backup og meta

ကိုယ်ဝန်ဆောင်ချိန် မှာ မေမေဗိုက်တို့ ဘယ်လိုဝတ်စားမလဲ

ကိုယ်ဝန်ဆောင်ချိန် မှာ အဝတ်အစားတွေဟာ သက်သောင့်သက်သာဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ်ဝန်လမရင့်သေးခင်မှာတည်းက ဗိုက်ဖုံးအင်္ကျီတွေတန်းဝတ်လို့တော့ အဆင်မပြေလောက်ပါဘူး။ လက်ဆောင်ပေးကြတယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်အတွက်ဆို ဗိုက်ဖုံးအင်္ကျီပဲ ဆင်တတ်ကြတာရယ်။

အရင်က ဒီလိုဆိုပေမယ့် အခုနောက်ပိုင်းတော့ ကိုယ်ဝန်ဆောင်ပါဝတ်လို့ရတဲ့ ပေါ့ပေါ့ပါးပါးအင်္ကျီဒီဇိုင်း၊ ဂါဝန်ဒီဇိုင်းအဆန်းလေးတွေများလာပါပြီ။ ကိုယ်ဝန်ဆောင်ချိန်ကနေ ကလေးမွေးဖွားပြီးနောက်ပိုင်းအထိ ဝတ်လို့ရတဲ့ဒီဇိုင်းတွေ ရှိလာပါတယ်။ တချို့အင်္ကျီတွေများဆို ကလေးအမေတွေအတွက်လို့ကို မထင်ရတာနော်။

ဒါ့ကြောင့်ပြောတာ ကိုယ်ဝန်ဆောင်ချိန်မှာ ဝတ်ဖို့ဆိုပေမယ့် အမြဲတမ်းကြီး ဗိုက်ဖုံးအင်္ကျီချည်းပဲဝတ်ရမယ်လို့မဆိုလိုဘူး။ ကိုယ်နေရထိုင်ရအဆင်ပြေပြီး ဗိုက်မှာကျပ်စည်းမနေလောက်တဲ့ ချောင်ချောင်ချိချိအဝတ်အစားဆို ရပြီလေ။ ကိုယ်ဝန်လသိပ်မရင့်သေးရင် ဗိုက်ကမသိသာသေးတော့ (ဝကိတ်လေးတွေ ဗိုက်ခေါက်ထွက်နေသလောက်ပဲရှိတာမျိုး) plus size အဝတ်အစားတွေနဲ့ဆို အတော်ပဲ။

ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလပတ်မှာ

ကိုယ်ဝန်ပထမသုံးလမှာ ဖုံးဖုံးဖိဖိ သပ်ရပ်စွာဝတ်စားနိုင်ဖို့ စဉ်းစားတတ်ကြပါတယ်။ လေဒီတို့မှာ မသိမသာလေးဗိုက်ထွက်နေရင် ကိုယ်ဝန်ဆောင်မှန်းတောင် မထင်မိဘဲ အပေါ်မှာပြောခဲ့သလို ဗိုက်ခေါက်ထွက်လာသလို၊ ဝလာသလို အထင်ခံရနိုင်တာကရှိသေးတယ်။ အချိုးအစားကျကျနနဝတ်စားတတ်တဲ့ မိန်းကလေးတွေဆို အလှပျက်မှာကို ပိုဂရုစိုက်တတ်ပါတယ်။

ဒီအချိန်မှာ ကိုယ်ကျပ်အဝတ်အစားတွေသိပ်မဝတ်ဘဲ ခန္ဓာကိုယ်အတိ fittingလေးတွေပဲ ဝတ်သင့်ပါတယ်။ အသစ်ဝယ်စရာမလိုသေးပေမယ့် ရှိတဲ့အဝတ်အစားတွေထဲက free sizeဖြစ်တဲ့အဝတ်အစားတွေလည်း ဝတ်လို့ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဒုတိယသုံးလပတ်မှာ

ဗိုက်က နည်းနည်းသိသာလာပြီဆိုတော့ ကိုယ်ဝန်ဆောင်အဝတ်အစားတွေ ဝတ်ရပါပြီ။ ပထမသုံးလတုန်းက အဝတ်အစားသိပ်မရွေးရပေမယ့် အခုတော့ ဗိုက်ကိုသိပ်ကျပ်စည်းစေမယ့် ဘောင်းဘီတွေ၊ ထမီစကပ်တွေကို ခဏသိမ်းပြီး ဆွဲသားပါတဲ့ အဝတ်အစားတွေကို ရှာသင့်ပါပြီ။ ကိုယ်ဝန်ဆောင်တွေဝတ်လို့ရတဲ့ ဆွဲသား ဒူးဖုံး fitting ဂါဝန်လေးတွေလည်း ခုနောက်ပိုင်းတော်တော်ဝတ်ကြပါတယ်။ အင်္ကျီဆိုလည်း အပွလေးတွေဝတ်လို့ရပါတယ်။ ဗိုက်ဖုံးအင်္ကျီလှလှလေးတွေ ဝယ်လို့ကောင်းတဲ့အချိန်လည်းဖြစ်ပါတယ်။

မေမေဗိုက်တို့ ကိုယ်ဝန်ဆောင်ချိန် မှာ ဘယ်လိုဝတ်စားမလဲ

ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံးပတ်မှာ

ကိုယ်ဝန်နောက်ဆုံးပတ်မှာတော့ ဗိုက်ဖုံးအင်္ကျီတကားကားနဲ့နေရတဲ့အချိန်ပါ။ တခြားဟာမှ မတော်တော့တာကိုး။ ဂါဝန်ဆိုလည်း အကြီးနဲ့မှ။ ဒါပေမယ့် ချည်သားပဲ ဝတ်ဆင်တာအကောင်းဆုံးပါ။ အဝတ်အစားခပ်ပွပွဝတ်တာက ဝတ်ရချွတ်ရလွယ်ကူစေတဲ့အပြင်လေဝင်လေထွက်ကောင်းစေတာမို့ ကြိုကြိုကြားကြားအရေပြားမှာ လှောင်ပိတ်ပြီး ချွေးနဲ့လောင်တာမျိုးမဖြစ်စေတော့ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ အဝတ်အစားနဲ့ ပတ်သက်ပြီး သတိထားသင့်တာက –

အဝတ်အစားအကျပ်တွေမဝတ်ပါနဲ့။

ကောက်ညှင်းထုပ်လိုဖြစ်နေရမယ့် ခံစားမှုကိုပဲတွေးကြည့်ပါဦး။ ကိုယ်ဝန်ကြောင့်ပျို့အန်ခြင်းပိုဆိုးလာနိုင်ပါတယ်။

သက်သောင့်သက်သာဖြစ်စေမယ့် ဖိနပ်ကိုပဲစီးပါ။

ဗိုက်ထဲက ကလေးဖွံ့ဖြိုးကြီးထွားလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲက သွေးနဲ့ အရည်ပမာဏပိုများလာတာကြောင့် ခြေထောက်တွေရောင်လာတတ်ပါတယ်။ အဲဒီအခါခြေထောက်မှာ အရမ်းကျပ်မနေစေမယ့်၊ ကိုယ်အလေးချိန်ကြောင့် ဖိစီးမှုမဖြစ်စေမယ့် ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။

မေမေဗိုက်တို့ ကိုယ်ဝန်ဆောင်ချိန် မှာ ဘယ်လိုဝတ်စားမလဲ

ဒေါက်မြင့်ဖိနပ်တွေမစီးပါနဲ့။

ချော်လဲနိုင်တဲ့အန္တရာယ်များသလို ခါးကိုလည်းထိခိုက်နိုင်ပါတယ်။ဖြစ်နိုင်ရင် ဖိနပ်အပါးတွေပဲ စီးပါ။

အတွင်းခံတွေ သေချာရွေးဝယ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်တက်လာတဲ့အပြင် မိခင်နို့တိုက်ရမှာ ဖြစ်တဲ့အတွက် ရင်သားတွေလည်း ကြီးလာပါတယ်။ ဒါကြောင့် အတွင်းခံတွေကို ဆိုဒ်အသစ်ပြန်ဝယ်ပါ။ ကိုယ်နဲ့ တော်ပြီး သက်သောင့်သက်သာ ဖြစ်မယ့် အတွင်းခံကို ရွေးချယ်ပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.wikihow.com/Dress-when-Pregnant

Accessed July 6, 2018.

https://www.webmd.com/baby/youve-got-pregnancy-style

Accessed July 6, 2018.

 

ယခုပုံစံ

20/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

ကိုယ်ဝန်ကြောင့် ပျို့အန်တာကို သက်သာချင်ရင် ဒါတွေစားပါ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement