒါဟာ သာမန်မပြင်းထန်တဲ့ ပြဿနာသေးသေးလေးလည်းဖြစ်နိုင်သလို ပြင်းထန်တဲ့ ရောဂါတစ်ခုခုရဲ့ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ သင်နဲ့သင့်ကလေးရဲ့အခြေအနေဟာ စိုးရိမ်စရာမရှိဘဲ လုံလုံခြုံခြုံနဲ့ အန္တရာယ်ကင်းကင်းရှိနေတယ်ဆိုတာနဲ့ ဘယ်လို နောက်ဆက်တွဲပြဿနာမျိုးမှ မရှိဘူးဆိုတာ သေချာနေပါစေ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vaginal bleeding or spotting during pregnancy. http://www.babycenter.com/0_vaginal-bleeding-or-spotting-during-pregnancy_3081.bc. Accessed August 21, 2016.

Spotting in Late Pregnancy. http://www.newkidscenter.com/Spotting-in-Late-Pregnancy.html. Accessed August 21, 2016.

ယခုပုံစံ

19/09/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မိခင်များကို သေဆုံးနိုင်စေသော အဓိကအကြောင်းအရင်းများ

ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement