backup og meta

အာဟာရလည်းပြည့်ကလေးလည်းကြိုက်အောင်ဘယ်လိုပြင်ပေးမလဲ

ကိုယ်ပြင်ပေးတဲ့အစားအစာကို ကလေးက အားရပါးရစားရင် မေမေတွေအနေနဲ့ ပီတိဖြစ်တယ်ဟုတ်။ ဒီဆန္ဒကလည်း အမြဲပြည့်တယ်တော့မဟုတ်ဘူးလေ။ ဒီဆန္ဒပြည့်ဖို့ဆိုရင် မေမေတို့က အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကလေးအကြိုက်ဖြစ်အောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလိုမျိုးကလေးကို အာဟာရပြည့်ဝတဲ့အစားအစာတွေကို သူတို့စိတ်ကြိုက်ဖြစ်အောင်ပြင်ဆင်ပေးဖို့ဆိုရင် မေမေတို့သိထားသင့်တဲ့လျှို့ဝှက်ချက်လေးတွေရှိပါတယ်။ ဒီလျှို့ဝှက်ချက်လေးတွေကို ဒီဆောင်းပါးထဲကနေပြောပြပေးမယ်နော်။

ကလေးတစ်ယောက်အာဟာရပြည့်ဝစေဖို့လိုအပ်မယ့်အာဟာရဓာတ်တွေကဘာတွေဖြစ်မလဲ……….

ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ ကလေးတစ်ယောက် အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင်

  • ပရိုတင်း
  • ကာဗိုဟိုက်ဒရိတ်
  • ဗီတာမင် C
  • ဗီတာမင် D
  • ဖောလိတ်
  • အမျှင်ဓာတ်
  • ကယ်လ်ဆီယမ်
  • Omega-3 fatty acid
  • အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics)
  • သံဓာတ် တို့ပြည့်စုံစွာပါဝင်နေဖို့လိုပါမယ်။

စားချင်စဖွယ် ပြင်ဆင်ကွယ်

ကလေးက အစားအစာတွေကိုနှစ်ခြိုက်စွာစားသုံးဖို့ဆိုရင် အရသာအပြင် အပြင်အဆင်ကလည်း တော်တော်လေးသက်ရောက်မှုရှိနေတာပါ။ ဒါကြောင့် ကလေးအကြိုက်တွေ့စေဖို့ အရသာကောင်းဖို့ရော၊ အပြင်အဆင်လေးကပါစားချင်စဖွယ်ဖြစ်နေအောင်လုပ်ဆောင်ဖို့လိုပါမယ်။ ဒီတော့

ထမင်းကို အရုပ်ပုံလေးတွေလိုမျိုးပုံဖော်ပေးပါ – အခုနောက်ပိုင်းဆိုရင် ပုံဖော်တဲ့ ပုံစံခွက်လေးတွေကိုလည်း အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ထမင်းကို ကလေးကြိုက်တဲ့ ကာတွန်းဇာတ်ကောင်ပုံမျိုးလေးလုပ်ပေးတာက ကလေးကို ထမင်းစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်မှာပါ။

အသားကို ကြော်ကျွေးတာအသားကို စားရလွယ်တဲ့အတုံးလေးတွေတုံးပြီး ကြော်ပေးတာ၊ ဒါမှမဟုတ် ကလေးကြိုက်တဲ့နို့ခဲလိုအရာမျိုးနဲ့ တွဲစပ်ပြီးကြော်ပေးတာ၊ မရိုးနိစ်နဲ့တွဲစားစေတာမျိုးကလည်း ကလေးကို အစားစားစေမယ့်နည်းလမ်းလေးတွေထဲကတစ်ခုပေါ့။

ကြက်ဥကိုပြုတ်ပေးပါ – ကြက်ဥကို ပြုတ်ပြီးရင်လည်း ဒီအတိုင်းပြင်ပေးတာမျိုးထက် အရုပ်ပုံလေးတွေပုံဖော်ပြီး လှီးပေးပြင်ဆင်ပေးတာက ကလေးကို စားချင်စိတ်ပိုဖြစ်စေမှာပါ။

ဟင်းရည်ကို အရောင်အသွေးစုံစုံလင်လင်လေးချက်ပေးပါ – ကလေးအတွက် စွပ်ပြုတ်ပြုတ်ပေးတဲ့အခါ အသားစွပ်ပြုတ်ထဲကို ဟင်းရည်ဆူလာမှ အရွက်လေးကို ထည့်ပြုတ်ပေးပြီး စိမ်းစိမ်းလေးဖြစ်နေအောင်လုပ်ပေးပါ။ မုန်လာဥနီကို ပုံလှလှလေးဖော်ပြီး ထည့်ပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုလည်း စားချင်စဖွယ်ဖြစ်စေမှာဖြစ်သလို အာဟာရလည်း ပြည့်ဝစေမှာပါ။

အရွက်ကြော်ပေးတဲ့အခါမှာလည်း လှပနေဖို့ ဂရုစိုက်ပါအသီးအရွက်တွေကြော်ပေးတဲ့အခါမှာလည်း ပဲသီးလေးတွေကို လှလှလေးလှီးတာ၊ မုန်လာဥနီကို ပန်းပွင့်ပုံလေးတွေပုံဖော်တာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို အမျှင်ဓာတ်ကြွယ်ဝစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

သစ်သီးလေးတွေကို လှလှလေးပြင်ဆင်ပေးပါ – သစ်သီးလေးတွေကိုလည်း စားရလွယ်အောင် အရွယ်တော်အတုံးလေးတွေတုံးပေးတာ၊ လှလှပပလေးပုံဖော်လှီးပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို သစ်သီးစားချင်စိတ်ဖြစ်စေမှာ အသေအချာပါ။ သစ်သီးတွေမျာလည်း ကလေးတစ်ယောက်ကို ကျန်းမာဖွ့ထွားစေဖို့ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။

ဒိန်ချဉ် – ဒိန်ချဉ်ကို အသီးလေးတွေနဲ့ရောပြီး ပြင်ဆင်ပေးတာက အမြင်လှသလို စားရတာလည်း အရသာရှိပါတယ်။ ကလေးအရိုးနဲ့သွားတွေသန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်ကြွယ်ဝစေနိုင်သလို ပရိုတင်းနဲ့ အကျိုးပြုဘက်တီးရီးယားတွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။

ငါး – ကလေးကို ငယ်စဉ်ကတည်းက ငါးစားတတ်တဲ့အကျင့်ကိုမွေးမြူပေးပါ။ ဒါက ကလေးကိုဉာဏ်ရည်ထက်မြက်စေနိုင်သလို ခန္ဓာကိုယ်ဖွံ့ဖြိုးစေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အရိုးသေချာနွှင်ပြီး ငါးကျွေးပေးပါ။

သစ်သီးဖျော်ရည် – ကလေးကို အသင့်သောက်အချိုရည်ဘူးတွေပေးသောက်တာက ကလေးကျန်းမာရေးကိုရော ဉာဏ်ရည်ကိုပါထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးကို သဘာဝသစ်သီးတွေကိုကြိတ်ပြီး အိမ်မှာကိုယ်တိုင်ဖျော်ထားတဲ့ အသီးဖျော်ရည်လေးကိုပြင်ဆင်ပေးပါ။ ဒါကကလေးကို ခန္ဓာကိုယ်ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်ကိုပြည့်ဝစေမှာဖြစ်သလို ကလေးကိုလည်း ရေဓာတ်လည်းပြည့်ဝစေမှာပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Five Important Characteristics of Healthy Eating https://healthyeating.sfgate.com/five-important-characteristics-healthy-eating-5892.html Accessed Date 5 December 2019

Healthy Eating https://kidshealth.org/en/parents/habits.html Accessed Date 5 December 2019

Healthy eating – school lunches https://www.betterhealth.vic.gov.au/health/HealthyLiving/healthy-eating-school-lunches Accessed Date 5 December 2019

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကောင်းမွန်သောထမင်းတစ်နပ်ဖြစ်ရန် အချက် ၁၀ချက်

ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လယ်စာထမင်းဘူး ပြင်ဆင်မယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement