backup og meta

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

    ရေညှိ ထမင်းလိပ်တယ်။ ဘေဘီလေးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်း မေမေ သားသားဆိုပြီး ပါးစပ်ဟတယ်။ ဟယ် စားလို့ တည့်ပါ့မလား။ မကျွေးရင်လည်း ငိုနေပြီဆိုတော့ ဘယ်လို လုပ်ရမလဲဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား……….

    ဘေဘီလေးကို ရေညှိကျွေးလို့ ရလား…..

    မေမေတိုင်း သိချင်နေမယ့် ဒီမေးခွန်းလေးကို ဖြေပေးရမယ်ဆိုရင်တော့ ဟုတ်ကဲ့ ကျွေးလို့ ရပါတယ်ပေါ့။ ဒါပေမယ့် သတိထားရမယ့်အချက်လေးတွေတော့ ရှိတယ်နော်။

    ဘေဘီလေးကို ရေညှိကျွေးတဲ့အခါ အရသာတွေ ဖြည့်စွက်ထားတာမျိုး မဖြစ်ဖို့တော့ လိုပါမယ်။ ဆားတောင် နည်းနည်းပဲ စားရမယ့် ဘေဘီလေးကို အချိုမှုန့်၊ အရသာမှုန့်တွေပါနေတဲ့ ရေညှိကျွေးတာကတော့ ကောင်းကျိုးထက် ဆိုးကျိုး ပိုနေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။

    ဘယ်အရွယ်မှာ ရေညှိ စကျွေးရပါ့………

    ကျွေးလို့ ရတာကတော့ ဟုတ်ပါပြီ။ ဘယ်အရွယ်မှာ ရေညှိ စကျွေးရမလဲ။ သဘာဝ ရေညှိ စစ်စစ်ကို ဘေဘီလေး ၆ လအရွယ်မှာ စကျွေးလို့ ရပါတယ်။ ရေညှိကို အချပ်လိုက် ဆိုတာထက် solid food စစားတတ်တဲ့ ဘေဘီလေးက သွားမပေါက်သေးသလို မျိုချမှုကို လေ့ကျင့်ဆဲ ဖြစ်တာကြောင့် သေချာလေး ကြိတ်ခြေပြီး ကျွေးဖို့တော့ လိုပါမယ်။ ဒီလိုမှမဟုတ်ရင်လည်း ကြက်စွပ်ပြုတ်လေးထဲကို ထည့်ပြီး ပြုတ်ပေးတာမျိုးပေါ့။

    ဘေဘီလေးက ၁၅ လ ကနေ ၁၈ လလောက်ရပြီဆိုရင် ရေညှိချပ်လေးတွေကို သေးသေးဖဲ့ပေးရင်း စခွံလို့ ရပါပြီ။ အရသာတော့ မပါစေနဲ့ဦးနော်။ ဘေဘီလေးကို ဝါးစားဖို့လည်း သတိပေးပေါ့။

    ဘေဘီလေးကို ရေညှိကျွေးတဲ့အခါ

    ရေညှိမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဘေဘီလေး ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပေါ့။ အစာရွးတဲ့ ကလေးတွေကို လိုအပ်တဲ့ အာဟာရ ပေးနိုင်မယ့် စားစရာတစ်ခုဆိုလည်း မမှားပါဘူး။

    ဒီတော့ ဘေဘီလေးကို ရေညှိကျွေးပေးမယ်ဆိုရင် အာဟာရ ပြည့်သလို အခုလို အကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    အမျှင်ဓာတ် ပါဝင်နေတာကြောင့် ဘေဘီလေးကို အစာခြေစနစ် ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။

    အိုင်အိုဒင်း ကြွယ်ဝတယ်

    ရေညှိမှာ အိုင်အိုဒင်းဓာတ်ပါဝင်နေတာကြောင့် ကလေးရဲ့ သိမြင်မှုစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။ အာရုံစူးစိုက်မှု ကောင်းစေပြီး သင်ယူနိုင်စွမ်းတိုးစေပါတယ်။

    ဘေဘီလေးကို သိုင်းရွိုက်ကျန်းမာစေပြီး ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံး ကြီးထွားစေဖို့လည်း အားဖြည့်ပေးပါတယ်။ ရေညှိမှာပါတဲ့ အိုင်အိုဒင်းက ပျော်ဝင်လွယ်ပြီး ကလေးကို လုံလောက် ပြည့်ဝစွာ ရရှိစေနိုင်ပါတယ်။

    သံဓာတ် ပါဝင်တယ်

    ရေညှိမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန်စေပါတယ်။ အင်အားပြည့်ဝစေပြီး ဘေဘီလေးကို သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ညဘက်တွေမှာလည်း ဘေဘီလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အားဖြည့်ပေးမှာပါ။

    အရိုးတွေ သန်မာစေတယ်

    ရေညှိမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် ဘေဘီလေးကို အရိုးနဲ့သွားတွေ သန်မာစေပါတယ်။ ရေညှိမှာပါတဲ့ ကယ်လ်ဆီယမ်က နို့ထွက်ပစ္စည်းတွေကနေ မရနိုင်တဲ့ ကယ်လ်ဆီယမ် အမျိုးအစားပါ။

    ကြီးထွား ဖွံ့ဖြိုးစေတယ်

    ရေညှိမှာ ပရိုတင်း၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် အပါအဝင် ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် ၅၆ မျိုးအထိ ပါဝင်နေတာကြောင့် ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement