ကလေးက ဘူးမှုတ်တယ်ဆိုတာ သွားပေါက်ဖို့ အထောက်အကူပြုပါတယ်။ သူမှုတ်ထုတ်နေလို့ တံတွေးပိုထွက်လာတဲ့အခါ သွားဖုံးလေးတွေကို စိုစွတ်ပြီးပျော့ပျောင်းနေစေတာကြောင့် ငယ်သွားပေါက်ဖို့ အဆင်သင့်ဖြစ်စေပါတယ်။
မေမေတို့ ဘယ်လိုကူညီပေးသင့်လဲ
ကလေးကို စကားတတ်စေချင်၊ ဘာသာစကားကျွမ်းကျင်စေချင်ရင် ဘူးမှုတ်မှာကိုမကြောက်ပါနဲ့။ ဝမ်းသာလိုက်ပါ။မေမေတို့ဘေးကနေ ကူညီပံ့ပိုးပေးနိုင်ဖို့ အကြံပြုချက်လေးတွေပြောပြလိုက်မယ်နော်။
- ကလေးက လုပ်လိုက်တဲ့အသံလေးတွေအတိုင်း အသံလိုက်ထွက်ပေးပါ။ ကလေးနဲ့စကားပြောပါ။ စကားပြောတဲ့အခါ အသံအသစ်အဆန်းလေးတွေထည့်ပြောပါ။ ကလေးက လိုက်တုသလား ကြည့်ပါ။
- ကလေးကို သီချင်းဆိုပြပါ။မြန်မာဓလေ့အရ ပုခက်လေးထဲထည့် သီချင်းဆိုသိပ်တာ သိပ်ကောင်းတဲ့နည်းပါ။ အသံအနိမ့်အမြင့်အမျိုးမျိုးနဲ့ တချို့နေရာမှာ အသံမြှင့်ပြီး တချို့နေရာမှာ တိုးတိုးညှင်းညှင်းဆိုပါ။
- ကလေးမှတ်မိလောက်တဲ့ ဆိုနေကျသီချင်းကိုပဲ ဆိုပြပြီး သူနှုတ်ခမ်းလိုက်လှုပ်သလားကြည့်ပါ။
- ကလေးနဲ့ ရွယ်တူလို အဖော်လုပ်ကစားပေးပါ။ ဖုန်းဆက်တဲ့ပုံလို လုပ်ပြီးသူနဲ့စကားပြောနေသယောင် လုပ်ပေးပါ။
- သင့်ကလေးက သင့်အသံအမြဲကြားနေပါစေ။ တတ်နိုင်သလောက် ခဏခဏစကားပြောပေးပါ။ အထူးသဖြင့် သူ့ကိုစကားပြောလိုက်တဲ့အခါ သူ့ဘက်က မျက်နှာကြွက်သားလှုပ်ရှားတဲ့တုံ့ပြန်မှုဖြစ်လာအောင် ကြိုးစားပါ။ ဥပမာမြှူလိုက်လို့ပြန်ရယ်ပြတာဆိုရင် မျက်နှာကြွက်သားလှုပ်ရှားပြီလေ။
ဒီအချက်တွေထဲမှာ ကလေးတွေကိုမြှူရင်းနဲ့ အလိုအလျောက်လုပ်ပေးနေကျလေးတွေလည်းပါတော့ အထူးတလည်လုပ်ပေးစရာတောင်သိပ်မလိုတော့ပါဘူး။ ဘူးမှုတ်တဲ့အရွယ်မှာသာ ကူညီပေးလိုက်ပါ၊ ကြက်ဆီဗူးတောင်ကျွေးစရာမလိုပါဘူး၊ စကားတတ်တဲ့ စကားတောင်စားလေးတွေဖြစ်လာမှာပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။