backup og meta

အသွင်ပြောင်းဆီများကို ရှောင်ရှားခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသွင်ပြောင်းဆီများကို ရှောင်ရှားခြင်း

    Trans Fat (အသွင်ပြောင်းဆီ) ဆိုတာ အဆိုးဝါးဆုံးအဆီတစ်မျိုး လို့လေ့လာတွေ့ရှိရပါတယ်။ Trans fatty acidလို့လဲ ခေါ်နိုင်ပါသေးတယ်။ အဲဒါက ကောင်းတဲ့ကိုလက်စထရော(HDL)ကို နည်းစေပြီ းမကောင်းတဲ့ ကိုလက်စထရော(LDL)ကို သွေးထဲမှာ များလာစေပါတယ်။ HDLနည်းပြီး LDLများနေတဲ့လူဟာ ကြောက်စရာကောင်းတဲ့ နှလုံးရောဂါကို ခံစားနိုင်ခြေ ပိုများလာပါမယ်။

    ၁။ Trans Fat ဆိုတာဘာလဲ။

    တချို့အသားနဲ့ နို့ထွက်ပစ္စည်းတွေမှာ သဘာ၀ Trans Fat အနည်းငယ် ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့လည်း Trans Fatကို စက်ရုံတွေမှာ ဟိုက်ဒရိုဂျင်ကို ဟင်းရွက်ဆီတွေနဲ့ ပေါင်းစပ်ကာ အခန်းအပူချိန်တွင်တောင် အခဲအဖြစ်ရှိနေနိုင်အောင် ထုတ်လုပ်ပါတယ်။ အချို့အစားအစာတွေမှာ အဲဒီအဆီတွေ သက်တမ်းကြာကြာခံအောင် အဲဒီဆီကို ထည့်သွင်းအသုံးပြုကြပါတယ်။ စားသောက်ဆိုင်တွေမှာ အဆီတွေကို ခဏခဏပြန်လဲစရာ မလိုအောင် Trans Fatတွေကို ပြန်ကြော်ဆီအဖြစ် သုံးပါတယ်။

    ၂။ Trans Fat တွေကို ဘယ်မှာတွေ့နိုင်မလဲ။

    က။ မုန့်ဖုတ်ရသော အစားအစာများ

    ကိတ်မုန့်၊ကွတ်ကီး၊ပိုင်မုန့်နဲ့ခရက်ကာ အများစုမှာ Trans Fatတွေ ပါပါတယ်။ ခရင်တွေမှာလည်း ပါပါသေးတယ်။

    ခ။ သရေစာများ

    အာလူး၊ပြောင်းဖူးနဲ့ချာပါတီမုန့်တွေဟာ Trans Fatတွေ တော်တော်ပါပါတယ်။ ပြောင်းဖူးပေါက်ပေါက်သည်းလည်းပဲ Trans Fatမပါမှသာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ပြောနိုင်ပါမယ်။

    ဂ။ အကြော်များ

    ကြော်တယ်ဆိုကတည်းက အသွင်းပြောင်းဆီတွေထည့်ပြီး ကြော်တယ်လို့ ပြောစရာတောင် မလိုဘူးထင်ပါတယ်။

    ၃။ ပါဝင်ပစ္စည်းတွေ ကြည့်ဝယ်ပါ။

    Trans Fat မပါတာတွေ ဝယ်ဖို့ ပါဝင်ပစ္စည်းကြည့်ဝယ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းပါပဲ။ အမေရိကန်မှာဆိုရင် 0.5grams အောက် Trans Fat ပါခြင်းကို Trans Fatမပါဝင်ဘူးလို့ ယူဆကြပါတယ်။ Trans Fatတစ်ခုဖြစ်တဲ့ Partially Hydorgenated Vegetable Oil ပါမပါကိုလည်းစစ်ရပါမယ်။

    ၄။ Trans Fatစားသုံးခြင်းကို တတ်နိုင်သလောက် လျော့ချပေးပါ။

    Trans Fatများ အထူးသဖြင့် ဟင်းရွက်ဆီတွေမှာပါတဲ့ စက်ရုံထုတ်အဆီမျိုးတွေဟာ ကျန်းမာရေးအတွက် ဘာအကျိုးမှမရှိပါဘူး။ Trans Fatကို တတ်နိုင်သမျှ နည်းအောင်စားဖို့ အကြံပေးထားပါတယ်။ FDAကတော့ အဒီအဆီမျိုးတွေကို အန္တရာယ်ကင်းတယ်လို့ကို အသိအမှတ်မပြုတော့ပါဘူး။ အစားအသောက်တွေမှာ Trans Fatတွေ ထည့်ချက်ခြင်းကို နောင်နှစ်အနည်းငယ်အတွင်း လုံးဝတားမြစ်ပိတ်ပင် သင့်ပါပြီ။

    မိမိကျန်းမာရေးမထိခိုက်အောင် Trans Fatနဲ့ အခြားမကောင်းသောအဆီများကို သတိပြုစားသုံး သင့်ပါပြီ။ Trans Fatအစားထိုးပစ္စည်းကတော့ ပြည့်ဝဆီတွေပါ။ အဲဒါတွေကလည်း LDLကိုလက်စ်ထရောကို တက်စေပါတယ်။ ကျန်းမာတဲ့အစာစားခြင်းဆိုတာ အဆီ၃၅% အထက်ပိုမစားသင့်ပါဘူး။ အထူးသဖြင့် ပြည့်ဝဆီ ၁၀%ကို မကျော်သင့်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement