backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကျန်းမာရေးအတွက် အမျှင်ဓာတ်ရဲ့ အကျိုးပြုပုံ

ကလေးကျန်းမာရေးအတွက် အမျှင်ဓာတ်ရဲ့ အကျိုးပြုပုံ

အမျှင်ဓာတ်ဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အာဟာရဓာတ်တွေထဲက တစ်မျိုးဖြစ်ပေမယ့် လူတော်တော်များများက သတိမထားတတ်ကြပါဘူး။ ကျန်းမာစေတဲ့ နေထိုင်စားသောက်မှုပုံစံမှာ အမျှင်ဓာတ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

ဒါကြောင့် ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အမျှင်ဓာတ်ဟာ ဘယ်လောက်ထိ အရေးပါလဲ၊ ဘယ်လိုအစားအစာတွေမှာ အမျှင်ဓာတ်အများဆုံးပါဝင်လို့ ကလေးတွေ များများစားပေးသင့်လဲ အစရှိတဲ့ ဗဟုသုတအကြောင်းအရာတွေကို ဝေမျှပေးချင်ပါတယ်။

အမျှင်ဓာတ်ရဲ့ အရေးပါပုံ

အမျှင်ဓာတ်ဟာ သွေးထဲက ကိုလက်စထရောကို လျှော့ချပေးနိုင်လို့ ဆီးချိုရောဂါ၊ နှလုံးရောဂါကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ သကြားစုပ်ယူမှုကိုလည်း နှေးစေပြီး ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အင်ဆူလင်ကို ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။

အမျှင်ဓာတ်ဟာ ဗိုက်ကို ပြည့်ဝစေလို့ ကလေးကို မကြာခဏ အစာစားချင်စိတ် မဖြစ်စေတော့တာကြောင့် အဝလွန်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။

အမျှင်ဓာတ်မှာ ကယ်လိုရီတွေ မပါဝင်တဲ့အပြင် အစာခြေစနစ်ကို ကောင်းစေလို့ ကလေးတွေကို ဝမ်းမှန်စေတယ်။ ရင်ပြည့်တာမျိုး၊ ဝမ်းချုပ်တာမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေမှာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက် ကလေးရော လူကြီးပါမကျန် နေ့စဉ် အမျှင်ဓာတ်ကို မဖြစ်မနေ စားပေးဖို့ လိုအပ်ပါတယ်။

အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာတွေက ဘာတွေလဲ။

  • ပန်းသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဘယ်ရီသီး၊ သရက်သီး၊ စတော်ဘယ်ရီသီး၊ သစ်တော်သီး အစရှိတဲ့ သစ်သီးဝလံတွေ
  • ရွှေပဲသီး၊ ပန်းမုန်လာ၊ ဟင်းနုနွယ်ရွက်၊ မုန်လာဥနီ အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေ
  • ပဲအမျိုးမျိုး၊ ပဲနီကလေး၊ ဂျုံ၊ ပေါင်မုန့်၊ ဆန်လုံးညိုနဲ့
  • အော်လ်မွန်စေ့၊ နေကြာစေ့၊ ဖရုံစေ့ အစရှိတဲ့ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်တွေ အများအပြားပါဝင်ပါတယ်။

မနက်စာကို ဂျုံ၊ ပေါင်မုန့် ကို ကြက်ဥ၊ နွားနို့ နဲ့အတူ တွဲကျွေးပေးနိုင်ပါတယ်။ နေ့လည်စာနဲ့ ညစာအတွက် ဟင်းသီးဟင်းရွက်တွေကို သေချာချက်ပြုတ်ပြီး ကလေးတွေကို ကျွေးလို့ ရပါတယ်။ ထမင်းကျွေးတဲ့ နေရာမှာလည်း သာမန်ဆန်တွေထက် ဆန်လုံးညိုလိုမျိုး အမျှင်ဓာတ်များပြီး အာဟာရဓာတ်ရှိတဲ့ ထမင်းမျိုး ကျွေးတာ ပိုကောင်းပါတယ်။ ရုပ်ရှင်ကြည့်နေတဲ့အချိန်၊ စာလုပ်နေတဲ့အချိန်မှာ ကိုယ့်ကလေးကို မုန့်ပဲသရေစာအနေနဲ့ ကျွေးလိုတယ်ဆိုရင်တော့ သစ်သီးမျိုးစုံကို သေချာပြင်ဆင် လှီးစိတ်ထားပြီး ကျွေးတာ ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။

အမျှင်ဓာတ်ဟာ အစာကြေလွယ်စေလို့ ဝမ်းမှန်စေတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေဟာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်လို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ နေ့စဉ်အာဟာရမှာ အမျှင်ဓာတ်ကို မဖြစ်မနေ ပါဝင်အောင် ကျွေးသင့်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Fiber Is Important For Kids –https://kidshealth.org/en/teens/fiber.html (Dec 5, 2018)

High-Fiber Foods For Children –https://www.metamucil.com/en-us/articles/psyllium-husk-and-fiber/high-fiber-foods (Dec 5, 2018)

Why Kids Need Fiber –https://www.healthychildren.org/English/healthy-living/nutrition/Pages/Kids-Need-Fiber-Heres-Why-and-How.aspx (Dec 5, 2018)

ယခုပုံစံ

12/09/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement