backup og meta

မူကြိုကလေးများတွင် ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မူကြိုကလေးများတွင် ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးမှု

    အသက် ၃နှစ်မှ ၅နှစ်တွင် သင်၏ကလေးသည် တစ်ကိုယ်ကောင်းဆန်မှု နည်းလာပြီး ပို၍ ဖော်ရွေသော လူ တစ်ယောက်အဖြစ် ပြောင်းလဲလာသည်။ သင့်အပေါ်တွင် မှီခိုမှု နည်းလာပြီး အခြားလူများဖြင့် ဘယ်လို ဆက်ဆံရန်၊ မျှဝေရန် စတင်သင်ယူလာသည်။ မိဘများသည် ကလေးများ ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးလာသော အချိန်တွင် ဘာတွေ ဖြစ်သလဲကို ပို၍လေ့လာသင့်ပြီး သူတို့ကောင်းစွာ ကြီးပြင်း လာရန် ကူညီရမည်။

    စိတ်ကူးပြီးကစားခြင်း

    ဤအရွယ်တွင် ကလေးများသည် တစ်ဦးနှင့်တစ်ဦး ကစားကြသည်။ အခြားကလေးများဖြင့် လှုပ်ရှားမှုများကို အမှန်တကယ် လုပ်ဆောင်သည်။ အရုပ်များ၊ ဂိမ်းများထက် ယုံတမ်းပုံပြင်များလုပ်ပြီး ကစားကြသည်။ ကလေးများသည် အရွယ်ရောက်သူများ၏ အလုပ်ကို တုပပြီးကစားကြသည်။ ဥပမာ ဈေးဝယ်ထွက်ခြင်း၊ ရဲစခန်းသို့သွားခြင်း။ ထိုလှုပ်ရှားမှု များသည် ကလေးများကို ဆွဲဆောင်သည်။ အရွယ်ရောက်ပြီး သူများ၏ လှုပ်ရှားမှုကို တုပခြင်းအားဖြင့် ကလေးများသည် တစ်ဦးကို တစ်ဦးကူညီရန်၊ ပူးပေါင်းဆောင်ရွယ်ရန်နှင့် ဂရုစိုက် ရန် သင်ယူလာသည်။

    လိင်များကို စူးစမ်းခြင်း

    ထို သရုပ်ဆောင်သော ကစားနည်းများတွင် သင့်ကလေး သည် သူတို့၏ ကိုယ်ပိုင်လိင်ကို စတင်ဖော်ထုတ်လာသည်ကို သင်တွေ့ရလိမ့်မည်။ ဥပမာ ယောက်ျားကလေးများသည် ဖခင်အနေတွင် ကစားပြီး မိန်းကလေးများသည် မိခင်နေရာ တွင် ကစားနိုင်သည်။ ထိုအရွယ်တွင် သင်၏သားသည် အဖေ၊ အကိုကြီးများနှင့် အိမ်နီးနားချင်းရှိ အခြား ယောက်ျားလေး များကို စိတ်ဝင်စားနှစ်သက်နိုင်ပြီး သင်၏ သမီးသည် အမေ၊ အမကြီးများနှင့် အခြားမိန်းကလေးများကို နှစ်သက်လိမ့်မည်။

    လေ့လာမှုအရ ယောက်ျားလေးများနှင့် မိန်းကလေးများ ကို ခွဲခြားပေးသော ဖွံ့ဖြိုးမှုနှင့် အပြုအမူကွာခြင်းခြင်းသည် အနည်းငယ်သာရှိသည်ဟု ဆိုသည်။ ဤအသက်အရွယ်တွင် လိင်နှင့်ဆိုင်သော စရိုက်လက္ခဏာအများစုသည် မိသားစုနှင့် လူထုမှ လွှမ်းမိုးမှုအတိုင်း ပုံပေါ်သည်။ သင့်မိသားစုတွင် အမေနှင့် အဖေသည် အိမ်၏ တာဝန်များကို တူညီစွာ ခွဲဝေ လုပ်သော်လည်း သင့်ကလေးသည် အိမ်နီးနားချင်းများ၊ သူငယ်ချင်းများ၏ မိဘများတွင် မတူညီသည်ကို သတိပြုနိုင် သည်။

    ကလေးများသည် သူတို့လိင်နှင့် သင့်တော်သော သို့မဟုတ် မသင့်တော်သော အပြုအမူများကို သဘောကျခြင်း သို့မဟုတ် မနှစ်သက်ခြင်း ဖြစ်လာနိုင်သည်။ ရလဒ်အနေဖြင့် ကလေးများ၏ လိင်ပိုင်းဆိုင်ရာ လက္ခဏာကို တည်ငြိမ်မြဲမြံ စေသည်။

    ကျောင်းသွားခြင်း

    ကျောင်းသည် သင့်ကလေး လူအများနှင့် တွေ့ကြုံရ သော ပထမဆုံးအတွေ့အကြုံ ဖြစ်သည်။ သင့်ကလေးသည် အခြားလူများဖြင့် မျှဝေခြင်း၊ ကူညီခြင်း ပြုမည်။ အထူးသဖြင့် ထိုအသက်အရွယ်အတွက် စီစဉ်ထားသော ကျောင်းရှိ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် သင့်ကလေးသည် ပေါင်းသင်း ဆက်ဆံရေး တိုးတက်လာနိုင်သည်။ သင့်ကလေးသည် ကျောင်းတက်ရန် အရွယ်မရောက်သေးပါက အခြား ရွယ်တူ များဖြင့် ကစားရန် အခွင့်အရေးပေးပါ။ ဥပမာ အခြားကလေး များဖြင့် ကစားကွင်းတွင် ကစားခြင်း။

    ရွယ်တူများဖြင့် ဆက်ဆံရေး

    ဤအရွယ်တွင် သင့်ကလေးသည် သင့်ထက် သူ၏ သူငယ်ချင်း အပေါင်းအဖော်များကို ပိုပြီးနှစ်သက် နိုင်သည်။ ၎င်းသည် ကောင်းသော လက္ခဏာတစ်ခု ဖြစ်ပြီး သင်သည် ထို ခင်မင်ရင်းနှီးမှုကို အားပေးသင့်သည်။ သင့်ကလေးသည် ဆက်ဆံရေးတွင် ဘာကမှားသည် ဘာကမှန်သည် ဟူသော စံနှုန်းများကို စတင်လေ့လာနိုင်သည်။

    စောဒကတက်သော ကလေးဖြစ်လာခြင်း

    သင့်ကလေး၏ အပြုအမူသည် ရုတ်တရက် ပြောင်းလဲ နိုင်သည်။ သူသည် တစ်စုံတစ်ခုကို တအား တောင်းဆိုခြင်း သို့မဟုတ် သင်မှ သူတစ်ခု မှားလုပ်သည်ကို ပြောသောအခါ သင့်အား ပြန်ပြောခြင်း လုပ်နိုင်သည်။ စိတ်အေးအေးထားပြီး သင့်တော်စွာ တုံ့ပြန်ပါ။ သင့်ကလေးသည် ဤအရွယ်တွင် စိတ်ပိုင်းဆိုင်ရာ အလွန် ခံစားလွယ်သောကြောင့်ဖြစ်သည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement