ကိုယ်ခန္ဓါမှာ ဓါတ်မတည့်တာတစ်ခုခုဖြစ်တာနဲ့ အထင်ရှားဆုံးနဲ့ အရင်ဆုံး သိနိုင်တာက အရေပြားပဲဖြစ်ပါတယ်။ အရင်တည်းက အရေပြားပြဿနာရှိတဲ့ ကလေးတွေ အစားအသောက်တစ်ခုခုမှားလိုက်တာနဲ့တင် ဖြစ်နေတဲ့ အရေပြားပြဿနာတွေ ပိုဆိုးသွားတတ်တာကြောင့် အစားအသောက်တွေကို သေချာပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ကလေးတွေမှာ ဓါတ်မတည့်တာကိုဖြစ်စေတဲ့ အစားအသောက်တွေကဘာတွေလဲဆိုတာ မေမေတို့သိဖို့ အရေးကြီးပါတယ်။
ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲ ။ ။
- ညှင်းခူ ( eczema)
- အသားနဲ့ ထိတွေ့တဲ့ ပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့ပြဿနာ ( Allergic contact dermatitis )
- အင်ပြင်ထွက်ခြင်း ( Hives)
- ဖုန်၊ဝတ်မှုန်၊ တိရိစ္ဆာန်အမွှေးတွေနဲ့ တစ်ချို့ အစားအစာတွေကြောင့် ဓါတ်မတည့်မှုတွေဖြစ်ပြီး အရေပြားမှာ အနီကွက်ထတာမျိုး တွေဖြစ်တတ်ပါတယ်။
ကလေးတွေမှာ ဓါတ်မတည့်တာဖြစ်ရင် ဘာလက္ခဏာတွေဖြစ်တတ်လဲ ။ ။
- အရေပြားမှာ အနီဖုလေးတွေပေါက်နေမယ်
- အင်ပြင်အကွက်တွေထနေမယ်
- အသားခြောက်နေမယ်
- ဝမ်းလျှောမယ်။
- အသက်ရှူကြပ်နေမယ်
- ချောင်းဆိုးမယ်ဆိုရင်
- မျက်လုံးယားပြီး နီနေမယ်၊ မျက်လုံးအစ်နေမယ်
- နှုတ်ခမ်းတွေထူလာတာတွေက ဓါတ်မတည့်တာတွေရဲ့ လက္ခဏာတွေပါ။
ကလေးတွေက နုနယ်လွန်းတဲ့အတွက် ဓါတ်မတည့်မှုတွေဖြစ်နေတဲ့အချိန် အစားအသောက်တွေ သေချာမရွေးဘဲ ကလေးမတည့်တာတွေကို ကျွေးမိရင်ပိုဆိုးသွားနိုင်တာကြောင့် ဘယ်လိုအစားအသောက်တွေက ကလေးနဲ့ ဓါတ်မတည့်တာ အများဆုံးဖြစ်လဲဆိုတာ မေမေတို့ သိထားသင့်ပါတယ်။
ကလေးကို ဓါတ်မတည့်တာဖြစ်စေနိုင်တဲ့ အစားအသောက်များ ။ ။
- နို့နဲ့ နို့ထွက်ပစ္စည်းများ ( lactose Intolerance)
- ဥအမျိုးမျိုး
- မြေပဲ
- သစ်ကြားသီး၊ ဗန်ဒါစေ့၊
- ပဲပိစပ်
- Gluten ပါသော ပန်းဂျုံ
- ပင်လယ်စာ တွေက ကလေးအများဆုံးဓါတ်မတည့်နိုင်တဲ့အစားအစာတွေပါ။
နုနယ်လွန်းတဲ့ ကလေးတွေမှာ ဓါတ်မတည့်မှုတွေဖြစ်ရင် အသက်သေဆုံးတဲ့အထိ ပြင်းထန်တတ်ပါတယ်။ အဲဒီလိုပြင်းထန်နေပြီဆိုရင် ဆေးဘက်ဆိုင်ရာ အကူအညီယူ ချက်ချင်းယူဖို့လိုအပ်ပါတယ်။ ပန်းနာရင်ကြပ်ဖြစ်နေတဲ့ ကလေးတွေမှာ အစာဓါတ်မတည့်တာမျိုးဖြစ်ရင်လည်း ပိုပြီးပြင်းထန်တတ်ပါတယ်။
ဒါဆို အစာနဲ့ ဓါတ်မတည့်မှုကို ဖြေရှင်းဖို့နည်းလမ်းတွေ မရှိတော့ဘူးလား။ ။
အကောင်းဆုံးကတော့ ကလေးနဲ့ ဓါတ်မတည့်တဲ့ အစားအသောက်တွေကို စာရင်းပြုစုထားပြီး ရှောင်ပါ။ သရေစာတွေဝယ်တော့မယ်ဆိုရင် နောက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကို သေချာကြည့်ပါ။ ဒါတွေက တကယ်တမ်းလက်တွေ့လုပ်ရမယ်ဆို မလွယ်တဲ့ကိစ္စကြီးပါ။ ဥတို့ နို့တို့ဆိုတာ မုန့်တော်တော်များများမှာ ပါဝင်တဲ့ ပစ္စည်းတွေဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း ဓါတ်မတည့်တဲ့သူတစ်ယောက်ဟာ သူမတည့်တဲ့ အစားအသောက် နည်းနည်းလေးစားမိရင်တောင် မှ ပြင်းထန်းတဲ့ တုန့်ပြန့်မှုတွေဖြစ်နိုင်တဲ့အတွက်ကြောင့် သေချာ သတိထားစေချင်ပါတယ်။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-vaccination-tool]