backup og meta

သွေးလွန်တုပ်ကွေး ရောဂါ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးလွန်တုပ်ကွေး ရောဂါ

    မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါ ဆွေးနွေးပေးမှာကတော့ အခုတလော လူကြီးတွေ ဖြစ်နေတတ်တဲ့ သွေးလွန်တုပ်ကွေး ရောဂါ အကြောင်းပါ ။

    သွေးလွန်တုပ်ကွေး ရောဂါက မိုးရာသီမှာ အဖြစ်များတယ်ဆိုတာ လူတိုင်းသိပါတယ် ။ လူတွေသိကြတာတော့ သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးတွေမှာ ပိုဖြစ်တတ်ကြတာပါ ။တကယ်တော့ သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်လာတဲ့ Aedes ခြင်မ ကိုက်ခံရတဲ့ ဘယ်သူမဆို ရောဂါဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ လူအချင်းချင်း ကူးစက်တဲ့ရောဂါ မဟုတ်ပါဘူး ။

    ရောဂါလက္ခဏာတွေကရော

    သွေးလွန်တုပ်ကွေးရောဂါမှာ အဖြစ်များတတ်တဲ့ လက္ခဏာတွေကတော့

  • ရုတ်တရက် အဖျားတက်ခြင်း
  • ခေါင်းထိုးကိုက်ခြင်း
  • မျက်လုံးအောင့်ခြင်း
  • အရိုးအဆစ်များ ကိုက်ခဲခြင်း
  • ကြွက်သားနာကျင်ခြင်း
  • မူးဝေ အော့အန်ခြင်း
  • အရေပြားမှာ အကွက်ထွက်ခြင်း ( ရောဂါဖြစ်ပြီး ၅ရက်နှင့် ၇ရက်ကြား တွင် ‌ထွက်တတ်ပါသည်)
  • သွေးထွက်ခြင်းတွေ ဖြစ်တတ်ပါတယ် ။
  • သွေးလွန်တုပ်ကွေး ရောဂါရဲ့ နောက်ဆက်တွဲများ

    သွေးလွန်တုပ်ကွေးရောဂါဟာ မကုသရင် ၊ကုသပေမဲ့ နောက်ကျရင် ‌ကလေးတွေမှာ အသက်အန္တရာယ်ရှိစေနိုင်ပါတယ် ။ နောက်ဆက်တွဲရောဂါတွေကတော့ ‌ကိုယ်ပူရှိန်တက်ခြင်း ၊ သွေးကြောများနဲ့ ပြန်ရည်ကြောများ ပျက်စီးခြင်း ၊ အသည်းကြီးခြင်း ၊ ရှော့ခ်ဖြစ်ခြင်းနဲ့ သေဆုံးခြင်း အထိဖြစ်တတ်ပါတယ် ။ အထူးသဖြင့် ကိုယ်ခံအားစနစ်အားနည်းတတ်တဲ့ လူတွေ (ကလေးနှင့် သက်ကြီးရွယ်အိုများ) ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ဖူးတဲ့ လူတွေမှာ ပိုပြီး အသက်အန္တရာယ်ဖြစ်‌စေတတ်တဲ့အတွက် သတိထားဖို့ လိုအပ်ပါတယ် ။

    သွေးလွန်တုပ်ကွေး ရောဂါ ဟုတ်မဟုတ် သိရှိနိုင်ဖို့အတွက် ‌ကိုယ်တွင်းမှာ ရှိတဲ့ ဗိုင်းရပ်စ်ပိုးကို သွေးစစ်ရှာခြင်း ၊ ခန္ဓာကိုယ်ကထွက်တဲ့ Antibody ဇီဝပစ္စည်းကို ရှာဖွေခြင်း ၊  ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် အခြားလိုအပ်သော စစ်ဆေးမှုတွေကို ပြုလုပ်ရမှာပါ ။

    သွေးလွန်တုပ်ကွေး ရောဂါကို ကာကွယ်ဖို့အတွက် မြန်မာတွေ အသိများတဲ့ ဖုံး၊သွန်၊လဲ၊စစ် က အရေးကြီးပါတယ် ။ ရေစည်‌ရေအိုးများကို ဖုံးအုပ်ထားခြင်း ၊ ခြံထဲ လမ်းထဲမှာရှိတဲ့ တာယာခွံ ၊ အိုးခြမ်းပဲ့တွေထဲမှ ရေသွန်ခြင်း၊ ဘုရားပန်း ညောင်ရေအိုးများကို ပုံမှန်လဲလှယ်ခြင်း ၊ ပိုးလောက်လန်းများကို စစ်ခပ်ခြင်းတွေ လုပ်သင့်ပါတယ် ။

    ဒါ့အပြင် ခြင်မကိုက်တဲ့ လိမ်းဆေးများ လိမ်းခြင်း ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ခြင်း ၊ ခြင်ထောင်အသုံးပြုခြင်း ၊ ခြင်မဝင်နိုင်အောင် ခြင်လုံဇကာများ ကပ်ခြင်း စတာတွေက ခြင်မကိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ် ။

    ရေးသားသူ – Dr. Aung Kyaw Myint

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement