ကိုယ်ခန္ဓါ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာရေးပါ ကောင်းစေဖို့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အလုံအလောက်ရရှိဖို့ လိုအပ်ပါတယ်။ ကလေးတွေ အရိုးသန်မာဖို့၊ ကိုယ်ခန္ဓါကြီးထွားဖို့၊ ကျန်းမာရေးကောင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ ဗီတာမင်နဲ့ အာဟာရဓါတ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။