backup og meta

အကျိုးပြု ကာဗိုဟိုက်ဒြိတ်များ : သင့်အစာချေစနစ်ထဲတွင်ရှိနေသော အကျိုးပြု ဘက်တီးရီးယားများကို အာဟာရဖြစ်စေသော အစာများ


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကျိုးပြု ကာဗိုဟိုက်ဒြိတ်များ : သင့်အစာချေစနစ်ထဲတွင်ရှိနေသော အကျိုးပြု ဘက်တီးရီးယားများကို အာဟာရဖြစ်စေသော အစာများ

    လူအများစုသည် ခန္ဓါကိုယ်ကို အကျိုးပြုသည့်ဇီဝပိုးကောင်များပါဝင်သော ကျန်းမာရေးကို အထောက်အကူပြုစေသော အစားအသောက်များအကြောင်းကို ကြားဖူးကြပါလိမ့်မည်။ သို့သော် ထိုဇီဝပိုးကောင်များကို အစာချေစနစ်ထဲတွင် ပွားများလာစေရန် ကူညီထောက်ပံပေးသော အရာများအကြာင်းကိုကြားဖူးပါသလား၊

    အထက်ဖော်ပြပါ နှစ်ခုလုံးသည် လူတစ်ယောက်၏အစာချေစနစ်ထဲတွင် ရှိသော ကျန်းမာရေးကို အကျိုးပြုသည့်အရာများပင်ဖြစသည်။ ထို့ကြောင့် အောက်ပါဆောင်းပါးတွင် သင့်ကျန်းမာရေးနှင့် အစာချေစနစ်ကောင်းမွန်စေရန် ထိုအကျိုးပြုဇီဝပိုးကောင်များကို မှီဝဲသင့်သည့် အကြောင်းများကို ဖော်ပြရေးသားသွားမည်ဖြစ်ပါသည်။

    အကျိုးပြုဇီဝပိုးကောင်များ ဆိုတာဘာလဲ။

    အကျိုးပြုဇီဝပိုးကောင်များသည် ခန္ဓါကိုယ်တွင် ဆိုးကျိုးများကို ဖြစ်စေသော ဘက်တီးရီးယားများကို တိုက်ထုတ်ပေးသည့် အကျိုးပြုဘက်တီးရီးယားများဖြစ်ပြီး ယင်းတို့သည် အူမကြီးထဲတွင်ရှိကြသည်။

    ယခုဆောင်းပါးတွင် ဖော်ပြမည့်အကြောင်းအရာမှာ ထိုအကျိုးပြု ဘက်တီးရီးယားများကို အားဖြည့်ပေးသည့် ခန္ဓါကိုယ်ရှိ အစာချေစနစ်မှ မချေဖျက်နိုင်သော ကာဗွန်ဟိုက်ဒြိတ်များအကြောင်းဖြစ်ပါသည်။

    ထို အကျိုးပြုကာဗွန်ဟိုက်ဒြိတ်များမရှိဘဲလျှင် အကျိုးုပြု ဘက်တီးရီးယားများအတွက် အာဟာရမရရှိသောကြောင့် ယင်းတို့သည်လည်း အူထဲတွင် အသက်မရှင်နိုင်ကြောင်းလေ့လာရပါသည်။

    အင်္ဂလန်တွင်ရှိသော တက္ကသိုယ်တခုက အမျိုးသား ၈ ယောက်ကို အုပ်စု ၂စုခွဲပြီး ပထမအုပ်စုကို အကျိုးပြု ဘက်တီးရီးယားများပါသော အစာကို ကျွေးပြီး ဒုတိယအုပ်စုကို အကျိုးပြုကာဗွန်ဟိုက်ဒြိတ်များပါသော အစာကို ကျွေးပြီး စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ထိုသူများ၏ ဝမ်းကိုယူကာ ဝမ်းထဲတွင် အကျိုးပြု ဘက်တီးရီးယားများပါဝင်မှုကို နေ့စဉ် စစ်ဆေးခဲ့သည်။ သုတေသနပြုစုချက်များအရ အကျိုးပြုဘက်တီးရီးယားများကို ကြီးထွားစေသော အကျိုးပြုကာဗွန်ဟိုက်ဒြိတ်စားသုံးသူများ၏ ဝမ်းထဲတွင် အကျိုးုပြုပိုးကောင်များကို အမြောက်အမြားတွေ့ရပြီး အကျိုးပြု ဘက်တီးရီးယားကို စားသုံးသူများတွင်မူ အကျိုးပြုပိုးကောင် အနည်းငယ်မျှသာတွေ့ရပြီး လုံးဝမတွေ့ရသည်များလည်းရှိပါသည်။

    သို့သော် ဆရာဝန် အများစု၏သုံးသပ်ချက်အရ အဆိုပါ နှစ်မျိုးလုံးသည် အူလမ်းကြောင်းကျန်းမာရေးအတွက် အရေးပါသည်ဖြစ်ရာ နှစ်မျိုးလုံးကို မှီဝဲသင့်ကြောင်းဖော်ပြထားပါသည်။

    အကျိုးပြု ကာဗွန်ဟိုက်ဒြိတ်များကို ဘယ်ကရသလဲ။

    အကျိုးပြု ကာဗွန်ဟိုက်ဒြိတ်များ သည် အမျိုးအစားများစွာရှိပါသည်။ အဓိကအားဖြင့် အောက်ပါအမျိုးအစား၃ မျိုးကို အတွေ့များပါသည်။

    • Inulin
    • Fructooligosaccharides (Oligofructose or FOS)
    • Galactooligosaccharides (Oligogalactos or GOS)

    အခြားသော တွေ့ရခဲသော အကျိုးပြု ကာဗွန်ဟိုက်ဒြိတ်များမှာ lactulose, lafinose, arabinose ၊အမျှင်ဓါတ်ပါသောအစားအစာများ၊ lactilol, lactosucrose, pyrodextrin, xylooligosaccharides နှင့် ဂျုံပင်မှရသော dextrin တို့ဖြစ်သည်။

    • Inulin ပါဝင်သော အစားအစာများမှာ ကြက်သွန်ဖြူ ၊ ရေညှိ၊ ကြက်သွန်နီ၊ ပိုးတီ၊ ဟင်းထုတ်ရွက်နှင့် ကြက်သွန်မိတ်တို့ဖြစ်သည်။
    • Fructooligosaccharides ပါဝင်သော အစားအစာများမှာ ဘယ်ရီသီး၊ ရှားစောင်းလက်ပက်၊ ရေညှိ၊ ဌက်ပျောသီး၊ ကြက်သွန်နီ၊ ယင်းအမြစ်၊ ကြက်သွန်ဖြူ၊ ကညွတ်နှင့် ဟင်းထုပ်ရွက်တို့ဖြစ်သည်။
    • Galactooligosaccharides ပါဝင်သော အစားအစာများမှာ ပဲလုံး၊ ပဲတောင့်ရှည်၊ ကုလားပဲ၊ ရွှေပဲသီး နှင့် ဗိုလ်စားပဲတို့ဖြစ်သည်။
    • အစေ့အဆန်များနှင့် မိခင်နို့ရည်တို့တွင်လည်း အကျိုးပြု ကာဗိုဟိုက်ဒြိတ်အချို့ပါရှိသည်။ ထို့ကြောင့် မိခင်များအနေဖြင့် ကလေး၏အစာချေစနစ် ကောင်းမွန်မှန်ကမ်စေရန် မိခင်နို့တိုက်ကျွေးသင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement