backup og meta

ဆယ်တန်းစာမေးပွဲကြီးနီးလာပြီနော်။ ကိုယ့်ကလေးကို ဘာတွေကျွေးပြီး ဘယ်လိုပြုစုရမလဲ ။ ။

ကျောင်းသားဖြစ်ရင်တော့ စာမေးပွဲ နဲ့ ကင်းလွတ်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး စာမေးပွဲဖြစ်တဲ့ ဆယ်တန်းစာမေးပွဲ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) ရောက်လာတော့မှာပါ။ ဒီလို စာမေးပွဲရာသီဆိုတာ ကလေးရော မိဘရော စိတ်ရောကိုယ်ပါ အရမ်းပင်ပန်းကြတဲ့အချိန်ပါ။ ဒီအချိန်လေးက ကလေးရဲ့ ရှေ့လျှောက်ဘဝကို အဆုံးအဖြတ် ပေးနိုင်တာကြောင့် အတိမ်းအစောင်း နည်းနည်းလေးတောင်ခံလို့ မရတဲ့အတွက် ဒီ စာမေးပွဲရာသီ အတွင်းမှာ အားအင်တွေ ပြည့်နေအောင် မိဘတွေဘက်က ကိုယ့်ကလေးကို ဘယ်လို ပြုစု စောင့်ရှောက်ရမလဲ ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ် ။

အစားအသောက်က အရေးအကြီးဆုံးပါ။ ။

စာမေးပွဲ နီးလာပြီဆိုတာနဲ့ စာတွေကျက်ရတာ၊ ပူပန်မှုတွေ များရတာနဲ ကလေးတွေ အစားဘက်ကို အာရုံ မရောက်နိုင်ကြတော့ပါဘူး။ အစားအသောက်ဆိုတာ အားအင်ပြည့်ဝနေဖို့ ခေါင်းကြည်နေဖို့ အတွက် တစ်ဘက်တစ်လမ်းက ကူညီပေးနေတာဆိုတော့ မိဘဖြစ်သူတွေကပဲ ကိုယ့်ကလေး စားရမယ့် အစားအသောက်တွေကို စီစဉ်ပေးရမှာပါ။ ဒီတော့ ဘာတွေ စီစဉ်ပေးကြမလဲ ။ ။

အချိုများတဲ့ အစားအသောက်တွေ ။ ။

အချိုပါတဲ့ အစားအသောက်တွေ ကိုယ်တွင်းကို ဝင်သွားတဲ့အခါမှာ ဂလူးကိုစ့်အဖြစ် ပြိုကွဲသွားပါတယ်။ စာကျက်ရတဲ့အချိန် စာတွေကို ဖတ်မှတ်နေရတဲ့အချိန်တွေဆို ဦးနှောက်အတွက် ဂလူးကိုစ့်က မရှိမဖြစ်ပါ။ ဒီတော့ အားပြည့်စေတဲ့ နွားနို့တို့ ပေါင်မုန့်တို့ ကလေးကို များများကျွေးပါ။

အဆီမပါတဲ့ အသားတွေ ။ ။

အဆီမပါတဲ့ အသားတွေဆိုတာ ကြက်သား၊ ငါးတို့ကို ပြောတာပါ။ ဝက်သားတို့ အမဲသားတို့မှာကျတော့ ပြည့်ဝဆီ တွေအများကြီးပါတဲ့အတွက် သင့်ဦးနှောက်ကို ထုံထိုင်းစေပါတယ်။ ကြက်သားတို့၊ ငါးတို့မှာကျတော့ ပရိုတင်းဓါတ် တွေ အပြည့်အဝပါတဲ့အပြင် မှတ်ဉာဏ်ကောင်းဖို့အတွက် ဦးနှောက်ရဲ့ အဓိက အာဟာရဖြစ်တဲ့ အိုမီဂါ 3 လည်း အများကြီးပါတာကြောင့် ကြက်ပြုတ်ရည်တို့ ငါးတို့ဆိုတာ စာမေးပွဲဖြေနေတဲ့ကလေးတွေ စားကိုစားပေးသင့်တဲ့အရာတွေပါ။

အစေ့အဆန်တွေ။ ။

စာကျက်နေရင်း အိပ်ချင်လာတဲ့အခါ အပျင်းပြေဝါးဖို့ ဗန်ဒါစေ့၊ သစ်ကြားစေ့၊ နေကြာစေ့၊ သစ်အယ်သီးစေ့တွေကို ဝယ်ထားစေချင်ပါတယ်။ သူတို့မှာ ပါတဲ့ ဗီတာမင် E က သင်ဦးနှောက် နွမ်းနယ်နေတာကို ပြေပျောက်စေမယ့်အပြင် စားပြီးတာနဲ့ ဗိုက်ပြည့်စေမှာဖြစ်လို့ ဆာလောင်ခြင်းကနေလည်း ကင်းဝေးစေပါတယ်။

ထောပတ်သီး ။ ။

ခုလို ရာသီမှာ ဈေးထဲမှာ အပေါဆုံးအသီးက ထောပတ်သီးပါ။ ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းတော်တော်များများ အာဟာရပြည့်နေအောင် ရဖို့အတွက် သွေးလည်ပတ်မှု ကောင်းမှ ရမှာပါ။ ထောပတ်သီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်က သင့် မကောင်းတဲ့ ကိုလက်စရောတွေ သွေးထဲ လျော့ကျစေပြီး သွေးကြောကျဉ်းတာကို မဖြစ်အောင် တားဆီးပေးတာကြောင့် စာမေးပွဲအတွင် းအလုပ်အများဆုံးဖြစ်တဲ့ သင့်ဦးနှောက်လေးဆီ သွေးတွေ အပြည့်အဝ ရောက်နိုင်မှာပါ။

အားဆေးတွေသောက်ပါ ။ ။

ဘယ်လောက်ပဲ စားတယ်ပြောပြော အားဆေးတစ်လုံးမှာ ပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် တွေအတိုင်း အကုန်စုံအောင် လိုက်စားဖို့ မဖြစ်နိုင်တာကြောင့် စာမေးပွဲဖြေနေတဲ့ ကလေးတွေကို အားပြည့်နေအောင် ဖြည့်စွက်အားဆေးတွေ တိုက်သင့်ပါတယ်။

ဒါတွေကတော့ အရေးအကြီးဆုံးဖြစ်တဲ့ အစားအသောက်အပိုင်းပါ။ အစားအသောက်တင် မဟုတ်ပါဘူး။ စာမေးပွဲဖြေတော့မယ် ကိုယ့်ကလေးကို စိတ်ပိုင်းဆိုင်ရာ အားပေးရမယ့် တာဝန်တွေလည် းမိဘတွေမှာ ရှိပါသေးတယ်။ ။

  • ကလေးမှာ စိတ်ဖိစီးမှုတွေ အရမ်းများနေလား သေချာစောင့်ကြည်ပါ။ ။ စာထဲ အာရုံစိုက်လို့မရတော့ဘူး။ ပူပန်မှုတွေများနေမယ်။ စိတ်ဖိစီးပြီး ညဘက် အိပ်လို့လည်း မပျော်တော့ဘူးဆိုရင် မိဘတွေဘက်က ကိုယ့်ကလေး စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ဖေးမအားပေးပါ။
  • စာပိနေတဲ့ ကလေးကို ဖိအားတွေ ထပ်မပိပါစေနဲ့။ ဒီစာမေးပွဲမှာ ဂုဏ်ထူး ဘယ်နှစ်လုံးပါအောင် လုပ်၊ ဘယ်တက္ကသိုလ် ရောက်အောင် လုပ်ဆိုတာမျိုးတွေ ကလေးကို ဖိအားမပေးပါနဲ့။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကလေးတတ်နိုင်သလောက်ပဲ ကြိုးစားပါစေ။ အကောင်းဆုံး ပံ့ပိုးပေးရမှာကတော့ မိဘတွေ တာဝန်ပဲလေ။
  • ကိုယ့်ကလေးရဲ့ အိပ်ချိန်ကိုလည်း ဂရုစိုက်ပေးပါ။ အိပ်ချိန်ပြည့်ဝမှ ခေါင်းကြည်ပြီး စာတွေ ကျက်မှတ်နိုင်မှာဖြစ်လို့ ကိုယ့်ကလေးမှာ တစ်နေ့အိပ်ချိန် ၈ နာရီရှိစေဖို့ မိဘတွေဘက်က အမြဲ စောင့်ကြည့် သတိပေးနေသင့်ပါတယ်။

ကဲ ဒီလို စာမေးပွဲ ရာသီ အတွင်းမှာ စာမေးပွဲဖြေမယ့် ကလေးတွေက သာ ဘုရင်၊ သူတို့သာ အရေးအကြီးဆုံးပဲမို့ ဒီကလအတွင်းမှာ သူတို့ အတွက်ပဲ မိဘတွေ အနေနဲ့ စိတ်နှစ်ပြီး အားပေးဖို့ လိုတယ်နော် ။ ။

ရေးသားသူ- Dr Thin Yadanar@ Frances

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Brain foods for exam season https://hellodoktor.com/healthy-living/nutrition/brain-foods-exam-season/ Accessed Date 7.2.2019

Nutrition: School-Age https://www.stanfordchildrens.org/en/topic/default?id=school-aged-child-nutrition-90-P02280 Accessed Date 7.2.2019

School-Aged Child Nutrition https://www.hopkinsmedicine.org/health/wellness-and-prevention/schoolaged-child-nutrition Accessed Date 7.2.2019

Snacks for School-Age Kids https://kidshealth.org/en/parents/snacks-school-age.html Accessed Date 7.2.2019

What brain foods should kids eat? https://www.medicalnewstoday.com/articles/brain-food-for-kids Accessed Date 7.2.2019

 

ယခုပုံစံ

06/07/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကြောင့် ဦးနှောက်မပျက်စီးပါစေနဲ့။ ။

စာမေးပွဲဖြေရမယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်အားပေးမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement