brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နို့တိုက်မေမေ သံပုရာရည် သောက်လို့ရလား

မေမေတို့အနေနဲ့ဘေဘီလေးကိုနို့တိုက်ချိန်မှာ အမြဲလိုလိုစဉ်းစားတွေးပူတာတစ်ခုရှိတယ်။ ဒါကတော့ ငါ ဒါကိုစားလိုက်ရင် ကလေး ဗိုက်များနာမလား။နေထိုင်မကောင်းများဖြစ်မလားပေါ့။ ဒီတစ်ခေါက်တော့ကလေးကိုနို့တိုက်နေလို့ သံပုရာရည် ​သောက်လို့ရပါ့မလားလို့တွေးပူနေတဲ့မေမေတို့အတွက် ဒီဆောင်းပါးလေးကိုရေးရတာပါ။မေမေက သံပုရာရည်သောက်လို့ ကလေးက နို့အချဉ်မပေါက်ဘူးနော်။

နို့တိုက်မေမေ သံပုရာရည် သောက်လို့ရလား

သံပုရာရည်မှာပါတဲ့ အာဟာရဓါတ်တွေက

သံပုရာရည်မှာ

နို့တိုက်မေမေ သံပုရာရည် သောက်လို့ရတယ်ဆိုတဲ့ အထောက်အထားတွေ

နို့ထွက်များစေတယ်

နို့တိုက်နေချိန်မှာ သံပုရာရည်သောက်တာက ခန္ဓါကိုယ်ကို ရေဓါတ်ြဖည့်ပေးသလို လန်းဆန်းစေနိုင်ပါတယ်။ ကလေးကိုလည်း နို့ကောင်းကောင်းထောက်ပံ့ပေးနိုင်ပါတယ်။

ကလေးကို အစာခြေစနစ်ကျန်းမာစေနိုင်ပါတယ်

သံပုရာရည်က အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် နို့တိုက်မေမေက သံပုရည်သောက်ပေးမယ်ဆိုရင် ကလေးမှာရောမေမေ မှာပါလေပွတာ၊ ဝမ်းချုပ်တာ၊လေထိုးလေအောင့်တာဖြစ်တာအပါအဝင် အစာခြေစနစ်ဆိုင်ရာပြဿနာတွေကို ပါကင်းစေနိုင်ပါတယ်။

နို့မှာပါတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်

နို့တိုက်မေမေ အနေနဲ့ သံပုရာရည် သောက်ပေးတာက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားရာရောက်ပြီးဘေဘီလေးကိုတိုက်တဲ့ နို့ထဲမှာလည်း အဆိပ်အတောက်ကင်းသွားစေမှာပါ။ အာဟာရပြည့်ဝပြီး သန့်စင်တဲ့နို့ချိုကို တိုက်ကျွေးနိုင်မှာပါ။

သွေးပေါင်ကျစေနိုင်တယ်

ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် နို့တိုက်မိခင်သွေးတိုးတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နို့တိုက်မေမေတွေမှာ ခံစားရတဲ့ မအီမသာဖြစ်တာမူးဝေတာေတွဖြစ်တာကို သက်သာစေနိုင်ပါတယ်။

အသားအရေကောင်းမွန်စေတယ်

နို့တိုက်မေမေက သံပုရာရည် သောက်ပေးမယ်ဆိုရင်မေမေရောဘေဘီလေးရော အသားအရေကြည်လင်လှပစေမှာ အသေအချာပါ။

ရင်သားကင်ဆာကာကွယ်နိုင်ပါတယ်

သံပုရာသီးမှာ ကင်ဆာကျိတ်တွေကိုတိုက်ဖျက်ပေးနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့limonene ပါဝင်နေတာကြောင့် ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားေကာင်းစေနိုင်တယ်

သံပုရာရည်က မေမေရောဘေဘီလေးရဲ့ ကိုယ်ခံအားကိုထောက်ပံ့ပေးနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေတဲ့သောက်စရာတစ်ခုပါ။ နို့တိုက်မေမေက သံပုရာရည်သောက်ပေးရုံနဲ့မေမေရောဘေဘီလေးပါ ကျန်းမာတဲ့ကိုယ်ခံအားစနစ်ကိုပိုင်ဆိုင်နိုင်စေမှာပါ။

အရသာလည်းရှိ အမောလည်းပြေစေတဲ့ သံပုရည်အေးအေးလေးသောက်ပြီး မေမေရော ဘေဘီလေးပါ အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/07/2022 ဖြစ်ပါသည်။