backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးများကို ကျွေးနေတဲ့ ဖြည့်စွက်စာကို ဘယ်လိုကျွေးသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးများကို ကျွေးနေတဲ့ ဖြည့်စွက်စာကို ဘယ်လိုကျွေးသင့်သလဲ

မိဘတိုင်းနီးပါး သိပြီးသားကတော့ ကလေးတွေကို အသက် ၆ လ မကျော်မချင်း အမေနို့ တစ်မျိုးတည်းတိုက်သင့်တယ် ဆိုတာပါ။ ဒါပေမယ့် အသက် ၆ လ ကျော်ပြီး နောက်ပိုင်းမှာ ကလေးတွေကို ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုရင် ဘာတွေအဓိကကျွေးရမလဲဆိုတာ အခုထိ မိဘအများစုမှာ တွေဝေနေကြတုန်းပါ။

ဒါဆို ဘာတွေကို အဓိက ကျွေးသင့်သလဲ

  • ဖြည့်စွက်စာကို အသက်ခြောက်လကျော်မှာ စကျွေးရတဲ့ အတွက် ကလေးကလည်း မွေးခါစ ထက်စာရင် အလေးချိန်က နှစ်ဆ ဖြစ်သွားတဲ့အတွက် မိခင် နို့တစ်မျိုးတည်း နဲ့ အာဟာရဓါတ် မလုံလောက်တော့ပါဘူး။ အဲ့ဒီထဲမှာ အရေးကြီးတဲ့ အာဟာရဓါတ် တစ်ခုကတော့ သံဓါတ်ပါ။ ကလေးများ သွေးအားကောင်းစေပြီး၊ ဉာဏ်ရည် ထက်မြက်စေဖို့အတွက် သံဓါတ် ပြည့်ဝဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ဖြည့်စွက်စာ စကျွေးတဲ့ အချိန်ကျရင် သံဓါတ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်စတဲ့ သဘာဝ အစားအစာတွေကို ဆန်ပြုတ် ပြုတ်တဲ့ နေရာမှာ ထည့်ကျွေးပေးသင့်သလို၊ ရယ်ဒီမိတ် အာဟာရမှုန့်တွေကို ကျွေးမယ်ဆိုရင်လည်း သံဓါတ် ထပ်ဖြည့်ထားတဲ့ အာဟာရမှုန့်တွေကိုကျွေးပေးသင့်ပါတယ်။
  • DHA၊ EPA စတဲ့ အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း ကျွေးပေးဖို့လိုအပ်ပါတယ်။ အိုမီဂါသရီး ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပင်လယ်ငါး၊ အစေ့အဆန် စတာတွေ ကျွေးပေးလို့ရသလို မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ဖွဲနုဆီ၊ canola ဆီ စတာတွေ ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ အစားအစာတွေ ကို ဖြည့်စွက်စာ ချက်တဲ့နေရာမှာ ထည့်ချက်ပေးလို့ရပါတယ်။ အစေ့အဆန်တွေကတော့ ကလေးတွေ အသက် ၃ နှစ်ကျော် မှ စကျွေးသင့်ပါတယ်။ အခန့်မသင့်ရင် အစာမျိုပြွန်နေရာမှာ ပိတ်ပြီး သီးတတ်ပါတယ်။ အသင့်စား အာဟာရမှုန့် ကျွေးမယ်ဆိုရင်လည်း DHA၊ EPA ထပ်ထည့်ထားတဲ့ အာဟာရမှုန့်တွေ ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
  • ပရိုဘိုင်အော့တစ် (probiotic) ကြွယ်ဝတဲ့ အစားအစာကျွေးပေးပါ။ ကလေးတွေအတွက် အကောင်းဆုံးကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်ကို တစ်ပတ် နှစ်ရက် လောက်ကျွေးပေးသင့်ပါတယ်။ အခု ဆိုရင် အသင့်စား အာဟာရမှုန့်တချို့ မှာလည်း probiotic တွေ ထပ်ဖြည့်လာတာတွေ့ရပါတယ်။ ဒါမျိုးလေးတွေ ကို ကျွေးခြင်းအားဖြင့် ကလေးတွေအတွက် ဝမ်းဗိုက်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။
  • အာဟာရမှုန့်ဖြစ်ဖြစ်၊ သဘာဝ အစားအစာဖြစ်ဖြစ် ကလေးတွေ တစ်နေ့ကို ခြောက်လသားဆိုရင် လေးကြိမ် ကျွေးပြီး၊ ၇ လ နှင့် အထက်ဆိုရင်တော့ ၆ ကြိမ်လောက်ကျွေးပေးသင့်ပါတယ်။ ကလေးတွေ မှာ အာဟာရပြည့်ဖို့အတွက် နည်းနည်း နဲ့ ခဏခဏ ကျွေးပေးဖို့ အရေးကြီးပါတယ်။
  • Snack ကျွေးတဲ့ နေရာမှာလည်း ကိုယ်ခန္ဓာ ကြီးထွားဖွံဖြိုးစေတဲ့ protein (အသားဓါတ်) ကြွယ်ဝတဲ့ အစားအစာ၊ ကိုယ်ခံအားကောင်းစေတဲ့ ဇင့် (zinc) ဓါတ်ကြွယ်ဝတဲ့ snack တွေ ကို စားပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် ကြော်ထားတာမျိုး မဟုတ်ဘဲ၊ Bake လုပ်ထားတဲ့ အစားအစာလေးတွေ ကို ကျွေးပေးသင့်ပါတယ်။
  • လေးစားစွာဖြင့်

    ဒေါက်တာ ညီညီကျော်

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement