စိတ်သွားတိုင်း ကိုယ်ပါနေတုန်းမှာတော့ ခန္ဓါကိုယ်ရဲ့ လှုပ်ရှားနိုင်မှုက တန်ဖိုးရှိတယ်ထင်မိမှာမဟုတ်ပါဘူး။ မလှုပ်ရှားနိုင်တဲ့အခါမှာ အရိုးအဆစ်တွေရဲ့ တန်ဖိုးကို ကောင်းကောင်းကြီးနားလည်လာတတ်ကြစမြဲပါ။ ဒီလိုပြောလို့ ဟုတ်ပါ့မလားလို့ မတွေးလိုက်နဲ့နော်။ ခြေထောက်လေးပဲနာကြည့်လိုက်။ သွားရလာရတော်တော်လေးခက်တာနော်။ ခန္ဓါကိုယ်ကို လှုပ်ရှားလို့အဆင်ပြေအောင် အဓိကထောက်ကန်ပေးထားတာက အရိုးအဆစ်တွေပေါ့။ ဒီတော့ ခြေလှမ်းတိုင်း၊ လှုပ်ရှားမှုတိုင်းကို စိတ်သွားတိုင်းကိုယ်ပါဖို့က အရိုးအဆစ်တွေကောင်းမှဖြစ်မှာနော်။