backup og meta

ကလေးများအတွက် ဒိုင်းသဖွယ် ကာကွယ်ပေးမယ့် နို့တစ်ခွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများအတွက် ဒိုင်းသဖွယ် ကာကွယ်ပေးမယ့်  နို့တစ်ခွက်

    ခုချိန်မှာ မေမေတစ်ယောက်အနေနဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို ပြောပါဆိုရင် မေမေ့ကလေးတွေကို အမြဲ ကျန်းမာစေချင်တာတစ်ခုက အမြဲ နံပါတ်တစ်ပါပဲ။ ကျန်းကျန်းမာမာနဲ့ ဆော့ကစားနေတဲ့ ကလေးတွေကို မြင်နေရတာ မေမေအတွက်တော့ စိတ်ချမ်းသာစရာပါ။

    ကလေးတွေကို ရောဂါဘယကင်းဝေးပြီး ကျန်းမာအောင် ပြုစုပေးဖို့ မေမေတို့ ဘယ်လောက်တောင် ပင်ပန်းလဲဆိုတာ မေမေတို့ပဲ သိပါတယ်။ ခုလိုအချိန်မျိုးဆို ကလေးတွေ နှာစေးနေမလား၊ ချောင်းဆိုးနေမလားဆိုပြီး အရိပ်တကြည့်ကြည့်နဲ့ကို ဂရုစိုက်နေကြရမှာပါ။

    ဒီတော့ မေမေတွေ ဘာလုပ်ကြမလဲ။

    မေမေတို့ သိထားပြီးသား နည်းလမ်းတွေ ဖြစ်တဲ့ အစာအာဟာရပြည့်ဝအောင် ကျွေးတာ၊ အိပ်ရေးဝအောင် သိပ်တာပါပဲ။ ဒါတွေအပြင် ခုလို ကာလဆိုရင်တော့ လက်ဆေးတာတို့၊ မဖြစ်မနေအပြင်ထွက်ရရင် နှာခေါင်းစည်းတပ်ရတာတို့ပါ ပါလာပါပြီ။ ဒီလောက်သိရုံနဲ့ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးပါဘူး။ အထူးသဖြင့် အာဟာရပြည့်အောင် ကျွေးတဲ့နေရာမှာပေါ့။

    မေမေတို့ အနေနဲ့ ကလေးတွေကို ဘာကျွေးရမလဲဆိုတာနဲ့ ပတ်သတ်ပြီး အမြဲတမ်း ဒွိဟဖြစ်နေမှာပါ။ ကလေးတွေကို ထမင်းကျွေးရုံနဲ့ လုံလောက်ပါ့မလား။ နောက်ထပ် ဘာတွေ ထပ်ဖြည့်ပြီး ကျွေးရင် ကောင်းမလဲ။ ဘာတွေစားရင် သူတို့ ပိုပြီး အာဟာရ ပိုပြီး ပြည့်မလဲ။ ကျွေးတာမလုံလောက်လို့ ငါ့ကလေးတွေ ကိုယ်ခံအား မကောင်းဘဲ ဖျားနာရင် ဘယ်လို လုပ်မလဲ။ ဒါတွေက ဒီကာလမှာ ဖြစ်တတ်တဲ့ မိခင်သောကတွေပေါ့။

    ဒါဆို မေမေတို့ ဘာထပ်ကျွေးလို့ ရသေးလဲ။

    မေမေတို့ ကလေးက ထမင်းကောင်းကောင်းစားတယ်။ အသားငါး အသီးအရွက် အကုန်စားတယ်ဆိုရင်တော့ မေမေကံကောင်းတာပါပဲ။ ဒါပေမယ့် ကလေးက အစားကြေးများတာပဲ ဖြစ်ဖြစ်၊ စားတော့ စားပါရဲ့ နည်းနည်းပဲ စားတယ်ဆိုရင် ကလေးက ကိုယ်ခံအားကောင်းဖို့ အာဟာရလုံလုံလောက်လောက်ရမှာ မဟုတ်ပါဘူး။ ဒါဆိုရင် အပြင်ကနေ ဖြည့်စွက်ပြီး ကျွေးဖို့ လိုလာပါပြီ။

    ဖြည့်စွက်ပြီး ကျွေးမယ်ဆိုရင် မေမေတို့အနေနဲ့ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို သေချာ စိစစ်ဖို့လိုပါတယ်။ အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ ပစ္စည်းတွေကို ကျွေးဖို့လိုပါတယ်။ ခုဆိုရင် စျေးကွက်ထဲမှာ အာဟာရဖြည့်နို့တွေ ရှိနေပြီဖြစ်လို့ မေမေတို့ စိတ်ကြိုက်ရွေးချယ်လို့ ရနေပါပြီ။

    ဘယ်လိုရွေးချယ်ရမှာလဲ။

    အသက်နှစ်နှစ်ကျော်လာပြီဆိုရင် ကလေးတွေက အမေ့နို့ကို သိပ်မသောက်တော့ပါဘူး။ သောက်တယ်ဆိုရင်တောင် နည်းသွားပါတယ်။ ထမင်းကျတော့လည်း ကလေးဆိုတော့ ဂျီးများတဲ့အတွက် ဟက်ဟက်ပက်ပက် မစားကြပါဘူး။ ဒါကြောင့် မေမေတို့ အနေနဲ့ အာဟာရဖြည့်နို့မှုန့်တွေကို တိုက်ကျွေးဖို့ စဉ်းစားလာပါပြီ။

    အာဟာရဖြည့်နို့မှုန့်တွေကို ရွေးချယ်မယ်ဆိုရင် ကလေးမှာ လိုအပ်တဲ့ အာဟာရတွေ ပါဝင်တဲ့ နို့ကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ကလေး ကိုယ်ခံအားကောင်းဖို့၊ ထွားဖို့၊ ဉာဏ်ကောင်းဖို့ စသဖြင့် လိုအပ်တဲ့ အာဟာရတွေ အားလုံးပါဝင်နေမှ ကလေးအတွက် တိုက်ရကျိုးနပ်မှာပါ။

    ဘယ်လိုအာဟာရတွေ ပါဝင်အောင် ရွေးချယ်သင့်သလဲ။

    ခုလိုအချိန်ဆိုရင်တော့ ကိုယ်ခံအားက အရေးကြီးတာပေါ့။ ဒါကြောင့် သိပြီးသား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြင် ဒီလိုအာဟာရဓာတ်တွေပါဝင်တာကို ရွေးချယ်သင့်ပါတယ်။

    • HMOs (Human Milk Oligosaccharides)

    လူရဲ့ နို့မှာပါတဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေတဲ့ အမျှင်ဓာတ်တစ်မျိုးပေါ့။ ဒီဓာတ်လေးက

    – အူလမ်းကြောင်းထဲမှာ ရှိတဲ့ ကောင်းကျိုးပြု ဘတ်တီးရီးယားတွေကို ရှင်သန်စေလို့ အစာအိမ်နဲ့ အူလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ပေးတယ်။

    -ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ကာကွယ်ပေးတယ်။

    -ဒါ့ပြင် နို့သောက်လိုက်တဲ့အခါ လည်ချောင်းနားက ဆဲလ်တွေမှာ ကပ်တွယ်ပြီး ပြင်ပက အသက်ရှူလမ်းကြောင်း ရောဂါပိုးတွေ ဝင်လို့ မရအောင် ကာကွယ်ပေးနိုင်ပါသေးတယ်တဲ့။

    • Bifidus BL

    ဒါကတော့ probioticsလို့ ခေါ်တဲ့ ကောင်းကျိုးပြု ဘတ်တီးရီးယား အမျိုးအစားပါ။ သူ့ရဲ့ ကောင်းကျိုးတွေကတော့

    -ခုခံအားကို ကောင်းစေလို့ ဝမ်းပျက်ဝမ်းလျှောအပြင် အအေးမိတာလိုမျိုး အသက်ရှူလမ်းကြောင်း ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။

    -ဝမ်းချုပ်တာကိုလည်း ကာကွယ်ပေးပါတယ်။

    သူ့ရဲ့ အလုပ်က အူလမ်းကြောင်းမှာရှိတဲ့ မကောင်းတဲ့ ဘတ်တီးရီးယားတွေကို ရှင်းထုတ်ပေးတာကြောင့် မေမေ့ကလေးကို ကျန်းမာတဲ့ ဝမ်းဗိုက်ကလေး ရရှိစေမှာပါ။

    တခြားအာဟာရတွေရော ဘာလိုအပ်သေးလဲ။

    ဒါကတော့ ကိုယ်ခံအားကို ဒိုင်းသဖွယ်သန်မာစေတဲ့ အာဟာရဓာတ်တွေပါ့။ ဒါတွေအပြင် ကလေးဉီးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ပေါ့ DHA နဲ့ ARA ဓာတ်တွေပါ ပါရင်တော့ အပြည့်စုံဆုံးပေါ့ မေမေတို့ရယ်။

    နောက်ဆုံး အနေနဲ့ အရေးကြီးတာကတော့ ကလေးကို တိုက်မယ့် နို့ထဲမှာ အချိုမကဲစေဖို့ပါပဲ။ သကြားဓာတ်တွေ များလွန်းတာက ကလေးကို အဝလွန်စေပြီး စောစောစီးစီး သွားပိုးစားစေပါတယ်။

    ပြည့်စုံတဲ့ အာဟာရဆိုတာ

    မေမေတို့ ပုံမှန်ထမင်းကျွေးတာအပြင် ကလေးအတွက် လိုအပ်တဲ့ အာဟာရကိုပါ ဖြည့်စွက်ပေးရင် ဒါဟာ ကောင်းမွန်တဲ့ အာဟာရပဲပေါ့။ ရောဂါကာကွယ်စေဖို့ လူကြီးတွေလို ဗီတာမင်နဲ့ သတ္တုဓာတ်ပဲ  လိုအပ်တာ မဟုတ်ပါဘူး။ ကလေးသဘာဝအရ ရောဂါကာကွယ်စေတဲ့ တခြားအာဟာရတွေကိုပါ ဖြည့်စွက်ထားဖို့ လိုအပ်ပါတယ်။

    ရောဂါကင်းတဲ့ ကလေးဟာ ပုံမှန်ကြီးထွားနေမှာ ဖြစ်ပြီး ကျောင်းတက်ရက်လည်း မှန်လို့ စာလည်း လိုက်နိုင်တဲ့ ကလေး ဖြစ်လာမှာပါ။ ဒါကြောင့် နေ့ရက်တိုင်းမှာ ရောဂါပိုးတွေကနေ ကလေးများအတွက် ဒိုင်းသဖွယ် ကာကွယ်ပေးမယ့် နို့တစ်ခွက်ကတော့ လိုအပ်နေပါပြီ မေမေတို့ရေ . . .

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement