ဒီလိုဖြစ်တဲ့အခါ ရင်သားကိုရေနွေးအိတ်ကပ်ပေးတာ၊ နှိပ်နယ်ပေးတာ၊ နို့တွေကို ညှစ်ထုတ်ပစ်တာတွေ လုပ်ကြည့်ပေးပါ။ ဒီလိုလိုလုပ်ပေးပေမယ့် ၂ ရက်လောက်ကြာတဲ့အထိမှ မသက်သာဘူး။ အလုပ်တွေမလုပ်နိုင်အောင်ကို ရင်သားကနာနေမယ်၊ အဖျားကမပျောက်ဘဲဖြစ်နေမယ်၊ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးဖို့ပြောပါရစေ။
ချက်ချင်းကုသမှုခံယူဖို့ လိုအပ်တဲ့အခြေအနေ
နို့ကြောင်းပိတ်တာကြောင့် အခုလိုအခြေအနေတွေဖြစ်လာပြီဆိုရင်တော့ ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။
- ရင်သားကနေ နို့မဟုတ်ဘဲ အရည်တွေထွက်မယ်
- ရင်သားက ထိမခံနိုင်အောင်နာလို့ ဘာမှမလုပ်နိုင်ဘူးဖြစ်မယ်။
- ရင်သားမှာတင်မကဘဲ ချိုင်းအောက်နားထိရောင်ရမ်းတာတွေဖြစ်လာမယ်။
- အဖျားက ၁၀၁.၅ ဒီဂရိဖာရင်ဟိုက်ဖြစ်နေမယ်။
- မူးနေမယ်၊ ကိုယ်လက်မအီမသာဖြစ်နေမယ်။ နုံးနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးပါ။
ဘယ်လိုကာကွယ်မလဲ
နို့ကြောင်းပိတ်တာမျိုးမဖြစ်စေဖို့ဆိုရင်တော့
- ဘေဘီလေးကို ခံတွင်းပုံမှန်သန့်ရှင်းပေးပါ။
- ရေချိုးတိုင်း ရင်သားကိုသေချာသန့်စင်ပါ။
- ပုံမှန်နို့ချိုတိုက်ပါ။
- အလုပ်သွားတဲ့အခါမှာ နို့တွေကို ညှစ်ထုတ်ပါ။
- ရင်သားကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။
- ကလေးကို ပုံစံမှန်မှန်နို့ချိုတိုက်ပါ။
- အတွင်းခံကို အဆင်ပြေမယ့်ဟာမျိုးရွေးဝတ်ပါ။
- ကလေးကို ပုံမှန်နို့ချိုတိုက်ပေးပါ။
- ရေနွေးအိတ်ကပ်ပေးတာမျိုးလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။