backup og meta

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

ကလေး တစ်ယောက် ဘဝထဲ ရောက်လာပြီ ဆိုရင် မေမေတို့ အရင်ဆုံး တွေးမိတာက ကလေး ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာပြီး လှပတဲ့ အနာဂတ်လေးကို ပိုင်ဆိုင်ဖို့ဆို ခေါင်းငြိမ့်မိမယ် ဟုတ်။

သားသားမီးမီးတို့ရဲ့ လှပတဲ့ အနာဂတ်လေးကို ပုံဖော်ဖို့ဆိုရင် မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့………

 သားသားမီးမီးတို့ အတွက် အစားအစာ ဝယ်တဲ့အခါ ဘူးခွံပေါ်မှာ အထုပ်ပေါ်မှာ ဖော်ပြထားတဲ့ အာဟာရဇယားကို (Nutrition Label)  သေချာ ဖတ်ကြည့်ဖို့ပါပဲ။

ဒီလို ဖတ်ရှု လေ့လာပြီးမှ ကျွေးမွေး တာက မိမိ ကလေးကို ဘာ အာဟာရဓာတ်တွေတော့ ကျွေးမွေး ဖြစ်တယ်။ ဘာတွေတော့ လိုအပ်နေတယ် ဆိုတာ သိနိုင်ပြီး ပို ဂရုစိုက် ကျွေးမွေးလာနိုင် ပါလိမ့်မယ်။ ဒါမှလည်း ‘ကလေးက စားတော့ စားသောက် နေတာပဲ မထွားလာဘူး သိပ် မဖွံ့ဖြိုးဘူး’ဆိုတာမျိုးတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။

ဒီ နေရာမှာ မေးစရာရှိတာက အာဟာရဇယား ဖတ်တဲ့အခါ ဘာတွေကို အဓိက ကြည့်ရမလဲ ဆိုတာပါ။

အာဟာရဇယားကို ဖတ်တဲ့အခါ ဒါလေးတွေ ပါအောင် ဂရုစိုက်ပါ။

သားသားမီးမီး တို့အတွက် အစားအစာ တစ်ခုခုကို ဝယ်တော့မယ် ဆိုရင် အစားအစာထဲမှာ ဒါတွေ ပါဝင်တယ်ဆို ပျော်လိုက်ပါ မေမေ

 ခန္ဓာကိုယ် အကျိုးပြုဘက်တီးရီးယား

ဒီ ခန္ဓာကိုယ် အကျိုးပြုဘက်တီးရီးယားလေးတွေက ကလေးတွေ အစာခြေစနစ် ကျန်းမာစေဖို့ လိုအပ် ပါတယ်။ သူတို့လေးတွေက အစာခြေစနစ်ထဲမှာ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ထုတ် ပေးမှာပါ။ Lactobacillus ဒါမှမဟုတ် L. ___bacteriumဆိုတဲ့ နာမည်လေးနဲ့ ပါတတ်ပါတယ်။

 ပရိုတင်း

အရိုးတွေ သန်မာဖို့၊ ကိုယ်ခံအား ကောင်းဖို့၊ ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့ ကလေးတစ်ယောက်က ပရိုတင်း ပြည့်ဝနေဖို့ လိုပါမယ်။ ဒါမှ ကလေးက အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာမှာပါ။ အင်္ဂလိပ်လိုတော့ Protein လို့ရေးထားပါလိမ့်မယ်။

ဗီတာမင် C

ကိုယ်ခံအား ကောင်းစေ ဖို့၊ သံဓာတ် စုပ်ယူမှု ကောင်းစေဖို့၊ ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့၊ အရေပြား ကျန်းမာစေဖို့ အဓိက ဇာတ်လိုက်လေးပါ။ ဒါ​ကြောင့် ကလေး အတွက် အစားအစာ တစ်ခုခု ဝယ်တဲ့အခါ သူ့ကို မေ့မထားမိ ပါစေနဲ့။ အင်္ဂလိပ် လိုတော့ Vitamin C လို့ ရေးတတ်သလို Ascorbic acid လို့လည်း ရေးတတ်ကြပါတယ်။

DHA

သူကတော့ ကလေးရဲ့ ဦးနှောက် နဲ့ အမြင်အာရုံ အကောင်းဆုံး ဖွံ့ဖြိုးပြီး စူးရှတဲ့ မျက်လုံးလေးတွေ နဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ဖန်တီးပေးမယ့် ဖန်တီးရှင်လေးပါ။ သူကလည်း ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့အတွက် အရေးကြီး ပါတယ်။

ဗီတာမင် A

အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ နောက်ထပ် မပါမဖြစ် ထည့်သွင်းရမယ့် အာဟာရ တစ်မျိုးကတော့ ဗီတာမင် A ပါ။ Vitamin A လို့ ရေးထား ပါလိမ့်မယ်နော်။

ကယ်လ်ဆီယမ်

အရိုး နဲ့ သွားတွေ သန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ကတော့ ကယ်လ်ဆီယမ် ပြည့်ဝအောင် ဖြည့်ပေး ရပါမယ်။ Calcium လို့ ရေးထားမယ့် ကယ်လ်ဆီယမ် (Calcium) နဲ့ အတူ အိုင်အိုဒင်း(Iodine)၊ ဗီတာမင် D (Vitamin D)၊ ပိုတက်ဆီယမ် (Potassium)၊ မဂ္ဂနီဆီယမ် (Magnesium) တို့ပါ ပြည့်ဝ နေရင်တော့ ကောင်းသည် ထက် ကောင်းပြီလို့ ပြောလို့ ရပါမယ်။

ARA လို့ခေါ်တဲ့ omega-6 fatty acid

ဦးနှောက် ဖွံ့ဖြိုးပြီး ဉာဏ်ရည် ထက်စေဖို့ မဖြစ်မနေ ပါဝင်သင့်တဲ့ အာဟာရ တစ်မျိုးပါ။ ဒါကြောင့် ကလေးအတွက် အစားအစာ ရွေးချယ်တဲ့အခါ မဖြစ်မနေ ထည့်ကြည့်ဖို့ လိုပါမယ်။

ဒီတော့ အခုကစပြီး သားသားမီးမီးတို့အတွက် အစားအစာ တစ်ခုခု ဝယ်တဲ့အခါ ဒါတွေ ပါလား ဆိုတာကို သေချာလေး ဆန်းစစ်ကြည့်ရှုလိုက်ပါ မေမေရေ…….

သားသားမီးမီးတို့ရဲ့ အနာဂတ် လှပရေး အတွက် ပြည့်ဝ လုံလောက်တဲ့ အာဟာရကို ဖြည့်ဆည်း ပေးနိုင်စေဖို့ ကလေး အစားအသောက်တွေ၊ အာဟာရ ဓာတ်စာ နဲ့ နို့မှုန့်တွေရဲ့ ဘူးခွံပေါ်က အာဟာရ ဇယားထဲမှာ ဒီ စာလုံးလေးတွေကို  မဖြစ်မနေ ရှာကြည့်ကြစို့နော်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Figuring Out Food Labels https://kidshealth.org/en/kids/labels.html Accessed Date 17 December 2020

Nutrition labels: Finding out about the food you eat https://www.aboutkidshealth.ca/article?contentid=1952&language=english Accessed Date 17 December 2020

ယခုပုံစံ

16/06/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ



Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement