brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ....

မျှစ်ဆိုတာက သားသားမီးမီးတို့နဲ့ နီးစပ်တဲ့ အစားအစာ မဟုတ်ဘူးဆိုပေမယ့် သားသားမီးမီးတို့က ပဲပြုတ်ကြိုက်လို့ ပဲပြုတ်နဲ့မျှစ်ရောကြော်ထားတာလေးကို စားချင်တယ်ဆိုပြီး ဂျီကျနေလို့ ကျွေးလို့ ရပါ့မလား။ သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ တည့်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့ ဖွားဖွားတို့ တီတီတို့ အဖွားလေးတို့ မေမေတို့ ရှိကြလား …….

သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ....

ဒါဆိုရင်တော့ ပဲပြုတ် နဲ့ မျှစ်ကြော် စားချင်ပေမယ့် ကလေးက မစားရလို့ဆိုပြီး ငိုမှာစိုးလို့ဆိုပြီး စိတ်မပူခင် ဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။

သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ……..

သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ……… ဆိုတော့ ရပါတယ်။ ကလေးက ကောင်းကောင်းဝါးနိုင်ပြီ၊ မနင်အောင် သေချာမျိုချနိုင်ပြီဆိုရင်တော့ သေချာချက်ပြုတ်ထားတဲ့ မျှစ်ကို ပြင်ဆင်ကျွေးမွေးလို့ ရပါပြီ။

ဒီနေရာမှာ သတိထားရမှက မျှစ်က

  • အစိမ်း မဖြစ်နေစေဖို့
  • ဆေးဆိုးထားတာမျိုး မဖြစ်ဖို့
  • ဆေးစိမ်ထားတာမျိုး မဖြစ်ဖို့
  • မလတ်ဆတ်တာမျိုး မဖြစ်ဖို့ပါ
  • မျှစ်ကို ကလေးအတွက် မပြင်ဆင်ပေးခင်မှာ ၂ ကြိမ်တိတိ ပြုတ်ဖို့ပါ။

မျှစ်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ……..

မျှစ်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

သားသားမီးမီးတွေကို မျှစ်ကျွေးပေးတဲ့အခါ

သားသားမီးမီးတွေကို မျှစ်ကျွေးပေးတဲ့အခါ

သားသားမီးမီးတို့ကို မျှစ်ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

အဝမလွန်အောင် ကာကွယ်ပေးတယ်

မျှစ်မှာ ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် နဲ့ သကြားဓာတ်တွေ ပါဝင်တယ်ဆိုပေမယ့် အများကြီး ပါဝင်နေတာမျိုး မဟုတ်ပါဘူး။ နောက်တစ်ချက်က အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ကလေးတွေကို အဝလွန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးမှာပါ။

ကိုယ်ခံအား ကောင်းစေတယ်

မျှစ်မှာ ပရိုတင်း ကြွယ်ဝသလို ဗီတာမင် C အပါအဝင် ကိုယ်ခံအား ကောင်းစေနိုင်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကလေးကို ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

မျှစ်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေနိုင်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။

အရောင်ကျစေနိုင်တယ်

မျှစ်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်ကတော့ အရောင်ကျစေနိုင်တာပါ။ ဒါကြောင့် ကလေးတွေမှာ ထိခိုက်တာတွေ၊ အနာတွေ ဖြစ်တဲ့အခါ အရောင်ကျစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

ကလေးတွေမှာ ခံစားရတဲ့ ပန်းနာရင်ကျပ် နဲ့ ချောင်းဆိုးခြင်း အမျိုးမျိုးကို သက်သာစေဖို့အတွက်လည်း မျှစ်ကို အသုံးပြုပေးလို့ ရပါတယ်။ မျှစ်ကို ကျွေးပေးတာက အသက်ရှူလမ်းကြောင်းမှာရှိနေတဲ့ ချွဲသလိပ်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်မှာပါ။

အရိုးတွေ သန်မာစေနိုင်တယ်

မျှစ်မှာ ပရိုတင်းနဲ့ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါ့အပြင် မျှစ်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်များစွာ ပါဝင်နေမှုကလည်း ကလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။

သွေးအားကောင်းစေနိုင်တယ်

မျှစ်မှာ သံဓာတ် ပါဝင်နေတာကလည်း ကလေးကို သံဓာတ်ပြည့်ဝစေပြီး သွေးအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သံဓာတ်ချို့တဲ့မှုကြောင့် ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေမှာပါ။

သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား …. ဆိုတဲ့ မေးခွန်းအတွက် အဖြေထွက်လောက်ပြီ ထင်ပါတယ်နော်။

သားသားမီးမီးတို့ကို မျှစ်ကျွေးပေးတဲ့အခါ

သားသားမီးမီးတို့ကို မျှစ်ကျွေးပေးတဲ့အခါ
  • အဝမလွန်အောင် ကာကွယ်ပေးတယ်
  • ကိုယ်ခံအား ကောင်းစေတယ်
  • အစာခြေစနစ် ကျန်းမာစေတယ်
  • အရောင်ကျစေနိုင်တယ်
  • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
  • အရိုးတွေ သန်မာစေနိုင်တယ်
  • သွေးအားကောင်းစေနိုင်တယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။