backup og meta

Premium

ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

နှစ်သစ်ကူး အငွေ့အသက်တွေနဲ့ ပြည့်စုံနေတဲ့ နှစ်တစ်နှစ်တာရဲ့ နောက်ဆုံးသော လပါ။ နှစ်သစ်ကူးတော့မှာကြောင့် လူတော်တော်များများ အပျော်တွေနဲ့ ပြည့်နေတဲ့ လလေးတစ်လပေါ့။ ဆောင်းအေးအေးလေးနဲ့ ပျော်ရွှင်မှုတွေကိုရော လှပမှုတွေကိုပါ ယူဆောင်လာတဲ့ ဒီဇင်ဘာလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့

  • အသက်ရှည်ကြတယ်

ဒီဇင်ဘာလဖွားလေးတွေက အခြားလဖွားလေးတွေထက် အသက်ရှည်ကြပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေတော့ များကြပါတယ်။ ဆောင်းအေးအေးမှာ မွေးဖွားကြတာကြောင့် ကျန်းမာအသက်ရှည်နိုင်ခြေက အခြားလတွေထက် ပိုများပါတယ်။ ဒီဇင်ဘာလဖွားလေးတွေက အသက် ၁၀၅ နှစ်အထိ အသက်ရှည်ကြပါတယ်။

  • ပျော်ပျော်နေတတ်ကြတယ်

ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက စိတ်အနှောင့်အယှက်တွေကို ကောင်းကောင်းကျော်လွှား ရှောင်ကွင်းတတ်ပြီး စိတ်ပျော်ပျော်နေတတ်ကြပါတယ်။ နေ့ရက်တိုင်းကို ပေါ့ပါးပျော်ရွှင်စွာနဲ့ ဖြတ်သန်းတတ်ကြပြီး အမြဲလိုလို ပျော်ပျော်နေတတ်ကြသူ အများစုက ဒီဇင်လဘာလဖွားလေးတွေပါ။

  • အားကစား လုပ်ရတာ နှစ်သက်ကြတယ်

အားကစားလုပ်ကြတဲ့ ရာသီမှာ မွေးဖွားတဲ့ ကလေးတွေကြောင့်လားပဲမသိ ဒီဇင်ဘာလဖွားလေးတွေက လေ့ကျင့်ခန်း လုပ်ရတာကို နှစ်သက်ကြပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လိုက်စားတတ်ကြပြီး လေ့ကျင့်ခန်း လုပ်ရရင်ကို စိတ်ကျေနပ်နေကြသူလေးတွေပါ။

  • သွားကျန်းမာရေး ကောင်းကြတယ်

ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက သွားဆရာဝန်ဆီ သွားရခဲတဲ့ ကလေးလေးတွေပါ။ အကြောင်းကတော့ ငယ်စဉ်ကတည်းက သွားနဲ့ခံတွင်းကျန်းမာရေးကို သေချာဂရုစိုက်တတ်တာကြောင့်ပါ။ ဒီဇင်ဘာလဖွားလေးတွေရဲ့ နောက်ထပ် ထူးခြားချက် တစ်ခုက သွားလှလှလေးတွေကို ပိုင်ဆိုင်ထားတာကြောင့်ပါ။

[embed-health-tool-vaccination-tool]

  • ဓာတ်မတည့်မှု ဖြစ်နိုင်ခြေများကြတယ်

ဆောင်းရာသီမှာ မွေးဖွားတဲ့ ဘေဘီလေးတွေ ဖြစ်တာကြောင့် ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ များပါတယ်။ ပုံမှန် အခြေအနေကနေ ပြင်းထန်တဲ့ အခြေအနေအထိ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ အစားဓာတ်မတည့်မှုကို ခံစားရနိုင်သလို အခြားသော ဓာတ်မတည့်မှုတွေကိုလည်း ခံစားရနိုင်ပါတယ်။

  • အပျော်ရွှင်တတ်ဆုံး ဘေဘီလေးတွေပါ

သူတို့လေးတွေက အကောင်းမြင်တတ်ကြသလို စိတ်ဓာတ်ကျနိုင်ခြေလည်း အတော်နည်းကြပါတယ်။ အနေအေးပေမယ့် ပျော်ပျော်ရွှင်ရွှင် နေတတ်ကြပါတယ်။ မကောင်းတဲ့ စိတ်ခံစားချက်တွေကို မြန်မြန်လေး ဖြေဖျောက်တတ်တာကလည်း သူတို့လေးတွေပါပဲ။

  • ရဲရင့်ကြတယ်

ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ရဲရင့်ပြီး အလုပ်ကြိုးစားကြသလို ရိုးလည်းရိုးသားကြပါတယ်။ စိတ်အားထက်သန်မှုလည်း ရှိကြပါတယ်။ ရဲရင့်ကြတဲ့သူလေးတွေ အများစုက နိုဝင်ဘာလမှာ မွေးဖွားကြပါတယ်။

  • ဦးဆောင်နိုင်စွမ်း ကောင်းကြတယ်

ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက မွေးရာပါဗီဇကိုက ဦးဆောင်နိုင်တာပါ။ ဒီလို ဦးဆောင်နိုင်တာကလည်း သူတို့လေးတွေကို ခေါင်းဆောင်ကောင်းတွေ ဖြစ်စေတဲ့ အကြောင်းအရင်းပါ။ အောင်မြင်တဲ့ ခေါင်းဆောင် တော်တော်များများကတော့ နိုဝင်ဘာလမှာ မွေးဖွားကြပါတယ်။

ဒီဇင်ဘာလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

[embed-health-tool-child-growth-chart]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Facts That Prove December Babies Are Special https://www.tlc.com/parenting/facts-about-december-babies-special Accessed Date 10 March 2023

Why December Babies Are Bold Explorers & Other Fun Facts https://tinybeans.com/what-science-says-about-december-babies/ Accessed Date 10 March 2023

7 Fascinating Facts About December Babies https://www.happiestbaby.com/blogs/baby/december-baby-birthday-facts Accessed Date 10 March 2023

7 fantastic fun facts about December babies https://rollercoaster.ie/baby/first-12-months/7-fantastic-fun-facts-about-december-babies/ Accessed Date 10 March 2023

6 Interesting Facts About Babies Born in December https://mom.com/baby/babies-born-december-facts Accessed Date 10 March 2023

ယခုပုံစံ

22/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား

ဘေဘီလေးကို ထမင်းရည် တိုက်လို့ ရမလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement