ကိုယ့်ကလေး အချိုလျှော့စားဖြစ်အောင် မေမေတို့ ဒီလို ကူညီပါ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သကြားလုံး၊ အချိုရည်၊ ဂျယ်လီ၊ ကိတ်မုန့်စတဲ့ အချိုကဲတဲ့ သရေစာမုန့်တွေကို မကြိုက်တဲ့ကလေးမရှိပါဘူး။ ဘယ်လောက်တောင်ကြိုက်လဲဆိုရင် ဂျီကျနေတဲ့အချိန် ငိုနေတဲ့အချိန် သကြားလုံးတို့၊ ဂျယ်လီတို့ ပေးကြည့်ပါလား။ ချက်ချင်းအငိုတိတ်သွားတာကြည့်။ ဒီလို ချော့လို့ရမှန်းလည်းသိရော ကလေးတစ်ခုခု ဂျီကျပြီဆိုတာနဲ့ သကြားလုံးတွေ၊ အချိုရည်တွေ စွတ်ပေးတော့တာပဲ။ ကလေးငြိမ်တာ၊ ကြိုက်တာတော့မှန်ပေမယ့် ဒီလို လုပ်နေတာဟာ ကလေးကို ထိခိုက်အောင်လုပ်နေတယ်ဆိုတာကိုရော မေမေတို့ သိရဲ့လား။ ။

သကြားဆိုတဲ့ အရာဟာ စားလို့ကောင်းတာကလွဲရင် ကျန်းမာရေးအတွက် ဘာတစ်ခုမှ မကောင်းပါဘူး။

အချိုစားများလွန်းရင်

  • သွားတွေပျက်စီးလာမယ်
  • အဝလွန်ြပီး နောက်ပိုင်း ဆီးချို ရောဂါပါ ဖြစ်လာနိုင်တယ်
  • ချောင်းဆိုး ချွဲကြပ်တာတွေလည်း ဖြစ်လာမယ်။
  • အချိုကို စွဲလမ်းလွန်းတဲ့ ပြဿနာ ကလေးနဲ့ ဉာဏ်ရည်ထုံထိုင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုဖြစ်တဲ့ ပြဿနာတွေ အတွက် အချိုကြိုက်တဲ့ ကလေးကိ ုအပြစ်တင်လို့မရပါဘူး။ ကလေးတွေရဲ့ အစားအသောက်ကိုပြင်ဆင်ပေးတဲ့မေမေတို့အပေါ်မှာ အများကြီး တာဝန်ရှိတဲ့အတွက် သကြားကပေးတဲ့ နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုတွေ ကိုယ့်ကလေးတွေ အပေါ်မှာ မရှိစေဖို့ အစားအသောက်တွေကို ဘယ်လိုပြင်ဆင်ပေးကြမလဲ ။ ။

ကိုယ့်ကလေး သကြားလျှော့စားဖြစ်အောင် မေမေတို့ ဒီလို ကူညီပါ။ ။

( ၁ ) အချိုကို တဖြည်းဖြည်းချင်းလျှော့သွားပါ။

အချိုမစားရဘူးလို့ အတင်းအကြပ် ပိတ်ပင်တာထက်စာရင် အရင်စားနေကျ ပမာဏထက် မသိမသာလေး ဖြည်းဖြည်းချင်း လျှော့ပြီး ကလေးကိုကျွေးပါ။ အရင်နေ့တွေက သကြားလုံး ၃ ခုစားတယ်ဆို ဒီတစ်ပါတ်တော့ တစ်နေ့ ၂ လုံး၊ နောက်တစ်ပတ်ဆို တစ်နေ့ ၁လုံး နဲ့ လျှော့သွားပါ။ ဒီလိုနဲ့ နောက်ပိုင်း ကလေးလည်း အကျင့်ရသွားပြီး အချိုအရမ်းစားချင်နေတော့တာတွေ ဖြစ်မှာ မဟုတ်ပါဘူး။

( ၂ ) သရေစာ တွေထက် ကိုယ်တိုင်လုပ်ကျွေးတဲ့ မုန့်တွေက ပိုကောင်းပါတယ်။

အပြင်မှာ ဝယ်လို့ရတဲ့ မုန့်တွေထက်စာရင် အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ မုန့်တွေက သကြားလျှော့ထည့်လို့ရတဲ့အပြင် ကိုယ့်ကလေးအတွက် အာဟာရလည်း ဖြစ်စေမယ့် ပါဝင်ပစ္စည်းတွေကို ပိုထည့်ပေးလို့ရပါတယ်။ ဒါ့ကြောင့် ကလေးအတွက် သရေစာမုန့်တွေကို မေမေတို့ အချိန်ပေးပြီး ပြင်ဆင်ပေးပါ။

( ၃ )သကြား၊ ဆိုဒါ အများကြီးပါတဲ့ အသင့်သောက်ဗူး တွေကို ဖွက်ထားပါ။

ချစ်စရာကောင်းတဲ့ ထုတ်ပိုးမှုနဲ့ ကလေးတွေသောက်ချင်အောင် ဆွဲဆောင်ထားတဲ့ အချိုရည်တွေမှာ သကြားပါဝင်မှု နှုန်း အရမ်းမြင့်တဲ့အတွက် များများသောက်လေလေ ကလေးတွေအတွက် ဘေးဖြစ်လေလေပါပဲ။ ဒါ့ကြောင့် ဒလိုဗူးတွေကို အိမ်မှာ လုံးဝ ဝယ်မထားပါနဲ့။

( ၄ ) ကလေးတွေ မြင်သာတဲ့နေရာမှာ သစ်သီး တွေကိုပဲ ထားပါ။

ကလေးတွေ မြင်နိုင်တဲ့နေရာ၊ အလွယ်တကူ လှမ်းယူလို့ ရတဲ့နေရာမျိုးမှာ သကြားလုံးတွေ၊ ကွတ်ကီးတွေ ထားမဲ့အစား အရောင်စုံ သစ်သီးဝလံတွေထားပါ။ ဒီလိုလုပ်တာဟာ ကလေးတွေရဲ့ အချိုစားချင်စိတ်ကို ဖျောက်ပေးတာ ဖြစ်သလို အသီးတွေ ပိုစားဖြစ်အောင်လည်း ကူညီပေးနိုင်မှာပါ။

( ၅ )ကလေးတွေအတွက် စံနမူနာ ဖြစ်ပါစေ။

အတုမြင်၊ အတတ်သင် လွယ်တဲ့ ကလေးတွေဟာ မိဘတွေရဲ့ နေထိုင်ပုံတွေကို အမြဲလေ့လာနေပြီး အတုယူတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို ကျန်းမာပြီးအာဟာရရှိစေတဲ့ အစားအစာတွေကိုပဲ စားစေချင်တယ်ဆိုရင် ကိုယ်တိုင်က စပြီး ပြောင်းလဲဖို့ အရေးကြီးပါတယ်။ ထမင်းစားပြီး အချိုတည်းတဲ့ အမူအကျင့်တွေ၊ ရုပ်ရှင်ကြည့်ရင်း မုန့်ပဲသရေစာ စားတတ်တဲ့အကျင့်တွေကို မိဘတွေဘက်က အရင်ဆုံး ပြင်ဆင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း က မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကာကွယ်နိုင်မယ့် နည်းးလမ်းတွေကို သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read