ကိုယ့်သားသမီးတွေ ချောင်းဆိုးတယ်ဆို ချောင်းဆိုးပျောက်ဆေးတိုက်မယ်၊ ရင်လူးဆေးတိုက်မယ်။ ချောင်းဆိုးသံမကြားရတော့ဖို့သာ အရင်ဆုံးကြိုးစားကြမှာပါ။ ဒါပေမယ့် ဆေးကုသပြီးတာတောင်မှ မပျောက်နိုင်သော ချောင်းဆိုးဝေဒနာအတွက်တော့ ဖေဖေမေမေတို့ သတိထားမိဖို့လိုပါတယ်။ ရိုးရိုးချောင်းဆိုးတာလား၊ ပန်းနာရင်ကျပ်ဖြစ်နေတာလား ဆိုတာကို ဆရာဝန်ကပဲ သေချာစစ်ဆေးပေးနိုင်မှာမို့ ကလေးမှာဖြစ်နေတဲ့ဝေဒနာနဲ့လက္ခဏာအကြောင်းတွေ သေချာပြောပြပေးပါ။
ပန်းနာရင်ကျပ်ဆိုတာ အမြစ်ပြတ်ကုသပျောက်ကင်းနိုင်တဲ့ရောဂါမဟုတ်တဲ့အတွက်နာတာရှည်ဝေဒနာမဖြစ်ဖို့၊ အရေးပေါ်အခြေအနေဖြစ်မလာဖို့ ကြိုတင်ကာကွယ်တာရယ်၊ ရောဂါကိုထိန်းချုပ်တာရယ်ပဲ လုပ်လို့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ပန်းနာရင်ကျပ်ကုသပေးတဲ့ ဦးတည်ချက်က –
ပန်းနာရင်ကျပ်ကိုကုသရာမှာ ရောဂါထိန်းချုပ်တဲ့သောက်ဆေးတွေနဲ့ အရေးပေါ်အမြန်ကုသဖို့သုံးတဲ့ ရှူဆေး(inhaler)တွေရှိပါတယ်။ သောက်ဆေးကိုတော့ ကလေးရဲ့အသက်နဲ့ကိုယ်အလေးချိန်ကို မူတည်ပြီးဆေးပမာဏကိုဆရာဝန်တွေက ချင့်ချိန်ညွှန်းပေးကြတာဖြစ်ပါတယ်။
ကလေးက အသက်ကိုတအားရှိုက်ရှူနေရတာ၊ ရင်ညွန့်အလယ်မှာချိုင့်ဝင်တဲ့အထိ အသက်ကိုမနည်းရှူနေရတာ၊ အသက်ရှူကျပ်လာလို့ စကားမပြောနိုင်တော့တာ၊မောကျပ်ပြီးပြာလာတာလိုမျိုး အရေးပေါ်အခြေအနေလက္ခဏာတွေဖြစ်လာရင် အမြန်မကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေမရောက်ခင် အမြန်သက်သာအောင် ဟန့်တားနိုင်တဲ့inhaler ဟာ ဆရာဝန်တွေရဲ့ ကုသမှုဆေးညွှန်းမှာ ပါဝင်နေတာဖြစ်ပါတယ်။
လက္ခဏာသိပ်မပြင်းထန်ဘဲ ကြိုကြားကြိုကြားပဲ ပန်းနာရင်ကျပ်ထတတ်တဲ့ကလေးတွေအတွက်ဆို အမြန်သက်သာစေတဲ့ inhalerတွေနဲ့တင် လုံလောက်ပါတယ်။ ကလေးရဲ့အသက်အရွယ်နဲ့ခံနိုင်ရည်ကိုမူတည်ပြီး inhaler ပေးတဲ့နည်းလမ်းကို ဆရာဝန်က ရွေးချယ်ပေးပါလိမ့်မယ်။