home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးကို နွားနို့တိုက်ကျွေးခြင်း

ဘေဘီလေးကို နွားနို့တိုက်ကျွေးခြင်း

အရိုးနဲ့သွားတွေသန်မာအောင် နွားနို့သောက်ပါဆိုတာက သိပ်စိမ်းလှတဲ့ စကားတစ်ရပ်တော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက နွားနို့ကို ကြိုက်လို့ဖြစ်ဖြစ်မေမေကတိုက်လို့ဖြစ်ဖြစ်သောက်ခဲ့ကြပါတယ်။သောက်သာသောက်ခဲ့တယ်။သေချာမသိတာကြောင့် ကလေးကိုတိုက်ချင်ပေမယ့် ဘာတွေအကျိုးရှိမလဲ သိချင်နေတဲ့မေမေတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်ပါနော်။

နွားနို့တစ်ခွက်ရဲ့ အာဟာရ

နွားနို့တစ်ခွက်စာမှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။

  • အဆီဓာတ်
  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • ကယ်လ်ဆီယမ်
  • ဗီတာမင် ဒီ
  • ဖော့စဖောရပ်စ်
  • ရေဓာတ်
  • မဂ္ဂနီဆီယမ်
  • ပိုတက်ဆီယမ်
  • ဗီတာမင် အေ
  • ဗီတာမင် B2
  • Niacin တို့ပါဝင်နေပါတယ်။

ဘေဘီလေးနဲ့ နွားနို့သောက်ခြင်း

နွားနို့သောက်တာကဘေဘီလေးအတွက် အကျိုးကျေးဇူးတော်တော်များတာပါ။ အရိုးနဲ့ သွားတွေကို သန်မာစေရုံတင်မကပဲ ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုတွေ အတွက်ပါထောက်ပံ့ပေးပါတယ်။ဘေဘီလေးကို နွားနို့ပုံမှန်တိုက်ကျွေးပေးတာက အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

  • အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေနိုင်တယ်။
  • ကယ်လ်ဆီယမ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်။
  • ကလေးအရွယ်မှာ အဝလွန်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
  • ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီတွေကိုဖယ်ရှားပေးတယ်။
  • အာရုံကြောစနစ်ကို ကျန်းမာစေနိုင်တယ်။
  • ဟော်မုန်းတွေကို ထိန်းညှိပေးတယ်
  • ကြွက်သားတွေကို ဖွံ့ဖြိုးကြီးထွားစေတယ်။
  • ကိုယ်ခံအား ကောင်းစေတယ်။
  • နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တယ်။
  • သွားပိုးမစားအောင် ကာကွယ်ပေးတယ်။
  • သွေးတိုးရောဂါမဝင်အောင် ကာကွယ်ပေးနိုင်တယ်။
  • ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးတယ်။
  • အရိုးကျိုးလွယ်တာ၊ အရိုးပွတာမျိုး မဖြစ်အောင်ကာကွယ်ပေးတယ်။
  • နှလုံးသွေးကြောတွေကို ကျန်းမာစေတယ်။
  • နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။
  • ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကိုသွေးစီးဆင်းရောက်ရှိမှုကောင်းစေတယ်။
  • ကလေးကိုကြီထွားဖွံ့ဖြိုးစေပြီး အားရှိစေတယ်။
  • ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေနိုင်တယ်။

ဘေဘီလေးကို တိုက်ပေးသင့်တဲ့ နွားနို့ပမာဏ

ဘေဘီလေးက နို့သကြားအချိုဓာတ်ကို မစုပ်ယူနိုင်တဲ့ရောဂါရှိနေမယ်ဆိုရင်တော့ နွားနို့ မတိုက်သင့်ဘူးဆိုပေမယ့် ကလေးက ပုံမှန်အတိုင်း ကျန်းမာတယ်ဆိုရင်တော့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် နွားနို့တိုက်ပေးသင့်ပါတယ်။ ကလေးတစ်ယောက်ဟာ ပုံမှန်အားဖြင့် တစ်နေ့ကို နွားနို့တစ်ခွက်တော့သောက်ပေးသင့်ပါတယ်။

အသက် ၁ နှစ် ကနေ ၂ နှစ်အတွင်း

ကလေးက အသက် ၁ နှစ်လောက်ရောက်လာပြီဆိုရင် နွားနို့စတိုက်လို့ရပါပြီ။ ကလေးက တစ်နှစ်ကနေ နှစ်နှစ်အတွင်းမှာဆိုရင် ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့အတွက် အဆီပြည့်နို့ တစ်နေ့ကို ၃၂အောင်စ ၄ ခွက်လောက်အထိသောက်ပေးလို့ရပါတယ်။

ကလေးအသက် ၂ နှစ် ကနေ ၈ နှစ်အတွင်း

ကလေးက အသက် ၂ နှစ် ကနေ ၃ နှစ်အရွယ်အတွင်းဆိုရင်တော့ တစ်နေ့ကို အနည်းဆုံး နွားနို့ ၂ ခွက်သောက်သင့်ပါတယ်။

ကလေးက အသက် ၄ နှစ်ကနေ ၈ နှစ်အတွင်းဆိုရင်တော့ တစ်နေ့ကို နွားနို့ ၂ ခွက်နဲ့ အခြားနို့ထွက်ပစ္စည်းတွေကိုစားသုံးပေးလို့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 4 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။