backup og meta

ဘေဘီလေး ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင်

ဘေဘီလေး ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင်

ဝမ်းမှန်ဖို့က အရွယ် ၃ ပါးစလုံးအတွက်အရေးပါတာပါနော်။ ဝမ်းမှန်တယ်ဆိုတဲ့နေရာမှာ ဝမ်းချုပ်တာလည်း မကောင်းသလို ဝမ်းလျှောတာ၊ ဝမ်းပျက်တာတွေဖြစ်တာမျိုးကလည်း မကောင်းပါဘူး။ ဒီတော့ ကျန်းမာရေးအတွက်အရေးပါတဲ့ ဝမ်းကောင်းစေဖို့ ဘေဘီလေးတွေမှာရော လူကြီးတွေမှာပါ ဂရုစိုက်ဖို့လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့တောင်လိုမယ်မထင်ပါဘူး။ ဒီတစ်ခေါက်တော့ Helloဆရာဝန်ရဲ့ ပရိသတ်ကြီးတွေအတွက် ဘေဘီလေးဝမ်းပျက်ဝမ်းလျှောတာနဲ့ပတ်သက်လို့ နည်းနည်းလောက်ပြောပြပေးချင်ပါတယ်။

ကလေးက ဝမ်းလျှောနေတာလား

ကလေးတွေရဲ့ ဝမ်းက ပုံမှန်အားဖြင့်တော့ ပျော့တတ်သလို ဝမ်းကလည်းခဏခဏသွားနိုင်ပါတယ်။ ဘေဘီလေးတွေ ဝမ်းခဏခဏသွားတာက ကလေးကကျန်းမာလို့ နို့ဝလို့ဆိုတဲအဓိပ္ပာယ်ပါနော်။ ဒါပေမယ့် ကလေးက ပုံမှန်ဝမ်းသွားနေတာမျိုးမဟုတ်ဘဲ စားပြီးတိုင်း ဝမ်းသွားနေရင်တော့ ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီလို့ပြောပါရစေနာ်။

  • ကလေးက ပုံမှန်ဝမ်းသွားတာထက် အကြိမ်ရေပိုများများသွားနေမယ်၊
  • ဝမ်းကပုံမှန်ထက်ပိုပျော့နေမယ်၊
  • စားပြီးတိုင်းမှာဝမ်းသွားနေမယ်၊
  • စားပြီးတိုင်းဝမ်းသွားတာက တစ်ကြိမ်မကဖြစ်နေမယ်၊
  • ဝမ်းကအရည်တွေပဲသွားနေမယ်ဆိုရင်တော့ ကလေးက ဝမ်းလျှောနေပြီလို့ပြောပါရစေနော်။

ဒီအချက်တွေကြောင့် ဘေဘီလေး ဝမ်းလျှောရတာပါ

ဝမ်းလျှောတာက ကလေးတွေမှာအကြာကြီးတော့မဖြစ်တတ်ပါဘူး။ များသောအားဖြင့်ကတော့ရောဂါပိုးက ရက်အနည်းငယ်ကြာရင် သူ့အလိုလိုသက်သာသွားတတ်ကြပါတယ်။ ဒါပေမယ့် မဖြစ်တော့ ပိုကောင်းတာပေါ့နော်။ ကလေးကို ဝမ်းလျှောတာမျိုးမဖြစ်စေနိုင်ဖို့အတွက် ဆင်ခြင်နိုင်စေဖို့ ဒီအချက်လေးတွေကိုပြောပြပေးပါရစေနာ်။

ဘေဘီလေးဝမ်းလျှောနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

လသားအရွယ်နဲ့ အသက် ၃ နှစ်အောက် ကလေးငယ်လေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ အလျင်အမြန်ဆိုသလို ရေဓာတ်ကုန်ဆုံးနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးငယ်မှာ အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။

  • ကလေးက ငိုရင် မျက်ရည်မထွက်ဘူး (မျက်လုံးခြောက်နေတာ)
  • ခဏခဏသေးခံလဲပေးရမယ်
  • ကလေးကငြိမ်နေမယ်
  • ကလေးက ဂျီကျနေမယ်
  • ပါးစပ်တွေခြောက်နေမယ်
  • အသားအရေတွေခြောက်လာမယ်
  • ကလေးက မျက်တွင်းတွေကျနေမယ်

ဘယ်လိုဂရုစိုက်ပေးမလဲ

  • ကလေးက ဝမ်းလျှောနေပြီဆိုရင် အရင်ဆုံးလုပ်ပေးရမှာက ကလေးကို ရေဓာတ် ဖြည့်ပေးဖို့ပါ။
  • ကလေးက နို့စို့အရွယ်ဆိုရင် မိခင်နို့တိုက်ပေးပါ။ ဝမ်းလျှောတာကို သက်သာစေမှာဖြစ်သလို ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်မှာပါ။ မြန်မြန်လည်း ပြန်ကျန်းမာလာစေမှာပါ။
  • ဖြည့်စွက်စားစားတဲ့အရွယ်ဆိုရင်တော့ ကလေးမှာ ရေဓာတ်ပြည့်ဝစေဖို့ အုန်းစိမ်းရည်၊ ကြက်ပြုတ်ရည် တိုက်ပေးလို့ ရပါတယ်။
  • ကလေးက အစားစစားပြီဆိုရင်တော့ အစာကို ပုံမှန်အတိုင်းကျွေးဖို့လိုပါမယ်။ ကလေးက အန်နေရင်လည်း ကြိုးစားပြီး ကျွေးပေးပါ။

ဒီလိုအခြေအနေမှာ ဆရာဝန်ကိုသွားပြပေးပါ

ကလေးမှာ အခုလိုလက္ခဏာတွေဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြသပေးပါနော်။

  • ကလေးက အဖျား ၁၀၂ နဲ့ အထက်ဖြစ်နေမယ်ဆိုရင်
  • ကလေးက ဗိုက်နာနေမယ်
  • ကလေးက ဝမ်းထဲမှာသွေးပါနေမယ်
  • ဝမ်းက အမည်းရောင်ဖြစ်နေမယ်
  • ဝမ်းက အနီရောင်ဖြစ်နေမယ်
  • ကလေးက မလှုပ်မရှားဖြစ်နေမယ်၊မှိန်းနေမယ်
  • ကလေးက အန်နေမယ်။

ကလေးကဝမ်းလျှောနေရင်ဒါတွေသတိထားပေးပါ

ကလေးကဝမ်းလျှောနေပြီဆိုရင် ဒါတွေမကျွေးဖို့ပြောပါရစေ။

  • မသန့်ရှင်းသောအစားအစာတွေ
  • အမျှင်ဓာတ်များတဲ့အစားတွေမကျွေးပါနဲ့
  • နို့ထွက်ပစ္စည်းတွေမကျွေးပါနဲ့
  • ကိတ်မုန့်၊ကွတ်ကီးတွေ နဲ့ ဆိုဒါတို့ကို မကျွေးပါနဲ့။

ဘက်တီးရီးယားတွေ ကူးစက်တာမျိုးမဖြစ်အောင် ကလေးကိုသေးခံကို ညစ်ပေတိုင်းလဲပေးပါ။ ကလေးကို သေးခံလဲပေးတိုင်း ရောဂါပိုးကူးစက်မှုမရှိစေဖို့ သေးခံလဲပေးတိုင်း လက်ကိုရေနွေးနဲ့ ဆပ်ပြာနဲ့ ဆေးပေးပါ။ သေးခံလဲပေးတဲ့အခါတိုင်း ကလေးကို သန့်ရှင်းရေးလုပ်ပေးပါ။ ကဲဘေဘီလေး အခန့်မသင့်လို့ ဝမ်းလျှောခဲ့ရင် အခုပြောခဲ့တဲ့အတိုင်းလေး ဂရုစိုက်ပေးလိုက်ပါနော်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diarrhea in Babieshttps://www.webmd.com/parenting/baby/baby-diarrhea-causes-treatment#2 Accessed Date 11 March 2019

Diarrhea in infantshttps://medlineplus.gov/ency/patientinstructions/000691.htm Accessed Date 11 March 2019

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စားမယ်ဝါးမယ် ဘေဘီလေးရေ

ကလေးတွေ မျက်စိနာရင်



Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement