backup og meta

ကလေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေ

ကလေးတွေရဲ့သဘာဝအရ မေမေတွေ စားသမျှကို လိုက်ကြည့်ရင်း စားချင်မှာပါပဲ။ တချို့သော အစားအစာတွေဟာ အာဟာရဖjစ်ပေမယ့် အသက်အရမ်းငယ်သေးတဲ့ ကလေးတွေအတွက်တော့ အစာခြေရခက်စေနိုင်သလို ကိုယ်ခန္ဓာ ကအစာအာဟာရကို ကောင်းကောင်း စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် မာလွန်းတဲ့ အစားအစာတွေ၊ လည်ချောင်းနင်စေနိုင်လောက်တဲ့ အစားအစာတွေဆိုရင် ကလေးတွေကို မကျွေးသင့်ပါဘူး

ကလေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေ

အကောင်းဆုံးကတော့ ကလေး အသက် ၆လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးပါ။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ကလေးအသက် ၁နှစ်ပြည့်ပြီးနောက်ပိုင်းမှာ အမာစာတွေ စပြီး ကျွေးပေးလို့ ရပါပြီ။

မေမေတွေအတွက် အသက် ၁နှစ်မပြည့်ခင် ကလေးငယ်ငယ်လေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။

၁။ ပျားရည်

အရသာချိုမြပြီး ဆေးဖက်ဝင်တဲ့ သဘာဝပျားရည်ဟာ အသက်ငယ်သေးတဲ့ ကလေးတွေကို မကျွေးသင့်ဆုံး အစားအစာတွေရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အသက် ၁နှစ်အောက် ကလေးတွေကို ပျားရည်တိုက်မိရင် ဝမ်းချုပ်တာ၊ ကလေးအားမရှိသလို ပျော့တိပျော့ဖတ် ဖြစ်တာ၊ ငိုသံတိုးတာ၊ မိခင်နို့ ဒါမှမဟုတ် နို့ဘူးကနေ နို့စို့ရခက်တဲ့ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

၂။ နွားနို့

အသက်ငယ်သေးတဲ့ ကလေးတွေအတွက် မိခင်နို့နဲ့ ကြီးထွားမှု အထောက်အကူဖြစ်စေတဲ့ နို့မှုန့်တွေကိုပဲ အဓိက တိုက်ပေးဖို့ လိုအပ်ပါတယ်။ သေချာပိုးမသတ်ထားတဲ့ နွားနို့တွေဟာ ကလေးတွေရဲ့ အစာခြေစနစ်ကို အနှောင့်အယှက်ပေးနိုင်တဲ့အပြင် ကြီးထွားဆဲဖြစ်နေတဲ့ ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဝမ်းလျှောတာ၊ ဓာတ်မတည့်တဲ့အထိ ဆိုးရွားစွာ ဒုက္ခပေးနိုင်တဲ့အတွက်ကြောင့် မတိုက်ကျွေးတာ အကောင်းဆုံးပါပဲ။

၃။ မြေပဲထောပတ်ယို

မြေပဲထောပတ်ယို ဆိုတာ အနောက်နိုင်ငံက လူတွေ ပိုစားတတ်ကြတဲ့ အစားအစာဖြစ်ပါတယ်။ မြေပဲကနေတစ်ဆင့် လုပ်ထားတာဖြစ်ပြီး ဓာတ်မတည့်တာအပြင် လည်ချောင်းမှာ နင်ပြီး မြိုချမရတာ၊ အသက်ရှူကြပ်တာအထိပါ ဖြစ်နိုင်တဲ့အတွက် မကျွေးသင့်ပါဘူး။

၄။ ဟင်းရွက်တချို့

ဟင်းနုနွယ်ရွက်၊ ဂေါ်ဖီထုပ်၊ ဆလတ်ရွက်တွေလို ဟင်းရွက်တွေမှာ ကလေးတွေ အစာချေဖျက်ဖို့ ခဲယဉ်းစေတဲ့ နိုက်ထရိတ်ဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ၁နှစ်အောက်အရွယ် ကလေးတွေကို ကျွေးတဲ့အခါ ဒီအရွက်တွေကို ရှောင်သင့်ပါတယ်။

၅။ တချို့သောငါးတွေ

ငါးတွေဟာ အရသာရှိပြီး နူးညံ့တဲ့အပြင် အာဟာရဓါတ်လည်း ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ ဒါပေမယ့် ပင်လယ်စာတွေမှာ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ပြဒါးဓာတ်တွေအပြင် ပင်လယ်စာနဲ့ ဓာတ်မတည့်တာ၊ ငါးအရိုးစူးတာပါ ဖြစ်စေနိုင်တဲ့အတွက် အကောင်းဆုံးကတော့ ကလေး အသက် ၃နှစ်လောက်ထိ စောင့်ပြီးမှ ကျွေးပေးတာ ပိုစိတ်ချရပါတယ်။

၆။ ချဉ်လွန်းတဲ့ အသီးတွေ

လိမ္မော်သီး၊ ဘယ်ရီသီး၊ စပျစ်သီးတွေမှာ ပါဝင်တဲ့ ဗီတာမင် C နဲ့ ချဉ်တဲ့အရသာတွေဟာ ကလေးကို ဗိုက်အောင့်၊ ဗိုက်နာဖြစ်စေနိုင်သလို ကလေးရဲ့ ကိုယ်ခန္ဓာမှာ အနီကွက်၊ အင်ပြင်၊ အဖုအပိမ့်တွေပါ ထနိုင်စေပါတယ်။

၇။ အစေ့အဆန်နဲ့ အခွံမာသီး

အသက်ငယ်သေးတဲ့ ကလေးတွေအတွက် ဝါးရခက်စေတယ်။ မြိုချရခက်စေတယ်။ အစာနင်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ဓာတ်မတည့်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက် ၃နှစ်အောက် ကလေးတွေကို ဒီလိုအစားအစာမျိုးတွေ ကျွေးတာ တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

၈။ ကြက်ဥအကာ

ကလေးအတွက် အာဟာရဖြစ်စေတဲ့ အစားအစာဖြစ်ပေမယ့် အသက်ငယ်သေးတဲ့ တချို့ကလေးတွေမှာ ကြက်ဥအကာနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်ကလေးက ကြက်ဥကြိုက်တယ်ဆိုရင်တော့ အနှစ်ကိုပဲ သီးသန့်ခွဲပြီး ကျွေးပေးတာ ပိုကောင်းပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foods Not To Feed Baby –https://www.babble.com/baby/what-not-to-feed-baby-foods-to-avoid-first-solids/ (Jan 11, 2019)

Foods To Avoid Feeding Baby –https://www.familyeducation.com/life/starting-solids/foods-avoid-feeding-baby (Jan 11, 2019)

ယခုပုံစံ

23/08/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေမှာ တွေ့ရတတ်တဲ့ အာဟာရဓာတ်ချို့တဲ့မှု ပြဿနာ

ကလေးတွေကို မနက်စာ ဘာတွေကျွေးသင့်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ