အချိုမကြိုက်တဲ့ကလေးဆိုတာ မရှိပါဘူး။ သကြားလုံးနဲ့ ထမင်းဆို ကလေးတွေ ဘယ်ဟာကို ပိုရွေးကြမယ်လို့ထင်ပါသလဲ။ ကလေးတွေ အစားစားရင်ပြီးရော။ ဘာစားတာလဲက အရေးမကြီးဘူး။ စားဖြစ်ဖို့က အရေးကြီးတယ်လို့ ဆိုတဲ့ မေမေတို့ အချိုက ကလေးတွေ အတွက် ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်သလဲဆိုတာ သိပြီးပြီလား။
ကလေးတွေ အချိုစားများခြင်းေကြာင့်ဖြစ်နိုင်တဲ့ အန္တရာယ် ။ ။
၁ ။ သွားပိုးစားမယ်၊ သွားတွေ ပျက်စီးလာမယ် ။ ။
ချိုတဲ့မုန့်တွေ စားတာများတဲ့ကလေးတွေရဲ့ သွားလေးတွေ အကောင်းဖြစ်နေတာရှားပါတယ်။ ကျိုးရင်ကျိုး မကျိုးရင် သွားပိုးစားနေတာချည်းပဲ။ အချိုကိုကြိုက်တာ ကလေးတွေတင်မဟုတ်ပါဘူး။ ခံတွင်းထဲက ဘက်တီးရီးယားတွေကလည်း အချိုဆို အလွန်ကြိုက်ကြပါတယ်။ ဒီတော့ အချိုများများစားလေ ဘက်တီးရီးယားတွေ ပျော်လေလေ သွားနဲ့ခံတွင်း ပျက်စီးလေလေပါ။ ဒီတော့ သကြားလုံး၊ အအေး၊ ဖျော်ရည်တွေ ကလေးကို လျှော့ကျွေးပါ ။
၂ ။ အဝလွန်လာမယ်။
အချိုများတဲ့ မုန့်တွေမှာပါတဲ့ ပြုပြင်ထားတဲ့ သကြားတွေနဲ့ တာရှည်ခံအောင်လုပ်ထားတဲ့ ပါဝင်ပစ္စည်းတွေကြောင့် အချိုများတဲ့ကလေးတွေက အချိုသိပ်မစားတဲ့ကလေးတွေထက် အဝလွန်ရောဂါဖြစ်နိုင်ချေပိုများပါတယ်။ ဒါ့အပြင် ငယ်ငယ်လေးနဲ့ ဆီးချိုတို့၊ နှလုံးရောဂါတို့ ဖြစ်နိုင်ချေ အခွင့်အလမ်းပိုများနိုင်ပါတယ်။
၃။ အခြားကလေးတွေနဲ့ယှဉ်ရင် အာဟာရချို့တဲ့လာမယ်။
အချိုတွေ အစားများပြီး အချိုကိုပဲ စွဲနေတော့ တကယ့်အာဟာရဖြစ်စေတဲ့ အသီးအရွက်၊ ထမင်း၊ အသားငါးတွေကို သူတို့ မကြိုက်ချင်တော့ပါဘူး။ ဒီတော့ လိုအပ်တဲ့ အာဟာရဓါတ်တွေ ၊ ဗီတာမင်နဲ့ သတ္တုဓါတ်ေတွ မရတော့လို့ အခြားကလေးတွေ နဲ့ တန်းတူ မကြီးထွားတော့ဘဲ အာဟာရချို့တဲ့မှုတွေ စဖြစ်လာပါတယ်။
၄ ။ ကိုယ်ခံအားနည်းပြီး ရောဂါတွေ ဝင်လွယ်လာမယ်။
အချိုချည်းပဲစားပြီး တကယ် အာဟာရဖြစ်စေတဲ့အရာတွေ မစားတော့ ခုခံအားအတွက် လိုအပ်တဲ့ ဗီတာမင် သတ္တုဓါတ်တွေ လည်း အကုန်မရတော့ဘဲ တဖြည်းဖြည်း ခုခံအားနည်းလာပြီး ရောဂါတွေ အလွယ်တကူဝင်လာတတ်ပါတယ်။
၅ ။ အချိုကို စွဲလန်းလာတယ်။
အချိုသရေစာ မုန့်တွေဆိုတာ ထပ်ခါထပ်ခါ စားချင်အောင် ထုတ်ထားတာဖြစ်လို့ စားသလောက် ဗိုက်ဝသွားစေမှာ မဟုတ်ပါဘူး။ ဒီတော့ ကလေးက ထပ်ထပ်စားချင်လာပြီး ကြာလာတဲ့အခါ အချိုမပါရင် လုံးဝ မစားတတ်တော့တဲ့ အချိုစွဲတဲ့ ပြဿနာ သင့်ကလေးဆီမှာ ဖြစ်သွားနိုင်ပါတယ် ။
၆ ။ မှတ်ဉာဏ်တွေကို ထိခိုက်စေတယ်။
လူကြီးတွေ အချိုစားများရင်တောင် မှတ်ညဏ်ထိခိုက်စေတာ နုနယ်တဲ့ကလေး ဦးနှောက်အာရုံကြောလေးတွေ အတွက် ပိုလို့တောင် အန္တရာယ်များပါတယ်။ အချိုစားလွန်းရင် ကလေးတွေဟာ စာမလိုက်နိုင်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏသတိမေ့တာတွေ ဖြစ်လာနိုင်တဲ့အတွက် တစ်နေ့တာ အချိုစားသုံးမှုပမာဏကို ကန့်သတ်ထားဖို့ လိုအပ်ပါတယ်။
၇။ ချောင်းဆိုး၊ ရင်ကြပ်စေတယ်။
အချိုဟာ ချွဲဖြစ်စေဖို့ အားပေးတတ်လို့ သကြားများတဲ့ အစားအစာတွေ မကြာခဏစားတဲ့ ကလေးတွေမှာ ချောင်းဆိုးတာ၊ ရင်ကျပ်တာ၊ ချွဲကြပ်တာတွေ အဖြစ်များပါတယ်။
၈ ။ စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်။
ကိတ်မုန့်၊ ဆိုဒါဖျော်ရည် အစရှိတဲ့ အချိုဓါတ်များတဲ့ အစားအစာတွေဟာစိတ်ကျရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်မျိုးပါပဲ။ အချိုအရမ်းစားလွန်းတဲ့ ကလေးတွေမှာ စိတ်အတက်အကျမြန်တာအပြင် မောပန်းလွယ်တဲ့ လက္ခဏာတွေကိုပါ တွေ့ရပါတယ်။
ကလေးကို အလိုလိုက်ရင်လည်း အချိုကရတဲ့ ပြဿနာတွေ ဖြစ်၊ အာဟာရတွေလည်း မပြည့်တော့ စိတ်ညစ်ရ။ တင်းကြပ်ပြီး အချိုလုံးဝမစားရဘူးလို့ ပိတ်ပင်ပြန်တော့ ကလေးသဘာဝ စူးစမ်းချင်စိတ်ကြောင့် တားမြစ်လေပိုလုပ်ချင်လေဖြစ်ပြီး မမြင်ကွယ်ရာမှာ ခိုးခိုးစားလို့ ကိုယ့်ကျွေးရမယ့် ပမာဏထက် ပိုတောင် စားမိသွားနိုင်ပါတယ်။ ကလေးဆိုတာကလည်း အချိုလေးပါမှ စားချင်တဲ့သူတွေဆိုတော့ မေမေတို့ ဘယ်လိုလုပ်ကြမလဲ။ ဘာတွေ ကျွေးကြမလဲ။
ကလေးကို ကျွေးတဲ့ အစးာအသောက်တွေမှာ အချိုလည်းအသင့်အတင့်ပါရမယ် ။ ကလေးအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအလည်းအစုံပါအောင်ကျွေးရပါမယ်။ ဒါ့အပြင် အမြင်အာရုံနဲ့ မှတ်ဉာဏ်ကောင်းအတွက် အဓိကလိုအပ်တဲ့ DHA နဲ့ ကလေးရဲ့ အစာခြေစနစ်ကို အကျိုးပြုတဲ့ LcFos ပါတဲ့ ဖြည့်စွက်အာဟာရနို့မှုန့်လည်းတိုက်မယ်ဆိုရင် ကျန်းမာသွက်လက်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးကိုပြုစုပျိုးထောင်ပေးနိုင်မှာ အသေအချာပါ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-vaccination-tool]