brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

ဘယ်လိုအခြေအနေမှာဘေဘီလေးဖျားပြီလို့ဆိုနိုင်လဲ……..

ကလေးကို အပူချိန်တိုင်းတဲ့နေရာကိုလိုက်ပြီး အပူချိန်ပြောင်းလဲနိုင်တယ်ဆိုပေမယ့် ကလေးကိုယ်အပူချိန်က

  • စအိုကိုတိုင်းတဲ့အခါ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် နဲ့ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက်များနေမယ်
  • ပါးစပ်ထဲကို အပူချိန်တိုင်းတဲ့အခါ ၁၀၀ ဒီဂရီဖာရင်ဟိုက် နဲ့အထက်ဖြစ်နေမယ်
  • လက်မောင်းအောက်ကို အပူချိန်တိုင်းတဲ့အခါ ၉၉ ဒီဂရီဖာရင်ဟိုက်နဲ့အထက်ဖြစ်နေမယ်ဆိုရင်ဘေဘီလေးက အဖျားရှိနေပါပြီ။
  • ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

    ဘေဘီလေးကဖျားနေပြီဆိုရင် အဖျားမြန်မြန်ကျစေဖို့ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း း တွေကတော့

    အရည်များများတိုက်ပါ

    ကလေး အဖျားကျစေဖို့ အတွက် အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံး နည်းလမ်းပါ။ ဘေဘီလေးက ၆ လအောက်ဆိုရင် မေမေ့နို့ များများတိုက်ပေးပါ။ တကယ်လို့ ကလေးက ၆ လကျော်ပီဆိုရင်တော့ ကလေးကို မိခင်နို့၊ နို့ဘူး၊ရေကျက်အေး၊ အုန်းစိမ်းရည်တို့ တိုက်ပေးလို့ ရပါတယ်။ ကလေးက သိပ်မသောက်ရင်တောင် မေမေတို့က သတိလေးထားပြီး ကလေးကို အရည် များများသောက်ဖြစ်အောင် တိုက်ပေးပါ။ ဒါမှကလေးက ရေဓာတ် ပြည့်ဝပြီး အဖျားလည်း မြန်မြန် ကျစေမှာပါ။

    နှာခေါင်းထဲကို ဆားရည်အစက်ချပေးပါ

    ကလေးက ဖျားတာနဲ့အတူ နှာခေါင်းပါ ပိတ်နေမယ်ဆိုရင် ဆားအနည်းငယ်နဲ့ ရေနွေး ခပ်နွေးနွေးလေးကို ရောဖျော်ပြီး ကလေး နှာခေါင်းထဲကို အစက်ချပေးလို့ ရပါတယ်။ ကလေးကို နို့မတိုက်ခင်မှာ နှာခေါင်းထဲကို ဆားရည် နှစ်စက်လောက် အစက် ချပေးပါ။ နှာခေါင်းပိတ်တာကို သက်သာစေပြီး အဖျားကိုပါ သက်သာစေနိုင်ပါတယ်။

    ပြည့်ပြည့်ဝဝအနားယူနိုင်အောင် လုပ်ပေးပါ

    ကလေး ငယ်ငယ်လေးမို့ ဘာမှ မလုပ်ရတော့ ကောင်းကောင်း နားဆိုတာ အထွေအထူး ပြောနေစရာ မလိုဘူးလို့ ထင်စရာ ရှိပါတယ်။ ပြောချင်တာက ကလေးက ဖျားနေတဲ့အခါ မေမေပွေ့ထားမှ အိပ်ပျော်တာ၊ ဖေဖေ ချီထားမှ အိပ်ပျော်တာ၊ အိပ်နေရင် မေမေဘေးမှ ရှိမှ ဆိုတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို အချိန်မှာ မေမေဖေဖေတို့ အနေနဲ့ ကလေး အနားမှာ နေပေးလို့ ကလေး ကောင်းကောင်း အနားယူ နိုင်အောင် ဂရုစိုက်ပေးပါ။ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုက ကလေးကို အဖျား မြန်မြန် ပျောက်စေဖို့ အထောက်အကူပြုပေး နိုင်မှာပါ။ ကလေးကို တိတ်ဆိတ်ပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာ ကောင်းကောင်း အနားယူခိုင်းပါ။

    ရေပတ်ဝတ်ကပ်ပေးပါ
    ဘေဘီလေးတွေ ဖျားတဲ့အခါ အဖျား ကျစေနိုင်တဲ့ ရှေးဦးသူနာ ပြုစုနည်း တစ်ခုပါ။ ကလေးရဲ့ လည်ပင်း နှစ်ဖက်၊ လက်မောင်း အောက်ဘက်၊ ပေါင်ကြား စတဲ့ နေရာတွေကို ရေပတ်ဝတ်လေး ကပ်ပေးတာက အပူကျစေ နိုင်ပါတယ်။ ကလေး မကြိုက်ရင် အတင်း မလုပ်ပါနဲ့။ အေးရင်လည်း မလုပ်ပါနဲ့။
    ဘေဘီလေး ဖျားနေရင် ဆရာဝန်ဆီမသွားခင် ဒီနည်းလေးတွေအတိုင်း လုပ်ပေးလို့ အဖျား သက်သာအောင် လုပ်ပေးလို့ ရပါတယ်။ ကလေးက အရမ်း ငယ်သေးတဲ့အခါ ဆေးတိုက်မယ် ဆိုရင် ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း တိုက်ပေးပါလို့ အကြံပြုပါ ရစေ။ ဘေဘီလေးတိုင်း ဖျားနာမှု ကင်းကြပါစေကြောင်း………….
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/07/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။