ပဋိဇီဝပိုးသတ်ဆေးတွေကိုဆေးပတ်လည်အောင်မတိုက်ကျွေးခြင်း
အတော်များများလုပ်မိတတ်တဲ့ အမှားပါ။ ကလေးကသက်သာလာပြီဆိုတာနဲ့ မလိုတော့ဘူးထင်ပြီး ပဋိဇီဝဆေးဝါးတွေကို ဆက်မတိုက်ဘဲ အချိန်မစေ့မီ ရပ်လိုက်တာမျိုးလုပ်မိတတ်ပါတယ်။
ပဋိဇီဝဆေးတွေဟာရောဂါပိုးတွေကိုနှိမ်နင်းဖို့တိုက်ကျွေးရတာဖြစ်ပေမယ့်ဆေးပတ်မလည်ခင် ရပ်လိုက်တဲ့အခါရောဂါပိုးက အမြစ်မပြတ်တော့ဘဲပြန်ပေါ်လာနိုင်ဖို့ အခွင့်အရေးရစေပါတယ်။ ဒါ့ကြောင့် ကလေးကသက်သာနေပြီဆိုရင်တောင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးပတ်လည်အောင် ဆက်တိုက်ပါ။
ဆေးတိုက်တဲ့အခါ အတိုင်းအဆမတိကျခြင်း
အိမ်မှာသုံးတဲ့ ထမင်းစားဇွန်းတွေက အရည်ပိုဆံ့တဲ့အရွယ်အစားရှိတာကြောင့် ကလေးကိုတိုက်မယ့်ဆေး ထည့်မယ်ဆိုရင် ပမာဏများသွားနိုင်ပါတယ်။ ကလေးငယ်ကိုတိုက်မယ့်ဆေး ထည့်တဲ့အခါ ထမင်းစားဇွန်းတွေ၊စားပွဲတင်ဇွန်းတွေထက် မီလီလီတာနဲ့တိုင်းတဲ့(ဥပမာ-ဆေးဘူးမှာပါတတ်တဲ့ဇွန်း)ဆေးတိုက်ဇွန်းတွေကို သုံးသင့်ပါတယ်။
နေမကောင်းမဖြစ်ဘဲ တခြားရည်ရွယ်ချက်နဲ့ ဆေးတိုက်ခြင်း
ကလေးကို အိပ်အောင်လို့ ဘာမီတွန်တိုက်တာမျိုး၊ချောင်းဆိုးပျောက်ဆေးတိုက်တာမျိုး မလုပ်သင့်ပါဘူး။Georgetown University Medical College ရဲ့သုတေသနတစ်ခုအရ ကလေးတွေအိပ်ချင်လာအောင် ဒီလိုတိုက်ကျွေးပါများရင် တက်ကြွလွန်(hyperactive)လက္ခဏာတွေ ရှိလာစေနိုင်တယ်လို့ သိရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။