backup og meta

ကလေးအစာခြေစနစ်အတွက် ရှေ့တန်းတိုက်စစ်မှူးလေးတွေ ။ ။

ကလေးအစာခြေစနစ်အတွက် ရှေ့တန်းတိုက်စစ်မှူးလေးတွေ ။ ။

ကိုယ်ခန္ဓါတစ်ခုရဲ့ အပြင်ရော အတွင်းမှာပါ မမြင်နိုင်တဲ့ သက်ရှိတွေနဲ့ ဘက်တီးရီးယားပိုးတွေ နေထိုင်နေကြတယ်ဆို အားလုံး အံ့သြသွားမလား။ ကိုယ်တွင်းမှာ အထူးသဖြင့် အစာခြေစနစ်နဲ့ မိန်းမကိုယ်လို နေရာမျိုးမှာ ဘက်တီးရီးယားတွေရှိပါတယ်။ သူတို့က ကိုယ်ခန္ဓါအတွက ်အကျိုးပြုပေးတဲ့ အပြင်က ဝင်လာတဲ့ ပိုးမွှားတွေကိ ုတိုက်ထုတ်ပေးနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေပါ. သူတို့ကို Probiotic လို့လည်း ခေါ်ကြပါတယ်။ ။

ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာဆို ဒီလိုဘက်တီးရီးယားလေးတွေ အမျိုးစိတ်ကွဲပေါင်း ၅၀၀ ကျော်နဲ့ သန်းနဲ့ချီပြီး နေထိုင်နေကြပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေရှိသလို အကျိုးမပြုတဲ့ဘက်တီးရီးယားတွေလည်းရှိပါတယ်။ ဒီဘက်တီးရီးယားအရေအတွက်မျှတနေမှ အစာခြေစနစ်ရောခုခံအားရော ကောင်းပြီး သင့်ကလေး ကျန်းမာမှာပါ။

အစာခြေစနစ်ထဲမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေ တာဝန်ကတော့

  • ကိုယ်ခံအားစနစ်ကောင်းမွန်အောင် လုပ်ပေးတယ်
  • အစာခြေစနစ်ကျန်းမာအောင် စောင့်ရှောက်ပေးတယ်
  • ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင်ကာကွယ်ပေးတယ်
  • စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်တယ်
  • နှလုံးကျန်းမာစေနိုင်တယ်
  • ပဋိဇီဝဆေးဝါးတွေကြာင့် အူတွင်းအကျိုးပြုဘက်တီးရီးယားတွေ သေဆုံးတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်
  • ဓါတ်မတည့်မှုပြဿနာတွေကိုကင်းဝေးစေနိုင်တယ်
  • ဇီဝကမ္မဖြစ်စဉ်တွေကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်တိုးစေနိုင်တယ်
  • ကာကွယ်ဆေးတွေကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်
  • ဆီးလမ်းကြောင်းပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။

Probiotics တွေရဲ့ အရေးကြီးပုံကို သိပြီးပြီဆိုတော့ ဒီ Probiotics တွေကို ဘယ်ကနေရမလဲ ။ ။

နို့နဲ့နို့ထွက်ပစ္စည်းတွေကprobiotics ရရှိစေနိုင်မယ့် အကောင်းဆုံးသော အစားအစာတွေပေါ့။ အဓိကကတော့ နို့ထွက်ပစ္စည်းတစ်ခုဖြစ်တဲ့ ဒိန်ချဉ် ပေါ့ ။ ဒါတွေအပြင် အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေဖြစ်ကြတဲ့ ကင်မ်ချီ၊ ချိစ်၊ဒိန်ခဲနဲ့ မီဆိုဟင်းရည်လိုမျိုး အစားအသောက်တွေကနေလည်းprobiotics ကိုရရှိနိုင်မှာပါ။

Probiotics တွေပါတဲ့ အစားအသောက်တွေ စားပေးရုံနဲ့ ပြီးပြီလား ။ ။

ခိုင်းနှိှုင်းပြောရရင် Probiotics တွေဟာ ရှေ့တန်းက တပ်သားတွေပါ။ စစ်မြေပြင်မှာ တိုက်ခိုင်းဖို့ သူတို့ကိုတော့ ခေါ်သွင်းလိုက်တာဟုတ်ပါပြီ။ သူတို့အတွက် အာဟာရ ဖြစ်တဲ့ ရိက္ခါတွေ မပေးရင် သူတို့ ဘယ်လိုလုပ် ကောင်းကောင်းတိုက်နိုင်မှာလဲနော်။ ဒီတော့ Probiotic ေတွပါတဲ့ အစားအသောက်တွေ စားပေးရုံနဲ့ မပြီးသေးပါဘူး။ သူတို့အတွက် အာဟာရဖြစ်တဲ့ Prebiotic တွေ ရှိနေဖို့လည်း လိုပါတယ်။

Prebiotic ဆိုတာ ဘာလဲ ။ ။

Prebiotic ချေဖျက်လို့မရတဲ့အမျှင်ဓါတ်တစ်မျိုးဖြစ်ပြီး အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးတဲ့အတွက် အစာခြေစနစ်ကျန်းမာရေးအတွက်တကယ်ကိုကောင်းပါတယ်။ Prebiotic တွေထဲမှာဆို အထူးသဖြင့် lcFos က အဓိက အကျဆုံးပါ။

Prebiotic တွေကို ဘယ်ကနေရမလဲ ။ ။

ကိုယ်စားနေကျ အစားအသောက်တွေကနေပဲ Prebiotic တွေရနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငှက်ပျောသီး၊ ပန်းသီး အုတ်ဂျုံနဲ့ ကညွတ်တို့ဟာ Prebiotic ကြွယ်ဝတဲ့အစားအသောက်တွေပါ။

ဒီလို အစားအသောက်တွေကနေ Probiotics တွေ ၊ Prebiotic တွေရနိုင်တယ်ဆိုပေမယ့် ဒီလို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ဒိန်ချဉ် စတာတွေကို ကလေးတွေကို ကျွေးရခက်တာ မေမေတို့အသိပါ။ ကလေးတွေဆိုတာ နို့မှုန့်တို့ ဖြည့်စွက်မှုန့်တို့ကို ပိုကြိုက်ကြတာ သဘာဝပဲလေ။ ဒီတော့ သူတို့တွေကြိုက်ကြတဲ့ ဖြည့်စွက်အာဟာရ နို့မှုန့်တွေကို ရွေးချယ်တဲ့အခါ Probiotics တို့ Prebiotic တို့ ပါဝင်တဲ့ ဖြည့်စွက်အာဟာရ နို့မှုန့်တွေကို ရွေးချယ်ဖို့ မမေ့နဲ့နော် ။ ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/children/news/20101128/children-may-benefit-from-probiotics-prebiotics#1

Accessed Date 5.4.2019

https://www.healthline.com/nutrition/19-best-prebiotic-foods

Accessed Date 5.4.2019

https://invisiverse.wonderhowto.com/news/probiotics-prebiotics-keep-microbes-your-gut-healthy-0175491/

Accessed Date 5.4.2019

 

ယခုပုံစံ

12/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများအတွက် အကျိုးပြု ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများ

ကလေးအစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားတွေရဲ့ ကဏ္ဍ



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement