အကောင်းဆုံးနဲ့ ဘေးအကင်းဆုံးကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းဆီ ကလေးကို ခေါ်သွားတာပဲဖြစ်ပါတယ်။ အိမ်မှာ ကလေးကို အတင်းညှစ်ထုတ်ခိုင်းတာတို့ ၊ ကိုယ့်လက်နဲ့ အတင်း ကလော်ထုတ်တာမျိုးတွေက အပေါက်ဝနားလေးက အလွယ်တကူထုတ်လို့ရမယ့် ပစ္စည်းလေးကို အတွင်းထဲအရမ်းရောက်သွားစေနိုင်ပြီး ခွဲစိတ်ရတာတွေ လုပ်ရတတ်ပါတယ်။
ဆရာဝန်ဆီသွားရင်တော့အထဲဝင်သွားတဲ့ ပစ္စည်းတွေကို စုပ်ထုတ်ဖို့ ကိရိယာတွေ ဆရာဝန်ဆီမှာ အစုံအလင်ရှိပြီးသားပါ။ နှာခေါင်းထဲဝင်နေတဲ့ ပစ္စည်းတွေကို ထုတ်ပြီးသွားရင်တော့ ဆရာဝန်က သင့်ကလေးအတွက် နှာခေါင်းထဲထည့်ဖို့ အစက်ချဆေးရည်တွေ၊ လိမ်းဆေးတွေ၊ နဲ့ ပိုးဝင်တဲ့ လက္ခဏာ တွေရှိရင်တော့ ပိုးသတ်ဆေးတွေ ပေးမှာဖြစ်ပါတယ်။
ဒါကြောင့် ကလေး လက်လှမ်းမှီတဲ့နေရာမှာ ပစ္စည်းတွေ မထားပါနဲ့။ ကလေးကိုလည်း သေချာအချိန်ပေးပြီး ဂရုစိုက်ပေးပါ။ ဖြစ်မှ ကုသတာထက်စာရင် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာကောင်းပါတယ်။ ဖြစ်သွားခဲ့ရင်လည်း အိမ်မှာ အတင်းမရမက ထုတ်တာမျိုးမလုပ်ပါနဲ့။ ဆရာဝန်ဆီသွားပါ။ ။