ကိုယ်ခန္ဓါမှာ ဓါတ်မတည့်တာတစ်ခုခုဖြစ်တာနဲ့ အထင်ရှားဆုံးနဲ့ အရင်ဆုံး သိနိုင်တာက အရေပြားပဲဖြစ်ပါတယ်။ အရင်တည်းက အရေပြားပြဿနာရှိတဲ့ ကလေးတွေ အစားအသောက်တစ်ခုခုမှားလိုက်တာနဲ့တင် ဖြစ်နေတဲ့ အရေပြားပြဿနာတွေ ပိုဆိုးသွားတတ်တာကြောင့် အစားအသောက်တွေကို သေချာပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ကလေးတွေမှာ ဓါတ်မတည့်တာကိုဖြစ်စေတဲ့ အစားအသောက်တွေကဘာတွေလဲဆိုတာ မေမေတို့သိဖို့ အရေးကြီးပါတယ်။
ကလေးတွေက နုနယ်လွန်းတဲ့အတွက် ဓါတ်မတည့်မှုတွေဖြစ်နေတဲ့အချိန် အစားအသောက်တွေ သေချာမရွေးဘဲ ကလေးမတည့်တာတွေကို ကျွေးမိရင်ပိုဆိုးသွားနိုင်တာကြောင့် ဘယ်လိုအစားအသောက်တွေက ကလေးနဲ့ ဓါတ်မတည့်တာ အများဆုံးဖြစ်လဲဆိုတာ မေမေတို့ သိထားသင့်ပါတယ်။
နုနယ်လွန်းတဲ့ ကလေးတွေမှာ ဓါတ်မတည့်မှုတွေဖြစ်ရင် အသက်သေဆုံးတဲ့အထိ ပြင်းထန်တတ်ပါတယ်။ အဲဒီလိုပြင်းထန်နေပြီဆိုရင် ဆေးဘက်ဆိုင်ရာ အကူအညီယူ ချက်ချင်းယူဖို့လိုအပ်ပါတယ်။ ပန်းနာရင်ကြပ်ဖြစ်နေတဲ့ ကလေးတွေမှာ အစာဓါတ်မတည့်တာမျိုးဖြစ်ရင်လည်း ပိုပြီးပြင်းထန်တတ်ပါတယ်။
ဒါဆို အစာနဲ့ ဓါတ်မတည့်မှုကို ဖြေရှင်းဖို့နည်းလမ်းတွေ မရှိတော့ဘူးလား။ ။
အကောင်းဆုံးကတော့ ကလေးနဲ့ ဓါတ်မတည့်တဲ့ အစားအသောက်တွေကို စာရင်းပြုစုထားပြီး ရှောင်ပါ။ သရေစာတွေဝယ်တော့မယ်ဆိုရင် နောက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကို သေချာကြည့်ပါ။ ဒါတွေက တကယ်တမ်းလက်တွေ့လုပ်ရမယ်ဆို မလွယ်တဲ့ကိစ္စကြီးပါ။ ဥတို့ နို့တို့ဆိုတာ မုန့်တော်တော်များများမှာ ပါဝင်တဲ့ ပစ္စည်းတွေဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း ဓါတ်မတည့်တဲ့သူတစ်ယောက်ဟာ သူမတည့်တဲ့ အစားအသောက် နည်းနည်းလေးစားမိရင်တောင် မှ ပြင်းထန်းတဲ့ တုန့်ပြန့်မှုတွေဖြစ်နိုင်တဲ့အတွက်ကြောင့် သေချာ သတိထားစေချင်ပါတယ်။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။