backup og meta

ဘေဘီလေး နဲ့ ကဖင်း

ဘေဘီလေး နဲ့ ကဖင်း

ဘေဘီလေး က ရေနွေးကြမ်း သောက်ရင်လည်း ပါးစပ်ပြင်နေတယ်၊ ကော်ဖီသောက်သောက် လက်ဖက်ရည်သောက်သောက် သောက်ချင်တဲ့ပုံပေါက်နေတယ်။ လက်ဖက်သုပ်ဆိုလည်း စားချင်နေသလိုပဲ။ ကျွေးလို့ရမလား။ ရေနွေးကြမ်းလောက်တော့ တိုက်လို့ရမယ်ထင်တယ်နော်ဆိုတဲ့ မေမေဖေဖေတွေရှိလား။ ဒါဆိုရင် တော့ ဘေဘီလေး ကို ကဖင်းပါတာတွေ မကျွေးခင်မှာ ဒီဆောင်းပါး​လေးကို ဖတ်ကြည့်လိုက်ပါ။

ဘေဘီလေး က ကဖင်းနဲ့မတည့်ဘူးလား……

ကဖင်းက စိတ်ကို လန်းဆန်းစေတာမှန်ပေမယ့် ဦးနှောက် နဲ့ အာရုံကြော ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေး အတွက်တော့ မသင့်တော်ပါဘူး။ ကဖင်းက အရမ်းများလာရင် ကလေး မပြောနဲ့ လူကြီးတွေကိုတောင်ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်စွာကြီးပြင်းလာစေချင်တယ်ဆိုရင် အသက် ၁၂ နှစ်မပြည့်မချင်း ကော်ဖီ အပါအဝင် ကဖင်းပါတဲ့ သောက်စရာတွေကို မတိုက်သင့်ပါဘူး။

ကဖင်းပါတဲ့အရာတွေက ဘာတွေများလဲ…….

ကဖင်းပါတဲ့အရာတွေက အများကြီးရှိနိုင်ပါတယ်။

ကဖင်းက လန်းဆန်းစေတာ မဟုတ်ဘူးလား……..

ကဖင်းက အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် တက်ကြွလန်းဆန်းစေတာမှန်ပေမယ့် တန်ဆေးလွန်ဘေးပါ။ လူ​ကြီးတွေမှာရော ကလေးတွေပါ ကဖင်းများတဲ့အခါ အရမ်းငယ်သေးတဲ့ ဘေဘီလေးတွေကို ကဖင်း နဲ့ မိတ်ဆက်ပေးလိုက်မိတဲ့အခါမျိုးမှာ

  • ကတုန်ကယင်ဖြစ်မယ်
  • အာရုံစူးစိုက်ရခက်မယ်
  • ခေါင်းကိုက်မယ်
  • စိတ်ရှုပ်ထွေးမယ်
  • အိပ်မပျော်တာမျိုးဖြစ်မယ်
  • သွေးတိုးမယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ကလေးတွေမှာတော့ ဦးနှောက် နဲ့ အာရုံကြောတွေ ဖွံ့ဖြိုးမှုကို ထိခိုက်လာစေနိုင်ပါတယ်။

ဘေဘီလေး တွေကို ကဖင်းမတိုက်သင့်တဲ့ အကြောင်းအရင်း

ဘေဘီလေးကို ကဖင်း တိုက်မိတဲ့အခါ

  • ဘေဘီလေးတွေကို ချစ်လို့ဆိုပြီး ကော်ဖီခွံ့တာ၊ လက်ဖက်ရည်ခွံ့တာမျိုး မလုပ်ပါနဲ့။ ဒါတွေအပြင် ကလေးကို အားဖြည့်အချိုရည်တိုက်တာကလည်း မသင့်တော်ပါဘူး။ အကြောင်းက အချိုရည်တွေထဲမှာလည်း ကဖင်း ပါနေနိုင်တာကြောင့်ပါ။ ဒီလိုတိုက်ကျွေးမှုက ကလေးကို အဝလွန်စေနိုင်ပါတယ်။
  • ကဖင်းက ကယ်လ်လိုရီပါဝင်မှုမရှိသလို ခန္ဓာကိုယ် ကျန်းမာဖို့လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း မပါပါဘူး။ ဒါ့အပြင် ကဖင်းက အရိုး နဲ့ သွားတွေကို ကြံ့ခိုင်ကျန်းမာစေနိုင်မယ့် ကယ်လ်စီယမ်နဲ့ သံဓာတ်စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။
  • ကော်ဖီ၊ လက်ဖက်ရည်တို့မှာ အချိုဓာတ်ကပါနေပြီးသားပါ။ ဒီအချိုဓာတ်များတာက သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
  • ကဖင်းပါတဲ့ သောက်စရာတွေက ဆီးခဏခဏသွားစေနိုင်တာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်။
  • ဦးနှောက်ကို ထိခိုက်စေနိုင်တယ်။ ကဖင်းက အာရုံစူးစိုက်မှုကို ခက်ခဲစေပြီး ကလေးရဲ့ မှတ်ဉာဏ်တည်ဆောက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေးကို နို့တိုက်နေရတဲ့ မေမေတွေအနေနဲ့ ကော်ဖီအပါအဝင် ကဖင်းပါတဲ့ အစားအသောက်တွေကို လျှော့သောက်သင့်ပါတယ်။ ဘေဘီလေးက ကော်ကော်လို့ ပြောနေရင်တောင်မှ မတိုက်ပါနဲ့။ အသက် ၁၂ နှစ်ပြည့်ပြီးမှတိုက်ပါ။ ဒါတောင်မှ တစ်နေ့ကို တစ်ခွက်လောက်ပဲတိုက်ပေးပါ။ ကဖင်းက အတန်အသင့်ဆိုရင် စိတ်ကို လန်းဆန်းစေပေမယ့် အရမ်းများရင်တော့ ထိခိုက်မှုတွေရှိလာနိုင်တာကြောင့် ဘေဘီလေးကို ကဖင်းနဲ့ မမိတ်ဆက်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can I Give My Baby Coffee? http://canigivemybaby.com/coffee/ Accessed Date 23 January 2020

What Is Caffeine? https://kidshealth.org/en/parents/child-caffeine.html Accessed Date 23 January 2020

5 Experts Answer: Is Caffeine Bad for Kids? https://www.livescience.com/36164-caffeine-bad-kids.html Accessed Date 23 January 2020

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် မေမေဖေဖေတို့ဘာလုပ်ပေးမလဲ

အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement