ကလေးကို အမေနို့အပြင် နို့မှုန့်တွေ၊ နွားနို့တွေ တိုက်တဲ့ ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ ကလေးက အန်တာ အပြင် ဝမ်းလည်းသွားတယ်။ အရေပြားမှာ အင်ပျဉ်လိုမျိုးတွေ ထွက်တယ်ဆိုရင် ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်ပါတယ်။ သေချာချင်ရင် မတည့်ဘူးလို့ ယူဆတဲ့အရာကို နှစ်ပတ်လောက် မတိုက်ဘဲ ထားကြည့်ပါ။ သက်သာသွားရင် ဓာတ်မတည့်လို့ပါ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်လိုနို့မှုန့်ရွေးချယ်သင့်တယ်ဆိုတာကို တိုင်ပင်ပါ။
- အူလမ်းကြောင်း ပိတ်ဆို့ခြင်း
ရှားရှားပါးပါး တချို့ကလေးတွေမှာ အူလမ်းကြောင်း ပိတ်ဆို့နေတာကြောင့် စားသမျှ ပြန်အန်ထွက်နေတာပါ။ အစာရေမျိုပြွန် ပိတ်တာ၊ အစာအိမ်နဲ့ အူနဲ့ ဆက်ထားတဲ့ နေရာက ကျဉ်းနေတာမျိုးတွေက အတွေ့ရများပါတယ်။
နို့အန်တာ သက်သာအောင် ဘာလုပ်ပေးနိုင်မလဲ။
အောက်ကနည်းလမ်းတွေကတော့ နို့အန်တာကို အထိုက်အလျောက် သက်သာစေမှာပါ။
- နည်းနည်းနဲ့ ခဏခဏတိုက်ပါ။
- နို့စို့ပြီးတိုင်း လေထုတ်ပေးဖို့ မမေ့ပါနဲ့။
- နို့ဘူးတိုက်တဲ့ကလေးတွေဆို နို့ဘူးပေါက် ကျယ်နေလား စစ်ကြည့်ပါ။ နို့ဘူးပေါက် ကျယ်နေတာက နို့တွေအများကြီး ဝင်နိုင်သလို လေတွေလည်း ပါသွားနိုင်ပါတယ်။
- နို့တိုက်ပြီးရင် ကလေးကို ထောင်လျက်ပဲ ထားပါ။
- နို့တိုက်ပြီးလို့ ကလေးကို သိပ်ချင်ရင် ပက်လက်ပဲ သိပ်ပါ။ ပုခက်တို့ အိပ်ရာထဲတို့မှာ သိပ်မယ်ဆိုရင် ခေါင်းနည်းနည်း မြှင့်ထားပါ။
- နို့မတိုက်ခင် ကလေးကို သေးခံလဲထားပေးပါ။ နို့တိုက်ပြီးမှ လဲတာက ကလေးဗိုက်ကို ဖိမိပြီး နို့တွေ ပြန်ထွက်လာတတ်ပါတယ်။
- နို့တိုက်ပြီးရင် ကလေးကို ပေးမမှောက်ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။