backup og meta

ကလေးတွေရဲ့ ထူးဆန်းတဲ့ မေးခွန်းတွေကို ဘယ်လိုပြန်ဖြေကြမလဲ။

ကလေးတွေရဲ့ ထူးဆန်းတဲ့ မေးခွန်းတွေကို ဘယ်လိုပြန်ဖြေကြမလဲ။

‘မေမေ သားက ဘယ်ကရောက်လာတာလဲ’တို့၊ ‘မေမေနဲ့ ဖေဖေ မင်္ဂလာဆောင်တုန်းက သားက ဘယ်ရောက်နေတာလဲ’ တို့ဆိုတာက မိဘတွေကို အကျပ်ရိုက်စေတဲ့ မေးခွန်းတွေပါပဲ။ သူတို့တွေရဲ့ အလစ်အငိုက်မေးခွန်းတွေနဲ့ တိုက်ခိုက်တာ ခံရပြီဆိုရင် ဘယ်လိုမျိုး အကောင်းဆုံး တုံ့ပြန်ကြမလဲဆိုတာ မိဘတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကလေးတွေရဲ့ ထူးဆန်းတဲ့ မေးခွန်းတွေကို ဘယ်လိုပညာသားပါပါနဲ့ ပြန်ဖြေကြမလဲ။

ကလေးတွေက မေးခွန်းတွေမေးတာ သဘာဝပါ။

ပြန်စဉ်းစားကြည့်ရင် ကိုယ်လည်း ငယ်ငယ်က မိဘတွေကို ပေါက်ကရမေးခွန်းတွေကို မေးဖူးမှာပါပဲ။ ခုချိန်စဉ်းစားရင်တော့ ပေါက်ကရပေါ့။ အဲ့အချိန်တုန်းကတော့ ကိုယ်တကယ်မသိလို့ မေးခဲ့တာပါပဲ။ ခုလည်း ကိုယ့်ကလေးတွေက ကိုယ့်ကို ဒီလို ထူးဆန်းတဲ့ မေးခွန်းတွေ မေးဦးမှာပါပဲ။

ကိုယ့်တုန်းကတော့ အမေက ဘာတွေလာမေးနေတာလဲဆိုပြီး ဒေါက်ခနဲ ခေါက်ခံရကောင်း ခံရမှာပါ။ ပြောင်းလဲလာတဲ့ ကလေးပြုစုပျိုးထောင်နည်းတွေအရ ကလေးကို ဒီလိုခေါက်လို့ မရတော့ပါဘူး။ မေးခွန်းတွေက ကလေးရဲ့ အသိဉာဏ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို နှိုးဆွပေးတာကြောင့် ကလေးရဲ့ မေးခွန်းတွေကို မပိတ်ပင်ရဘူးလို့ ပြောလာကြပါတယ်။

ကလေးတွေရဲ့ ထူးဆန်းတဲ့ မေးခွန်းတွေကို ဘယ်လိုပြန်ဖြေကြမလဲ။

စာမေးပွဲထဲမှာတော့ ဒီစာမေးပွဲက အခက်ဆုံးပါပဲ။ ကိုယ့်ဆရာတွေက ဘယ်အချိန်ဘယ်နေရာမှာ ဘယ်လိုမေးခွန်းတွေနဲ့ ကိုယ့်ကို တိုက်ခိုက်မလဲ မသိဘူးလေ။ ထမင်းစားနေတုန်း ‘ဘာလို့ နေ့တိုင်းထမင်းပဲစားနေရတာလဲ’ကအစ အိပ်နေတုန်းကြီး နှိုးပြီး ‘ အိပ်မက်တွေမက်တာ ဘာကြောင့်လဲ’ ထိ မေးနိုင်ပါတယ်။

ဒီနေ့ခေတ်မှာ သတင်းအချက်အလက်တွေက နေရာတိုင်းက ရနိုင်တော့ သူတို့ ဆိုရှယ်မီဒီယာက တွေ့ရသမျှကိုပါ မေးခွန်းထုတ်တော့မှာပါ။ ဘာသာရေးကစလို့ အာကာသအကြောင်းအရာတွေအထိ မိဘတွေကို မေးခွန်းထုတ်တော့မှာပါ။

ဒီ ထူးဆန်းတဲ့ မေးခွန်းတွေကို ဖြေရှင်းဖို့ ဆိုရင်

  • ကလေးမေးခွန်းတွေကို အလေးပေးနားထောင်ပါ။

သူတို့ ဘာလေးပဲ မေးမေး၊ ကိုယ်ဖြေနိုင်သည်ဖြစ်စေ၊ မဖြေနိုင်သည်ဖြစ်စေ လေးလေးစားစား နားထောင်ပေးလိုက်ပါ။ ကလေးစကားပဲဆိုပြီး အပျော်သဘောနောက်လိုက်တာမျိုး မလုပ်ရပါဘူး။

  • သူတို့ နားလည်တဲ့ စကားလုံးနဲ့ ရှင်းပြပါ။

ကလေးဦးနှောက်နဲ့ နားလည်နိုင်လောက်တဲ့ စကားလုံးကို သုံးပါ။ ဥပမာ ကလေးက ဘယ်လိုမွေးတာလဲဆိုရင် မေမေ့ ဗိုက်ထဲက ထွက်လာတာမျိုး သူတို့ အရွယ်နဲ့လိုက်ဖက်တဲ့ စကားလုံးကို သုံးပါ။ လိင်ဆက်ဆံရာက မျိုးဥနဲ့ သုက်ကောင်ပေါင်း၊ သန္ဓေသားလေးဖြစ်၊ ကလေးမွေးဆိုရင် သူမသိတဲ့ စကားလုံးတွေ ထပ်ထွက်လာပြီး ထပ်ရှင်းပြရမှာပါ။ ကလေးရဲ့ ဦးနှောက်က အဲ့ဒီလောက်ထိ လက်ခံနိုင်ဦးမှာ မဟုတ်သေးပါဘူး။

  • မသိဘူးလို့ ငြင်းဆန်နိုင်ပါတယ်။

ကလေးရဲ့ မေးခွန်းတိုင်းကို ကိုယ်သိမှာ မဟုတ်ပါဘူး။ ဒီအခါ မသိဘူးလို့ ငြင်းဆန်နိုင်ပါတယ်။ မိဘဖြစ်တာကြောင့် အရာအားလုံးကို သိရမယ်ဆိုတာမျိုး မရှိပါဘူး။ ဒါရှက်စရာလည်း မဟုတ်ပါဘူး။ ဒီအစား အဖြေကို ကလေးနဲ့ အတူရှာကြည့်ပါ။ အဖြေသိသွားတော့ ကလေးလည်း ကျေနပ်၊ ကိုယ်လည်း ဗဟုသုတရပါတယ်။ ကလးနဲ့လည်း ပိုရင်းနှီးလာစေပါတယ်။

ကလေးတွေရဲ့ ထူးဆန်းတဲ့ မေးခွန်းတွေကို ဘယ်လိုပြန်ဖြေကြမလဲ။

  • ကလေးရဲ့ မေးခွန်းနောက်ကွယ်က အဓိပ္ပာယ်ကို ရှာပါ။

ကလေးက သရဲဆိုတာ ဘာကြီးလဲ။ တကယ်ရှိလားလို့ မေးလာတဲ့အခါ သူက သရဲအကြောင်းကို သိချင်တာလား။ သရဲကို ကြောက်နေတာလားဆိုတာကို ကြည့်ကြည့်ပါ။ သရဲကြောက်နေတယ်ဆိုရင် ‘သရဲဆိုတာကို မေမေတော့ မတွေ့ဖူးပါဘူး။ သားကြောက်လို့လား။ သရဲက သားကို ဘာမှမလုပ်နိုင်ပါဘူး။ မေမေရှိတယ်နော်။’ ဆိုတာက သရဲတကယ်ရှိမရှိထက် ပိုကောင်းတဲ့ အဖြေပါ။

ကလေးတွေရဲ့ ထူးဆန်းတဲ့ မေးခွန်းတွေကို ဒီလိုမတုံ့ပြန်ပါနဲ့။

  • မဆူပါနဲ့။ မေးခွန်းတွေမေးတာကို ဆူတာက ကလေးရဲ့ သိလိုစိတ်ကို ပိတ်ပင်လိုက်တာကြောင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
  • မလှောင်ပါနဲ့။ ကလေးရဲ့ မေးခွန်းတွေက တစ်ခါတလေမှာ ကိုးရိုးကားယားနိုင်နေတတ်ပါတယ်။ လှောင်လိုက်တာက ကလေးကို နောက်ထပ်မေးဖို့ တွန့်ဆုတ်သွားစေနိုင်ပါတယ်။
  • မလိမ်ပါနဲ့။ မသိရင် မသိဘူးပြောနိုင်ပါတယ်။ မရှိတာကို အရှိလုပ်ပြီး ကလေးကို ကြောက်သွားအောင် ခြောက်တာ၊ လိမ်ပြောတာ မလုပ်ရပါဘူး။ နောင်အခါ ကလေးက မိဘဘာပြောပြော မယုံတော့ဘဲ ဖြစ်သွားနိုင်ပါတယ်။

Takeaways

ကလေးတွေ မေးခွန်းမေးတယ်ဆိုတာ သူတို့ကောင်းကောင်းဖွံ့ဖြိုးနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ သူတို့ရဲ့ ဦးနှောက်က အလုပ်လုပ်နေတယ်။ သိချင်စိတ်တွေ ဖြစ်နေတယ်။ တွေးနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တာာကြောင့် ကလေးရဲ့ ထူးဆန်းတဲ့ မေးခွန်းတွေကို စိတ်ရှည်ဖို့ အကြံပေးချင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

When Kids Ask (Really) Tough Questions: A Quick Guide https://www.npr.org/2019/02/28/698304854/when-kids-ask-really-tough-questions-a-quick-guide Accessed Date Jun 22, 2022

ANSWERING YOUR CHILD’S TOUGHEST QUESTIONS https://www.brighthorizons.com/family-resources/answering-childrens-toughest-questions Accessed Date Jun 22, 2022

20 Hilarious Ways To Stop Toddlers From Asking Awkward Questions https://www.moms.com/20-hilarious-ways-to-stop-toddlers-from-asking-awkward-questions/ Accessed Date Jun 22, 2022

How to Deal With Gifted Kids That Ask Many Questions https://www.verywellfamily.com/dealing-with-never-ending-questions-1449272 Accessed Date Jun 22, 2022

Questions Children Ask And How To Answer Them https://www.parentcircle.com/questions-children-ask-and-how-to-answer-them/article Accessed Date Jun 22, 2022

 

 

 

 

ယခုပုံစံ

04/07/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဂျီကျ တတ်တဲ့ကလေး ကိုယ့်စကား နားထောင်အောင် ဘယ်လိုထိန်းမလဲ

ကလေးတွေ ဘာကြောင့်လိမ်ကြတာလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement