brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် ဒါလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။ အရောင်အသွေး အသွင်အပြင်အရကလည်း ကလေးကြိုက်တဲ့ ကာလာလေးပါ။ ဒီလိုမျိုး အရောင်အသွေး အသွင်အပြင်ရော အရသာကပါ ကလေးတွေကို နှစ်ခြိုက်စေတဲ့ စတော်ဘယ်ရီသီးလေးကို ဘေဘီလေးကို ကျွေးလို့ ရမလား! ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

စတော်ဘယ်ရီ ဆိုတာ

စတော်ဘယ်ရီ ဆိုတာက ဘယ်ရီသီးမျိုးရင်းဝင် တစ်မျိုးပါ။ အရောင်က အနီရောင်ရဲရဲလေးနဲ့ အညှာတံကတော့ အစိမ်းရောင်လေးပါ။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တော်တော်လေး စားကောင်းပါတယ်။ ဒီအတိုင်း စားလို့ ရသလို နို့စိမ်း၊ နို့ဆီတွေနဲ့ ခေါက်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

စတော်ဘယ်ရီမှာ အခုလို အာဟာရဓာတ်လေးတွေလည်း ပါဝင်နေပါတယ်။

  • ဗီတာမင် C၊
  • ပိုတက်ဆီယမ်၊
  • ဖောလစ်အက်ဆစ်၊
  • မဂ္ဂနိ့စ်၊
  • ကော့ပါး၊
  • ဇင့်၊
  • ဗီတာမင် E၊
  • ကယ်လ်ဆီယမ်၊
  • ဗီတာမင် ဘီ နဲ့
  • သဘာဝအချိုဓာတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။

ဘေဘီလေးကို ဘယ်အချိန်မှာ စတော်ဘယ်ရီကျွေးရလို့ ရမလဲ!

ဘေဘီလေးက အသက် ၆ လပြည့်ပြီ အစားလည်း ကောင်းကောင်း စားနိုင်ပြီဆိုရင်တော့ ကလေးကို စတော်ဘယ်ရီ စကျွေးလို့ ရပါပြီ။ ကလေးကို စတော်ဘယ်ရီသီး ကျွေးတဲ့အခါ ရေသေချာစင်အောင် ဆေးပြီး အစေ့လေးတွေနဲ့ အညှာလေးတွေကို ဖယ်ဖို့ မမေ့ပါနဲ့။

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် အခုလို ကောင်းကျိုးလေးတွေ ရရှိမှာပါ။

  • အစာခြေစနစ် ကျန်းမာစေတယ်

စတော်ဘယ်ရီက ကလေးရဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး အမျှင်ဓာတ် ကြွယ်ဝတာက ကလေးကို ဝမ်းချုပ်မှုက ကင်းစေပြီး အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို ရှင်သန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ကိုယ်ခံအား ကောင်းစေတယ်

စတော်ဘယ်ရီမှာ ဗီတာမင် C ပါဝင်နေပြီး ဘေဘီလေးကို ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်သလို ကလေးကို ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ကို ကျန်းမာစေဖို့ ဆိုရင် စတော်ဘယ်ရီ ကျွေးပေးလို့ ရပါတယ်။

  • အရိုးတွေ သန်မာစေတယ်

စတော်ဘယ်ရီသီးက ဗီတာမင် C ကြွယ်ဝပြီး ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးတာကြောင့် ဘေဘီလေးကို အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေနိုင်သလို အရပ်အမောင်းကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က ကော်လာဂျင် ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။

  • နှလုံး ကျန်းမာစေတယ်

စတော်ဘယ်ရီသီးမှာ ဗီတာမင် C နဲ့ ဗီတာမင် B6၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်နေတာက နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာက သွေးတွင်းအဆီကျစေပြီး သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံး ကျန်းမာစေနိုင်ပါတယ်။

  • ဦးနှောက် ကျန်းမာစေတယ်

စတော်ဘယ်ရီသီးက ကလေးရဲ့ ခန္ဓာကိုယ်ကိုတင် ကျန်းမာစေတာမျိုး မဟုတ်ဘဲ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးရဲ့ ဦးနှောက် ကျန်းမာစေဖို့ စတော်ဘယ်ရီသီး ကျွေးပေးလို့ ရပါတယ်။

  • အသားအရေ ကျန်းမာစေတယ်

စတော်ဘယ်ရီသီးက ဗီတာမင် E ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဗီတာမင် C ပါဝင်တာက အနာကျက်စေဖို့ရော အရေပြား ပြဿနာ ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ!

ဘေဘီလေးကို စတော်ဘယ်ရီ ပြင်ဆင်ပြီးတဲ့အခါ သဘာဝအတိုင်း စိုက်ပျိုးထားပြီး သေချာ မှည့်နေတာမျိုးကို ရွေးချယ်ဖို့ လိုသလို အစာနင်တာ သီးတာမျိုး မဖြစ်စေဖို့ အရွယ်တော်လေးတွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။ အမှည့်လွန်တာ မှိုလိုက်တာမျိုး မဖြစ်ဖို့ သေချာလေး ဂရုစိုက်ဖို့ လိုသလို ရေသေချာ ဆေးကြောဖို့လည်း မမေ့ပါနဲ့။ 

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/02/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။