backup og meta

ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ.......

ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ.......

ကလေးက ကျန်းမာတယ်နော်။ ကလေးက ထွားလိုက်တာ၊ ကလေးက တော်တော် ဉာဏ်ကောင်းတာပဲ ဆိုတဲ့ ချီးကျူးပြောဆိုမှုတွေ ကြားရရင် အလိုလိုနေရင်း ပြုံးမိပြီး စိတ်ထဲမှာ ပီတိဖြစ်မိတာ မေမေတိုင်းဟုတ်။ ကိုယ်ပျိုးထောင်တဲ့ ကလေးတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာက မေမေတစ်ယောက်ရဲ့ မိခင်ဘဝ အောင်မြင်မှုဆိုလည်း မမှားပါဘူး။

ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ မေမေတို့အနေနဲ့ ကလေးရဲ့ ကိုယ်ခံအား ကောင်းမွန်ဖို့ကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ခံအား မကောင်းဘူးဆိုရင် ရောဂါပိုးတွေ ဝင်ရောက်ပြီး မကြာခဏဆိုသလို နာမကျန်းတွေဖြစ် နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးတာတွေဆက်ဖြစ်လာနိုင်ပါတယ်။

ကလေးတစ်ယောက် ဘယ်လို ကြီးထွားဖွံ့ဖြိုးလာတာလဲ…………

ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ဆိုရင် ၂နှစ် အထက်ကာလမှာ  အာဟာရ ပြည့်ဝမှုကို သေချာလေး ဂရုစိုက်ရပါမယ်။ အဲဒီကာလအတွင်းမှာ ကလေးက

  • ကိုယ်ခံအား တည်ဆောက်တယ်
  • ပထမဆုံး မှတ်ဉာဏ်ကို တည်ဆောက်တယ်
  • ဦးနှောက် စတင်ဖွံ့ဖြိုးတယ်
  • အမြင်အာရုံ စတင်ဖွံ့ဖြိုးတယ် ဆိုတဲ့ အရာရာ ဖွံ့ဖြိုးမှုတွေ စတင်နေလို့ပါ။

ဖွံ့ဖြိုးမှုတွေအတွက် အရှိန်ယူနေတဲ့ ကလေးတစ်ယောက် ကိုယ်ခံအား ကောင်းကောင်းနဲ့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင်

အစာခြေစနစ် ကျန်းမာစေဖို့ အကျိုးပြုဘက်တီးရီးယား အာဟာရ (Prebiotics) ကျွေးမွေးပေးပါ

ကလေး ဖျားနာမှုကင်းပြီး ကိုယ်ခံအား ကောင်းမွန်စွာနဲ့ ကြီးပြင်းလာစေဖို့ဆိုရင် အစာခြေစနစ် ကျန်းမာဖို့ အရေးကြီးပါတယ်။ အစာခြေစနစ် ကျန်းမာမှ အူနံရံတွေက အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်ပြီး ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိမှာပါ။

အစာခြေစနစ် ကျန်းမာဖို့ဆိုရင် အစာခြေလမ်းကြောင်းတလျှောက်မှာ ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ (probiotics) ကို မေ့ထားလို့ မဖြစ်ပါဘူး။ သူတို့ ကျန်းမာနေမှ အစာခြေစနစ် ကျန်းမာပြီး ကလေးကလည်း ကျန်းမာမှာပါ။ ဒီ အကျိုးပြုဘက်တီးရီးယားလေးတွေ ရှင်သန်နေဖို့နဲ့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုနေဖို့ သူတို့လေးတွေအတွက်လည်း အစာအာဟာရ လိုအပ်ပါတယ်။ အဲဒီ အာဟာရဓာတ်ကို Prebiotics လို့ခေါ်ပါတယ်။

ဒါလေးတွေကိုလည်း ကလေးရဲ့ အာဟာရထဲမှာ ပါဝင်နေအောင် ဂရုစိုက်ပေးရပါမယ်။ ကလေးကို အာဟာရ ကျွေးမွေးတဲ့အခါ အကျိုးပြု ဘက်တီးရီးယားလေးတွေအတွက် လိုအပ်တဲ့ အာဟာရဖြစ်တဲ့ (prebiotics) ပါဝင်အောင်ကျွေးပေးမယ်ဆိုရင် ကလေးက

  • အစာခြေစနစ် ကျန်းမာမယ်
  • လေနာ ပြဿနာ ကင်းမယ်
  • ဝမ်းပျက်ဝမ်းလျှော သက်သာမယ်
  • ဝမ်းပျက်ဝမ်းလျှော ကာကွယ်ပေးတယ်
  • ဝမ်းချုပ်မှု ကင်းတယ်
  • ရောဂါတွေကို ခုခံနိုင်တယ်
  • အစာကြေစေနိုင်တယ် စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။

ကိုယ်ခံအားကို မြှင့်တင်နိုင်မယ့် အာဟာရ ပြည့်ဝအောင် ကျွေးမွေးပါ

ကလေးကို ကိုယ်ခံအား ကောင်းပြီး ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစာအာဟာရတွေထဲမှာ ကိုယ်ခံအား ကောင်းစေနိုင်တဲ့ အာဟာရဓာတ်​တွေ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီတော့ ကလေး နေ့စဉ် စားသုံးမယ့် အစားစာတွေထဲမှာ

  • ပရိုတင်း ကြွယ်ဝတဲ့ ကြက်သား၊ ငါး၊ အဆီမပါတဲ့ အနီရောင် အသား၊ ဥအမျိုးမျိုး၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ
  • အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics) ကြွယ်ဝစွာ ပါဝင်နေတဲ့ ငှက်ပျောသီး၊ ကညွတ်
  • ဇင့်ဓာတ်ကြွယ်ဝတဲ့ ကြက်သား၊ အနီရောင်အသား၊ ဒိန်ချဉ်၊ ချိစ်၊ ပဲအမျိုးမျိုး၊ ပေါင်မုန့်ကြမ်း
  • ဗီတာမင် A ပြည့်ဝစေဖို့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး
  • ဗီတာမင် E ကြွယ်ဝစေဖို့ ထောပတ်သီး၊ သင်္ဘောသီးမှည့်၊ ပန်းဂေါ်ဖီစိမ်း
  • lutein ပြည့်ဝစေဖို့ ကြက်ဥအနှစ်၊ စပျစ်သီး၊ ကိုက်လန်၊ ဟင်းနုနွယ်
  • nucleotide ပြည့်ဝစေဖို့ နို့၊ ကြက်သား၊ ပဲနီလေး
  • DHA (Omega-3 fatty acids) ပြည့်ဝစေဖို့ ဆယ်လ်မွန်ငါး၊ မက်ကာရယ်၊ တူနာ ငါး၊ ဥအမျိုးမျိုး တွေပါဝင်အောင်ကျွေးမွေးပေးဖို့လိုပါမယ်။
  • နေ့စဉ်စားနေတဲ့အစားအသောက်တွေမဟုတ်ဘဲ ဖြည့်စွက်စာ၊ အာဟာရပြည့်ဖြည့်စွက် နို့မှုန့်တွေမှာလည်း အပေါ်မှာ ဖော်ပြထားတဲ့ ဗီတာမင်တွေ၊ အာဟာရတွေ စုံလင်စွာ ပါဝင်တဲ့အတွက် ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးတွေအတွက် အထူးသင့်တော်ပါတယ်။

အခြားဂရုစိုက်ဖို့ လိုမယ့် အချက်တွေ

အိပ်ရေးဝအောင် ဂရုစိုက်ပါ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးနေတဲ့အရွယ်မှာ ကလေးက တစ်နေ့ကို အိပ်ချိန် ၁၂ နာရီလောက် အနည်းဆုံးရှိရပါမယ်။ အိပ်ချိန်ဟာ ကိုယ်ခံအားစနစ်အပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။

လှုပ်ရှားမှုရှိပါစေ – ကလေးက လမ်းလျှောက်နိုင်ပြီဆိုရင် အတူတူ လမ်းလျှောက်ပေးတာမျိုး ပေါ့ပေါ့ပါး ဆော့ကစားပေးတာမျိုး လုပ်ပေးပါ။ များများလှုပ်ရှားတာဟာ ကလေးတွေရဲ့ အရိုးနဲ့ ကြွက်သားဖွံ့ဖြိုးမှုကို တိုးတက်စေပြီး ရောဂါပိုးမွှားတွေကို တိုက်ခိုက်ဖို့ ကိုယ်ခံအားအတွက် အားဖြစ်စေပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ – ကလေးတွေကို ငယ်ရွယ်စဉ်တည်းက တစ်ကိုယ်ရေသန့်ရှင်းရေး အရေးကြီးကြောင်း သင်ပေးပါ။ လက်ဆေးတာ၊ ထမင်းစားပြီးပန်းကန်ဆေးတာ၊ နည်းစနစ်တကျ ရေချိုးတာ စတဲ့အကျင့်ကောင်းလေးတွေကို ငယ်ရွယ်စဉ်က ပျိုးထောင်ပေးပါ။ အထူးသဖြင့် အခုလို ရောဂါပိုးမွှားတွေ ပေါများတဲ့ခေတ်မှာ တစ်ကိုယ်ရေ သန့်ရှင်းရေးက အထူးအရေးကြီးလာပါတယ်။

ခဏခဏမဖျားပဲ ကြီးထွားဖွံ့ဖြိုး ဉာဏ်ကောင်းတဲ့ ကလေးလေးတွေကို ပျိုးထောင်ချင်တဲ့ မေမေတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ဒီလွယ်ကူးရိုးရှင်းတဲ့ အချက်လေးတွေကို လိုက်နာရင်း အကောင်အထည်ဖော်လို့ရပါပြီ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Six of The Best Ways To Boost Your Baby’s Immune System https://mouthsofmums.com.au/six-of-the-best-ways-to-boost-your-babys-immune-system/ Accessed Date 29 April 2020

Trust Your Gut: 6 Ways To Boost Your Child’s Immune System https://abbottfamily.com.sg/articles/baby/6-ways-to-boost-child-immune-system Accessed Date 29 April 2020

Immunity-Boosting Snacks for Kids https://www.webmd.com/parenting/features/immune-system#1 Accessed Date 29 April 2020

ယခုပုံစံ

20/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေကို နား သန့်ရှင်းပေးသင့်သလား

မိဘတစ်ယောက်အနေနဲ့မိမိကလေးကိုဘယ်လိုပျိုးထောင်ပေးမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement