ရင်သွေးလေးကို ၆ လအထိမိခင်နို့တစ်မျိုးတည်းကို တိုက်တာအကောင်းဆုံးဖြစ်မယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။မေမေတိုင်းမှာလည်း ရင်သွေးလေးကို နို့ချိုတိုက်ကျွေးလို့ ကျန်းကျန်းမာမာကြီးပြင်းလာစေချင်တဲ့ဆန္ဒက ရင်နဲ့အပြည့်ပါ။ ဒီတော့မေမေတစ်ယောက်က ရင်သွေးလေးကို နို့ချိုတိုက်ကျွေးချင်ပေမယ့် နို့တွေခဲနေလို့ နို့ကြောင်းပိတ်ပြီးနာကျင်နေလို့ မတိုက်ရတာမျိုးတွေတွေ့ရနိုင်ပါတယ်။ ဒီအကြောင်းလေးကိုဆွေးနွေးပါရစေ။
နို့ကြောင်းပိတ်ရတာက နို့တိုက်မေမေတွေမှာအဖြစ်များတဲ့ ရင်သားပြဿနာတစ်ခုပါ။ ရင်သွေးလေးကို နို့တိုက်တဲ့အခါ ကလေးရဲ့ ပါးစပ်ထဲက ဘက်တီးရီးယားတွေ ကူးစက်တာကြောင့်ဖြစ်ရတာပါ။ ဒီအခြေအနေက ကလေးမွေးပြီး ၁ လကနေ ၃ လအတွင်းမှာ အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဒီပြဿနာက ကလေးမွေးမထားတဲ့ အမျိုးသမီးတွေမှာဖြစ်နိုင်သလိုသွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာလည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဒီလိုဖြစ်တာက ကျန်းမာနေတဲ့အမျိုးသမီးတွေမှာဖြစ်ခဲပြီး ဆီးချိုရောဂါရှိသူတွေ နဲ့ အခြားနာတာရှည်ရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။ ကိုယ်ခံအားနည်းတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။ နို့တိုက်မေမေ ၁ယောက်ကနေ ၃ယောက်လောက်က အခုလိုပြဿနာနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ ဒီပြဿနာကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက ကလေးကိုနို့တိုက်တဲ့အခါ နို့တွေကျန်ခဲ့ပြီး နို့ရည်ပို့ပြွန်တွေမှာ နို့တွေခဲသွားရာကနေစလာတာပါ။ ရင်သွေးလေးမွေးထားပြီး အလုပ်တစ်ဖက်နဲ့မို့ နို့ချိုမတိုက်ကျွေးမိတဲ့မေမေတွေမှာလည်း အဖြစ်များပါတယ်။
ဘယ်လိုလက္ခဏာတွေရှိနိုင်လဲ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။