backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘေဘီလေးအတွက် အကောင်းဆုံးသော ဗီတာမင် C ပေးစွမ်းမယ့် အစားအစာလေးတွေ


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘေဘီလေးအတွက် အကောင်းဆုံးသော ဗီတာမင် C ပေးစွမ်းမယ့် အစားအစာလေးတွေ

ဘေဘီလေးကို ကိုယ်ခံအားကောင်းအောင် ဗီတာမင် C ပြည့်ဝစေချင်တယ်။ ဒါပေမယ့် ဆေးတွေဘာတွေလည်း မတိုက်ချင်ဘူး။ အစားကနေတဆင့်ပဲ လိုအပ်တဲ့ ဗီတာမင် C ကို ပြည့်ဝအောင် ဖြည့်ပေးချင်တယ်ဆိုတဲ့ မေမေဖေဖေတွေ ရှိကြလား။

ဒါဆိုရင်တော့ ဘေဘီလေးကို ဆေးတိုက်စရာ မလိုဘဲ ဗီတာမင် C ပြည့်ဝအောင် ဘာတွေ ပြင်ဆင်ကျွေးမွေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်စေချင်ပါတယ်။

ဘေဘီလေးကို ဗီတာမင် C ဖြည့်ပေးမယ့် စားစရာလေးတွေက ဘာတွေများလဲ………..

ဘေဘီလေးကို ဗီတာမင် C ပြည့်ဝပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်

စတော်ဘယ်ရီ

စတော်ဘယ်ရီက ဘေဘီလေး အများစု ကြိုက်ကြတဲ့ အသီးလေးပေါ့။ ကမ္ဘာမြေပေါ်က ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဘယ်ရီသီးလေးပါ။ စတော်ဘယ်ရီ တစ်ပန်းကန်စာက ဘေဘီလေးတစ်ယောက် တစ်နေ့တာ လိုအပ်မယ့် ဗီတာမင် C ပမာဏရဲ့ တစ်ဝက်လောက်ကို ဖြည့်ပေးနိုင်ပါတယ်။

နောက်တစ်ခုက စတော်ဘယ်ရီက ဘေဘီလေးကို ကျန်းမာစေဖို့ လိုအပ်တဲ့ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကိုပါ ထောက်ပံ့ပေးတာပါ။

ချယ်ရီသီး

ချယ်ရီသီးက ဗီတာမင် C အကြွယ်ဝဆုံး အသီးတစ်မျိုးပါ။ လိမ္မော်သီးထက် ဗီတာမင် C ပါဝင်မှု ၆၅ဆ ပိုများပါတယ်။ ဘေဘီလေးကို ဗီတာမင် C ပြည့်ဝစေချင်ရင် ချယ်ရီသီး ကျွေးပေးလို့ ရပါတယ်။

လိမ္မော်သီး

လိမ္မော်သီးက ဗီတာမင် C ကြွယ်ဝတယ်ဆိုတာကို လူတိုင်းနီးပါး သိထားပြီးသားပါ။ ဒါ​ကြောင့် ဘေဘီလေးကို လိမ္မော်သီး ကျွေးတာ၊ လိမ္မော်သီး ဖျော်တိုက်တာက ဗီတာမင် C ပြည့်ဝစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။

သင်္ဘောသီး

ဘေဘီလေးကို ဗီတာမင် C ပြည့်ဝစေမယ့် နောက်ထပ် အသီးတစ်မျိုးက သင်္ဘောသီးပါ။ သင်္ဘောသီး တစ်ပန်းကန်စာက ဘေဘီလေးတစ်နေ့တာ လိုအပ်မယ့် ဗီတာမင် C ပမာဏကို အပြည့်အဝ ပေးနိုင်ပါတယ်။ အမျှင်ဓာတ်လည်း ပါတာကြောင့် အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ဘေဘီလေးနဲ့ အသင့်တော်ဆုံး စားစရာတွေထဲက တစ်ခုပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်သလို အာဟာရပြည့်ဝပြီး ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ခရမ်းချဉ်သီး

အနီရောင် ခရမ်းချဉ်သီးလေးက ဗီတာမင် C ကြွယ်ဝတဲ့ စားစရာတစ်ခုပါ။ ခရမ်းချဉ်သီးတစ်လုံးမှာ ကလေးတစ်ယောက် တစ်နေ့တာလိုအပ်မယ့် ဗီတာမင် C ပမာဏရဲက ၁၆၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ကဲ…ဘေဘီလေးကို ဆေးမတိုက်ချင်ဘူး။ ဗီတာမင် C ပြည့်ဝစေချင်တယ်ဆိုရင် ဒါလေးတွေ ပြင်ဆင်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement