backup og meta

ဘေဘီလေးနဲ့ဆိတ်နို့


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးနဲ့ဆိတ်နို့

    ဘေဘီလေးတွေကိုမွေးကတည်းကမေမေ့နို့တိုက်ဖြစ်ကြတယ်။ ဒီကနေတဆင့် တစ်နှစ်လောက်ရောက်လာပြီဆိုရင် နွားနို့တိုက်တယ်။ ဒီလိုအချိန်မှာ ဆိတ်နို့ရောတိုက်လို့ဖြစ်မလားလို့တွေးမိနေတဲ့မေမေတွေများရှိလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ၊လို့ပြောပါရစေ။

    ဘေဘီလေးကို ဆိတ်နို့တိုက်လို့ရလား…..

    ဘေဘီလေးကို နွားနို့တင်မဟုတ်ဘဲ ဆိတ်နို့လည်း တိုက်လို့ရပါတယ်။ ဘေဘီလေး တစ်နှစ်ပြည့်ပြီဆိုရင် ဆိတ်နို့စတိုက်လို့ရပါပြီ။ နွားနို့က ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပေမယ့် ဆိတ်နို့ကတော့ ဒီလိုမဟုတ်ပါဘူး။ ဆိတ်နို့က ပရိုတင်းပါဝင်မှုများသလို ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ ဉာဏ်ရည်တိုးတက်စေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အကောင်းဆုံးဖြည့်စွမ်းပေးနိုင်မှာပါ။ ကြီထွားဖို့ ဆိုင်းပြင်းနေတဲ့ဘေဘီလေးတွေရဲ့ အူနံရံကိုလည်း အာဟာရဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်အောင်ထောက်ပံ့ပေးပါသေးတယ်။ ဆိတ်နို့က နွားနို့လို အလွယ်တကူဝယ်လို့မရပေမယ့် အာဟာရတန်ဖိုးပိုမြင့်တာကတော့ အမှန်ပါ။

    ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေက ဘာတွေလဲ……

    ဆိတ်နို့မှာ

    • ပရိုတင်း
    • ကာဗိုဟိုက်ဒရိတ်
    • အဆီ
    • သဘာဝအချိုဓါတ်
    • ကာဗိုဟိုက်ဒရိတ်
    • ကယ်လ်ဆီယမ်
    • သံဓါတ်
    • မဂ္ဂနီဆီယမ်
    • ပိုတက်ဆီယမ်
    • ဆိုဒီယမ်
    • ဇင့်
    • ဖော့စဖောရပ်စ်
    • ဗီတာမင်အေ (ဗီတာမင် A)
    • ဗီတာမင် စီ (ဗီတာမင် C)
    • ဗီတာမင် ဘီ (ဗီတာမင် B)
    • သီရာမင်း (ဗီတာမင် B1)
    • Riboflavin ( ဗီတာမင် B2)
    • နီကာဆင် (ဗီတာမင် B3)
    • ဗီတာမင် B6
    • ဖောလိတ် ( ဗီတာမင် B9) တို့ပါဝင်နေတာပါ။

    ဘေဘီလေးကို ဆိတ်နို့တိုက်ပါလို့ပြောရတဲ့ အကြောင်းအရင်း……

    ဘေဘီလေးတွေကို ဆိတ်နို့တိုက်ပါလို့ပြောရတဲ့ ဒီအကြောင်းအရင်းတွေကြောင့်ပါ။

    ခန္ဓာကိုယ်က သံဓာတ်ပိုစုပ်ယူနိုင်စေတယ်– ဆိတ်နို့မှာပါတဲ့ သံဓာတ်က အခြားနို့တွေမှပါတဲ့ သံဓာတ်နဲ့ မတူဘဲ ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်တဲ့ သံဓာတ်အမျိုးအစားပါ။ ဆိတ်နို့ကနေ သံဓာတ်ကို ၅၀ ရာခိုင်နှုန်းကျော်အထိ စုပ်ယူရရှိပေမယ့် နွားနို့ကနေတော့ သံဓာတ်ကို ၁၃ ရာခိုင်နှုန်းလောက်ပဲ စုပ်ယူရရှိနိုင်တာပါ။ ဒါကြောင့် ဘေဘီလေးရဲ့ သံဓာတ်လိုအပ်ချက်ကိုဖြည့်တင်းနိုင်စေဖို့ဆိုရင် ဆိတ်နို့က ပိုအဆင်ပြေစေမှာပါ။ ဘေဘီလေးကိုသွေးအားနည်းရောဂါ ကင်းစေမှာပါ။

    အရိုးတွေသန်မာစေနိုင်တယ် – ဆိတ်နို့မှာ ကယ်လ်ဆီယမ်နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေတာကြောင့် သွားနဲ့အရိုးတွေ ကြံ့ခိုင်သန်စွမ်းဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
    နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တယ် – ဆိတ်နို့မှာ နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တဲ့ အာနိသင်ရှိနေတာကြောင့် အစာခြေစနစ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အစာခြေလမ်းကြောင်း နဲ့ အူတွေကိုရောင်ရမ်းမှုမဖြစ်စေဘဲ အူတွင်းအကျိုးပြုဘက်တီးရီးယားတွေကို တိုးစေနိုင်ပြီး ကျန်းမာတဲ့ အစာခြေစနစ်ကို ပိုင်ဆိုင်နိုင်စေမှာပါ။
    အစာကြေလွယ်တယ် – ဆိတ်နို့ရဲ့ အားသာချက်တစ်ခုက အခြားနို့တွေထက် အစာကြေလွယ်တာပါ။ အစာခြေစနစ်အားနည်းတဲ့ ဘေဘီလေးတွေကို အာဟာရဖြည့်ပေးနိုင်မယ့်အရာတစ်ခုပေါ့။
    ဒါတွေအပြင် ဘေဘီလေးကို ဆိတ်နို့တိုက်ပေးတာကြောင့် အခုလို အကျိုးကျေးဇူးလေးတွေလည်း ရရှိနိုင်ပါသေးတယ်။
    • ဘေဘီလေးတွေမှာ လေနာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
    • ဝမ်းမှန်စေဖို့လည်း အထောက်အပံ့ပေးနိုင်ပါသေးတယ်။
    • အရေပြားကျန်းမာစေနိုင်တယ်။
    • အဝမလွန်အောင် ကာကွယ်ပေးတယ်။
    • သွေးတွင်းကိုလက်စထရော ကျစေတယ်
    • နှလုံးကျန်းမာစေတယ်။
    • မှတ်ဉာဏ်ကောင်းစေတယ်။
    • ဓာတ်မတည့်မှု ဖြစ်နိုင်ခြေနည်းစေတယ်။
    • ကိုယ်ခံအားကောင်းစေတယ်။
    • စားချဉ့်ရည်ပြန်ဆန်မတက်အောင် ကာကွယ်ပေးနိုင်တယ်။

    ဘေဘီလေးအတွက် ဆိတ်နို့ရွေးတဲ့အခါ….

    ဘေဘီလေးအတွက် ဆိတ်နို့က အကျိုးပြုတာများတယ်ဆိုပေမယ့် မေမေတို့အနေနဲ့သေချာလေးပြင်ဆင်ပေးမှ ကျန်းမာတဲ့အာဟာရဖြစ်မှာပါ။ ဒီတော့ ဘေဘီလေးကို ဆိတ်နို့တိုက်တော့မယ်ဆိုရင် အရင်ဆုံးကြည့်ရမှာက ပိုးသတ်ထားလားဆိုတာပါ။ နောက်တစ်ချက်ကတော့ သေချာလေးပွက်ပွက်ဆူအောင်ကျိုချက်ပေးဖို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement