backup og meta

ရုပ်မြင်သံကြားကို ပိုကြည့်သော ကလေးများသည် လူမှုဆက်ဆံရေးမကောင်းသည့် အခြေအနေမျိုးပိုဖြစ်နိုင်သည်

ရုပ်မြင်သံကြားကို ပိုကြည့်သော ကလေးများသည် လူမှုဆက်ဆံရေးမကောင်းသည့် အခြေအနေမျိုးပိုဖြစ်နိုင်သည်

ရုပ်မြင်သံကြားသည် ကလေးများကို ဖျော်ဖြေရေနှင့်ပညာရေး အတွက် အရင်းအမြစ်များစွာ ပေးနိုင်သည်။ သို့သော် ရုပ်မြင်သံကြားကို ကြာမြင့်စွာ ကြည့်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။

ထို့အပြင် လေ့လာမှုတစ်ခုတွင် ရုပ်မြင်သံကြားကြည့်ခြင်းသည် ကလေးများကိုလူမှုဆက်ဆံရေးတွင်ပြသနာဖြစ်စေနိုင်သည် ဟု အံ့သြဖွယ်ရာဖော်ပြထားသည်။

Sociopath သည်မည်သည်ကို ဆိုလိုပါသလဲ။

Sociopath သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးအဆင်မပြေပဲ ကိုယ်ချင်းစာစိတ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်းဖြစ်သည်။ ထိုသို့သောလူများတွင် အမှန်အမှားကို ခွဲခြားနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ထိုသူများသည် အကြမ်းဖက်မှုများပြုလုပ်နိုင်ပြီး၊ လူများကို သူတို့ အလိုဆန္ဒအတွက် အသုံးချစရာပစ္စည်းများအဖြစ်သတ်မှတ်တတ်ကြသည်။

ထိုသူများသည် လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်ရှိသော သူများအဖြစ် သတ်မှတ်ထားကြသည်။

သင့်ကလေးသည် sociopath ဖြစ်နေနိုင်သည့် လက္ခဏာများ

– ရည်ရွယ်ချက်ဖြင့် မီးရှို့ခြင်း

– တိရိစ္ဆာန်များကို ညှင်းပန်းနှိပ်စက်ခြင်း

– အမှားပြုလုပ်သည့်အတွက် နောင်တမရတတ်ခြင်း

– သူတစ်ပါးအား ခြိမ်းခြောက်ရန်၊ အပြစ်ပေးရန် မကြောက်ရွံ့ခြင်း

မိဘများသည် မိမိ ကလေးတွင် စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်စုံတစ်ရာဖြစ်လာလျင် တတ်ကျွမ်းနားလည်သော ပညာရှင်များနှင့် တိုင်ပင်ပြီး အမြန်ဆုံးအကူအညီရယူသင့်သည်။ ထိုအခြေအနေကို ကိုယ့်ဘာသာ ကိုင်တွယ်ဖြေရှင်းရန် မကြိုးစားသင့်ပါ။

ဘယ်အရာက သင့်ကလေးကို sociopath ဖြစ်စေနိုင်ပါသလဲ။

မျိုးရိုးဗီဇပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်မှလွှမ်းမိုးမှုများသည် အဓိက အကြောင်းရင်းဖြစ်သည်။ သို့သော် sociopath သည် မူလ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုထက်စာလျင် ပတ်ဝန်းကျင်ကြောင့် ပိုဖြစ်နိုင်ပါသည်။

အသက်ငယ်စဉ်တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရရင်၊ ခြိမ်းခြောက်ခံရရင်၊ ဥပေက္ခာပြုခံရရင် ထိုအခြေအနေမျိုးဖြစ်သွားနိုင်ပါသည်။ ရုပ်မြင်သံကြားတွင် အကြမ်းဖက်မှုကို ကြည့်ရှုခြင်းသည် စိတ်ပိုင်းဆိုင်ရာအားဖြင့် အကြမ်းဖက်မှုကို ထိတွေ့ခံစားရခြင်းဖြစ်သည်။

ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါသည်။

ရုပ်မြင်သံကြားကို ကြာရှည်စွာကြည့်ခြင်းသည် sociopath ဖြစ်စေရန် ဆက်စပ်နေပါသည်။

အသက် ငါးနှစ်မှ ဆယ့်ငါးနှစ် ကလေးပေါင်း ၁၀၀၀ ပါဝင်သော လေ့လာမှုတစ်ခုတွင် ကလေးများကို သူတို့၏ ရုပ်မြင်သံကြားစက်ကို ကြည့်သည့်အလေ့အထကို နှစ်နှစ်တစ်ခါ မေးမြန်းထားသည်။

ထိုသုတေသနမှ သုတေသီများသည် လူမှုဆက်ဆံရေး မကောင်းခြင်းနှင့် ပြစ်မှုများကျူးလွန်နိုင်ခြေသည် တီဗွီပိုကြည့်သော ကလေးများတွင် ပိုများသည်ကို တွေ့ရှိကြသည်။ ထိုသုတေသနတွင် ကလေးတစ်ယောက်သည် ခုနှစ်ရက်အတွင်း တီဗွီကြည့်ချိန် တစ်နာရီပိုတိုင်း ပြစ်မှုကျူးလွန်နိုင်ခြေ ၃၀% ပိုများလာကြောင်းကို လည်း ဖော်ပြထားသည်။

ကလေးဘဝတွင် ရုပ်မြင်သံကြားကို မကြာခဏကြည့်ပြီး အချိန်ကြာရှည်စွာ ကြည့်ခြင်းသည် ကလေး၏အနာဂတ်တွင် စိတ်ပိုင်းဆိုင်ရာ မကောင်းသော ခံစားမှုများဖြစ်နိုင်ပြီး သည်းခံစိတ်နည်းသော အပြုအမူများလည်း ဖြစ်စေနိုင်သည်။

မိဘများမှ ဘာလုပ်ပေးသင့်ပါသလဲ။

ရုပ်မြင်သံကြားကြည့်ခြင်းသည် ကောင်းကျိုးများလည်း ဖြစ်နိုင်သည့် အတွက် လုံးဝတားမြစ်ခြင်းကို မပြုလုပ်သင့်ပါ။ မိဘများအနေဖြင့် မိမိ ကလေးများအတွက် တစ်နေ့စာ ကြည့်ချိန်ကို အများဆုံး နှစ်နာရီခန့် ကန့်သတ်ပေးပြီး ကလေးများနှင့် သင့်တော်သော အစီအစဉ်များကိုသာ ကြည့်ခိုင်းသင့်သည်။

ကလေးများအတွက် အချက်အလက်များရသည့် အရင်းအမြစ်နေရာများဖြစ်သည့် အင်တာနက်၊ စာအုပ်၊ ရုပ်ပြစာအုပ်များကိုလည်း ပုံမှန်စစ်ဆေးသင့်ပါသည်။

Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

– Antisocial personality disorder http://www.mayoclinic.org/diseases-conditions/antisocial-personality-disorder/symptoms-causes/dxc-20198978 Accessed December 8, 2016
Children who watch more TV are more likely to grow into sociopaths http://www.naturalnews.com/039197_children_television_sociopaths.html Accessed December 8, 2016

ယခုပုံစံ

17/06/2022

Dr. Su Sandy မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Sunscreenကို ဘာကြောင့်လိမ်းသင့်သလဲ

အကြမ်းပတမ်း ရုပ်ရှင်တွေကြည့်ခြင်းက ကလေးတွေကို ထိခိုက်စေသလား



Dr. Su Sandy မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement