အစာနင်တာ၊ သီးတာက အရွယ်မရွေးဖြစ်နိုင်သလို အသက်အန္တရာယ်အထိခြိမ်းခြောက်နိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ လူကြီးတွေမှာတောင် အန္တရာယ်ရှိတယ်ဆိုရင် ငယ်ရွယ်သေးတဲ့ ကလေးတွေမှာဆိုရင် ပိုဆိုးတော့မပေါ့။ ဒီတော့ ဘေဘီလေးတွေ အစာနင်တဲ့အခါ ထိခိုက်မှုမဖြစ်စေဖို့ ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။
ဘေဘီလေးတွေအစာနင်နေတာကို ဘယ်လိုသိနိုင်မလဲ…..
ဘေဘီလေးတွေအနေနဲ့ နို့စို့ရင်း နို့သီးနိုင်သလို ရေသောက်ရင်း ရေသီးတာ၊ အစားစားရင်း အစားနင်တာ၊ အရုပ်လေးတွေနဲ့ဆော့ရင်း မတော်တဆပါးစပ်ထဲဝင်ပြီး နင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးမှာ အခုလိုလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
ကလေးက ပြာနှမ်းလာမယ် အသက်ရှုရခက်နေမယ် (နံရိုးတွေ၊ ရင်ဘတ်တွေ ဖောင်းနေမယ်) သတိလစ်မယ် ချော့မရအောင်ငိုမယ် အသံမထွက်ဘဲဖြစ်နေမယ် အသက်ရှူသံက တရွှီရွှီမြည်နေမယ်။ ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲ…….
တကယ်လို့ ကလေးက ချောင်းဆိုးနေတာ၊ အရမ်းငိုနေတာမျိုးမရှိဘူးဆိုရင်တော့
- ကလေးကို ပေါင်ပေါ်မှာ မှောက်ရက်အနေအထားထားပေးပါ။ လက်ဖဝါးနဲ့ ကလေးရဲ့ မေးစေ့ကို ထိန်းထားပေးပါ။
- ကလေးရဲ့ခေါင်းကို ခန္ဓာကိုယ်ထက်နိမ့်ထားပေးပါ။
- ပြီးရင် အားနေတဲ့ လက်တစ်ဖက်ရဲ့ လက်ဖနောင့်နဲ့ ကလေးရဲ့ ကျောအလယ်ကို နှိပ်ပေးပါ။ အရမ်းအားမသုံးမိဖို့တော့ သတိထားပါ။ ခပ်မြန်မြန်လေး ၅ ကြိမ်လုပ်ပေးပါ။
- ပြီးရင် ကလေးရဲ့ ရင်ဘတ်အလယ်ကို လက်ချောင်းနှစ်ချောင်းသုံးလို့ နှိပ်ပေးပါ။ ဆက်တိုက် ၅ ကြိမ်နှိပ်ပေးပါ။
- နင်နေတဲ့အရာထွက်မလာသေးရင် နောက်ထပ်တကျော့ထပ်လုပ်ပေးပါ။
တကယ်လို့ ကလေးက နင်နေတာမသက်သာသေးဘူးဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်သွားပြီး အကူအညီရယူပါ။
ကလေးအစာမနင်အောင် ဘယ်လိုကာကွယ်မလဲ……
ကလေးကို အစာနင်ခြင်း၊ သီးခြင်းကင်းအောင် အကောင်းဆုံးစောင့်ရှောက်နိုင်ကြပါစေကြောင်း………….