ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်တွေကို အားရှိစေဖို့ သေချာလေး စားကြရပါတယ်။ ဒီကာလမှာ နို့က မိခင်တိုင်းအတွက်ရော ဗိုက်ထဲက ဘေဘီလေးအတွက်ပါ အထူးသင့်တော်တဲ့အရာပါ။ နို့က အာဟာရ ပြည့်ဝတယ် ဆိုပေမယ့် မိခင်က နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ကျန်းမာရေး ပြဿနာ ရှိနေမယ်ဆိုရင်တော့ အာဟာရ ပြည့်ဝအောင် နို့သောက်လို့ မရပါဘူး။ ဒီအခါမှာ အာဟာရလည်းပြည့် ကျန်းမာရေးပြဿနာလည်း ကင်းစေဖို့ သောက်လို့ရတဲ့ နို့တစ်မျိုး ရှိပါတယ်။ ဒါကတော့ ပဲနို့သောက်တာပါ။