ဗီတာမင်အေ ကြွယ်ဝသောအစားအသောက်များ
ဗီတာမင်အေဟာလည်း အရေပြား အနာကျက် မြန်စေဖို့ရာအတွက် မရှိမဖြစ်အရေးကြီးသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ နောက်ထပ် ဗီတာမင်တစ်ခုပဲ ဖြစ်ပါတယ်။ ဗီတာမင် ဓါတ်တွေဟာ ပိုးဝင်ခြင်းကို ခုခံတိုက်ခိုက်ပြီး ရောင်ရမ်းခြင်းဆိုင်ရာ တုံ့ပြန်မှုများကို ထိန်းချုပ်ရမှာ ကူညီပေးပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ ခန္ဓါကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အန္တရာယ်ရှိသော လှုံ့ဆော်ပစ္စည်းတွေနဲ့ ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားခြင်းအားဖြင့် ပိုးမဝင်အောင် ပထမဆုံးကာကွယ်ပေးခြင်းဖြစ်စဉ်ဟာ ရောင်ရမ်းပေးခြင်းပဲ ဖြစ်ပါတယ်။ ကော်လဂျင်ဓါတ် ဖွဲ့စည်းမှုကို အားပေးခြင်းအားဖြင့် ဒဏ်ရာတွေဟာ ပိုပြီး ကောင်းလာခြင်းနှင့်အတူ သင့်ရဲ့အရေပြားဟာ အနာကျက် မြန်လာစေတဲ့ ရလဒ်ကိုခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ခန္ဓါကိုယ်ဟာ အနာကျက် စေဖို့အတွက် လုံလောက်တဲ့ ဗီတာမင်ဓါတ် မရှိဘူးဆိုရင် အနာကျက်ခြင်းဖြစ်စဉ်ဟာလည်း ကောင်းစွာအလုပ်လုပ်မှာ မဟုတ်ပါဘူး။ သို့သော် သင်ဟာ၎င်းဗီတာမင်တွေကို အလွန်အမင်း စားသောက်ပြီး အဆိပ်အတောက်ဖြစ်စေခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။
သင်ကိုယ်တိုင် စားသောက်ပေးသင့်တဲ့ ဗီတာမင်အေဓါတ် ကြွယ်ဝသော အစားအသောက်တွေကတော့ ဥများ၊ နို့၊ ထူးကဲအောင် စီမံထားသောအဆီနည်း သည့် နို့ထွက်ပစ္စည်းများ၊ အဝါရောင်နှင့် လိမ္မော်ရောင်အရွက်များ၊ အနီရောင်အသီးများ၊ ငါး၊ အစိမ်းရင့်ရောင်အရွက်များ၊ နေကြာစေ့၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီးမျိုးနွယ်များ၊ အနောက်တိုင်းအစားအစာတွင် သုံးသောအရွက်စိမ်းနှင့် ဟင်းနုနွယ်ရွက် စသည်တို့ ဖြစ်ပါတယ်။
အသားဓါတ် ကြွယ်ဝသောအစားအသောက်များ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။