backup og meta

နောက်ကျောအောင့်တာကို သက်သာစေဖို့

ခါးနာတာမျိုး မဟုတ်ဘဲ နောက်ကျောထဲက ထိုးပြီး အောင့်နေသလိုမျိုး ခံစားနေရပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီတစ်ခေါက်တော့ ခါးနာတာမဟုတ်တဲ့ နောက်ကျောအောင့်တာကို သက်သာစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

နောက်ကျောအောင့်တာကို သက်သာစေဖို့

နောက်ကျောအောင့် တဲ့အခါ

နောက်ကျောအောင့်တဲ့အခါ ဒီလိုခံစားရတတ်ပါတယ်

  • ကြွက်သား ကိုက်ခဲမယ်၊ တဆစ်ဆစ်နာမယ်
  • နောက်ကျောတစ်လျှောက် တင်းနေမယ်
  • ခန္ဓာကိုယ် အပေါ်ပိုင်းကို ကိုင်းလိုက်တဲ့အခါမျိုး၊ လမ်းလျှောက်တဲ့အခါမျိုးမှာ နာကျင်မှုက ပိုဆိုးလာမယ်
  • လှဲလိုက်တဲ့အခါ အခန့်မသင့်ရင် နာမယ်။

နောက်ကျောအောင့်တာကိုဖြစ်စေနိုင်တဲ့ အလေ့အထတွေ

နောက်ကျောက ကြွက်သားတွေ၊ ကျောရိုးဆစ်တွေနဲ့ ဖွဲ့စည်းထားသလို နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရေးပါပါတယ်။ ဒါကြောင့် နောက်ကျောအောင့်တာကို ဖြစ်စေနိုင်တဲ့အချက်တွေကလည်း အများကြီးပါ။

ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။

ဒါတွေအပြင်နောက်ထပ် ဖြစ်နိုင်တာက

နောက်ကျောအောင့်တာကို သက်သာစေဖို့

နောက်ကျောအောင့်တာက လူတစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာ နဲ့ နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ အာရုံစိုက် လုပ်ဆောင်ဖို့ကိုလည်း အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်လို့ရတဲ့ အိမ်တွင်းကုထုံးနည်းလမ်းလေးတွေ ရှိနေပါသေးတယ်။

အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ ဘဝသက်တမ်းမှာ တစ်ကြိမ်လောက်တော့ နောက်ကျောအောင့်တာကိုခံစားခဲ့ရဖူးကြပါတယ်။  ဒီတော့ နောက်ကျောအောင့်တာကို အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုစေချင်ပါတယ်။

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့် နောက်ကျောအောင့်နိုင်ပေမယ့် နောက်ကျောအောင့်တာကို သက်သာစေဖို့တော့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။ ခဏတဖြုတ် လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂ လေ့ကျင့်ခန်း လုပ်တာတွေက နောက်ကျောအောင့်တာကို သက်သာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။

အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး  ဦးနှောက်ရဲ့ သဘာဝ အကိုက်အခဲပျောက် ဟော်မုန်းဖြစ်တဲ့ endorphins ကို ထုတ်လွှတ်ပေးတာကြောင့်ပါ။

နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာက နောက်ကျောအောင့်တာကိုသက်သာစေဖို့ရော ကာကွယ်ဖို့ပါ အထောက်အကူပြု ပေးနိုင်ပါတယ်။

နောက်ကျောအောင့်တဲ့နေရာကို ရေခဲအိတ်ကပ်တာက ထိခိုက်မှုကြောင့် ရောင်ရမ်းတာကို အဓိကသက်သာစေပြီး နာကျင်မှုကိုလည်း လျော့စေပါတယ်။ တဘက်စ ပါးပါးလေးထဲမှာ သို့မဟုတ် အိတ်တစ်ခုထဲမှာ ရေခဲတုံးလေးတွေ ထည့်လို့ တစ်ခါ ကပ်ရင် မိနစ် ကနေ ၃၀ လောက် တစ်နေ့ကို အကြိမ်ရေ များစွာကပ်ပေးလို့ ရပါတယ်။စစဖြစ်ခြင်းမှာ ရေခဲကပ်တာက ပိုထိရောက်မှု ရှိပါတယ်။

အချိန် အတော်ကြာထိ မသက်သာဘဲ နောက်ကျော အောင့်နေမယ်ဆိုရင် ရေနွေးအိတ် ကပ်ပေးလို့ရပါတယ်။ ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးဝတ်ကို နာတဲ့နေရာမှာ ကပ်ပေးတာက ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းမှု ကောင်းစေသလို ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ရေနွေးနွေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။

အပူလောင်တာနဲ့ အရေပြား တစ်ရှူးတွေ ထိခိုက်ပျက်စီးမှု ကင်းစေဖို့ အရမ်းပူတာကို မကပ်ဖို့နဲ့ ရေနွေးအိတ်ကပ်ရင်း အိပ်မပျော်သွားစေဖို့ သတိထားစေချင်ပါတယ်။

တစ်ခါတလေမှာ နောက်ကျောအောင့်တာက အနေအထား မမှန်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့် ဥပမာ ထိုင်တဲ့အခါ ခါးကို မတ်မတ်ထိုင်မိဖို့ ခါးလိမ်၊ခါးစောင်းပြီး မထိုင်မိဖို့ သတိထားရပါမယ်။ နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ ကိုယ်နေဟန်ထားမှန်စေဖို့ ဂရုစိုက်ရပါမယ်။

ကဲ..နောက်ကျော အောင့်တာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်လိုက်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Upper and Middle Back Pain https://www.uofmhealth.org/health-library/aba5320#:~:text=Upper%20and%20middle%20back%20pain%20may%20be%20caused%20by%3A,such%20as%20a%20herniated%20disc. Accessed Date 10 March 2022

What are the most likely causes of upper back pain? https://www.medicalnewstoday.com/articles/323839 Accessed Date 10 March 2022

ယခုပုံစံ

29/08/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နောက်ကျောနာကျင်မှု အတွက် ကိုယ်လက်လေ့ကျင့်ခန်းများ

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/08/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ