backup og meta

အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း

    ခုဆိုရင် တော်တော်များများက အိမ်ကနေပဲ အလုပ်လုပ်လာကြတဲ့အခါ တစ်အိမ်လုံးက ကိုယ့်ရဲ့ လုပ်ငန်းခွင်၊ ရုံးခန်း ဖြစ်လာပါတယ်။ အလုပ်ဆိုတာကလည်း သက်သောင့်သက်သာဖြစ်တဲ့နေရာမှာဆို ပိုပြီး လုပ်ချင်စိတ်ဖြစ်တဲ့အတွက် အိမ်မှာဆိုရင် အိပ်ရာတို့ ဆိုဖာတို့က မျက်စိကျစရာပါ။

    အစပိုင်းမှာတော့ စားပွဲနဲ့ ခုံနဲ့ လုပ်ကောင်း လုပ်ကြပေမယ့် နောက်ကျတော့ လက်တော့က အိပ်ရာနား ရောက်လာ၊ တစ်ဆင့်တက်ပြီး အိပ်ရာပေါ် ရောက်လာတော့တာပါပဲ။ လှဲပြီး၊ ခေါင်းအုံးလေးတွေကို မှီပြီး အလုပ်လုပ်ရတဲ့ အခွင့်အရေးကို ရုံးမှာမှ မရနိုင်ဘဲလေ။ ဒီလိုမျိုး အိပ်ရာပေါ်မှာ၊ ဆိုဖာပေါ်မှာ အလုပ်လုပ်တာက ဇိမ်ကျတယ်ဆိုပေမယ့် တကယ် ကျန်းမာရေးအတွက်တော့ သိပ်မကောင်းလှပါဘူး။

    ဘာကြောင့်လဲဆိုတာ ကြည့်ကြည့်ရအောင်။

    အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း

    သိတဲ့အတိုင်း အိပ်ရာပေါ်၊ ဆိုဖာပေါ် ရောက်သွားပြီဆိုရင် တစ်ခုခုကို မှီနေရမှ။ နောက်က ကုတင်ပေါင် ဒါမှမဟုတ် နံရံကိုမှီ၊ ခပ်လျှောလျှောလေးထိုင်၊ ခေါင်းအုံးလေးပေါ် စာရင်းစာအုပ်၊ လက်တော့လေးတင်ပြီး အလုပ်လုပ်ရတာ တယ်လည်း ဇိမ်ကျပါတယ်။ ပြဿနာက ညနေစောင်းလို့ ရုံးဆင်းပြီ၊ နားမယ်ဆိုပြီး ထလိုက်တာနဲ့ ခါးထဲက မျက်ခနဲနာတာ၊ လက်ပြင်တွေ ငုပ်တာ၊ ဇက်ကြောတွေ တက်တာ စတာတွေကို တစ်ခုပြီး တစ်ခု ခံစားရတာပါ။ တစ်နေကို ပုံစံမမှန်ဘဲ ထိုင်ခဲ့မိတဲ့ ရလဒ်တွေပေါ့။

  • အိပ်ချိန်ထိခိုက်တာ

  • အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေက အလုပ်ကို အိပ်ရာထဲမှာ မလုပ်ဖို့၊ အလုပ်ခန်းနဲ့ အိပ်ခန်း ခွဲထားဖို့ အကြံပေးလေ့ရှိပါတယ်။ အိပ်ရာထဲမှာ အလုပ်လုပ်တာ ကြာလာတဲ့အခါ အလုပ်နဲ့ အိပ်ရာ မကွဲတော့ဘဲ အိပ်ရာမြင်တိုင်း အလုပ်အကြောင်း စဉ်းစားမိလို့ပါပဲ။ ညအိပ်တဲ့အချိန်ထိတောင် အလုပ်ကို လက်မလွှတ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။

    ဒါကတော့ အပေါ်ကနဲ့ ပြောင်းပြန်ပါ။ အိပ်ရာက သက်သောင့်သက်သာ ဖြစ်လွန်းတဲ့အတွက် အလုပ်လုပ်ရင်း အိပ်ငိုက်နိုင်သလို၊ ပျင်းတာ၊ လေးလံထိုင်းမှိုင်းတာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ အလုပ်ပြီးဖို့ အချိန်ပိုယူရပါတယ်။

    အိပ်ရာဆိုတာ တစ်နေ့ ၈နာရီလောက် နေရတဲ့ နေရာမို့လို့ သန့်သန့်ရှင်းရှင်း ထားသင့်ပါတယ်။ လက်ပ်တော့၊ ဖုန်း၊ စာရင်းစာအုပ်၊ တစ်ခါတလေ မုန့်တွေကိုပါ အိပ်ရာထဲကို ယူလာတာက အိပ်ရာကို ညစ်ပတ်စေပါတယ်။ ပြီးရင် ညကျတော့လည်း ဒီနေရာမှာပဲ ပြန်အိပ်မှာဆိုတော့ နောက်ပိုင်းကျရင် အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    ဒီတော့ ဘယ်လိုလုပ်ကြမလဲ။

    အကောင်းဆုံးကတော့ အိပ်ရာမှာ အလုပ်လုပ်တာကို ရှောင်ဖို့ပါပဲ။ အနည်းဆုံးတော့ ကုတင်ပေါ်က ဆင်းပြီး အောက်မှာ သီးသန့် စားပွဲခင်းပြီး လုပ်သင့်ပါတယ်။ အခန်းကျဉ်းလို့ နေရာ မကျယ်ဘူး၊ ကျန်းမာရေး အခြေအနေအရဆိုရင်တော့ အောက်ပါ အချက်တွေကို လိုက်နာပါ။

    • အောက်ခံသား အမာပေါ်မှာ ထိုင်ပါ။

    ဆိုလိုတာက အောက်က မွေ့ယာပျော့လေလေ၊ ကိုယ်က နစ်ဝင်လေလေ ကိုယ်နေဟန်ထား မမှန်လေပါပဲ။ ဒါကြောင့် မွေ့ရာမာမာ ဒါမှမဟုတ် မွေ့ရာကိုဖယ်ပြီး ဖျာပေါ်မှာ ထိုင်လုပ်သင့်ပါတယ်။

    • ထိုင်တဲ့ ပုံစံမှန်ပါစေ။

    အိပ်ရာပေါ်မှာလှဲ၊ ဗိုက်ပေါ် လက်ပ်တော့တင်ပြီး မမှီမကမ်း အလုပ်မလုပ်ပါနဲ့။ နောက်ကို ခပ်လျှောလျှော မှီပြီးလည်း အလုပ်မလုပ်ပါနဲ့။ ဒါတွေက ညနေကျရင် ညောင်းညာကိုက်ခဲတာကို ဖြစ်စေပါလိမ့်မယ်။ အိပ်ရာပေါ်မှာ ပုံစံမှန်မှန် ထိုင်ပါ။ ခြေဆင်းထိုင်တာဖြစ်ဖြစ်၊ တင်ပလ္လင်ခွေ ထိုင်တာဖြစ်ဖြစ် ခါးကို မတ်မတ်ထားပါ။ နောက်ကို သေချာမှီပြီး လွတ်နေတဲ့နေရာကို ခေါင်းအုံး ဒါမှမဟုတ် စောင်ခေါက်လေး ခံထားပါ။

    ခါးကို ရှေ့ကိုင်းပြီး မထိုင်ပါနဲ့။ အိပ်ရာပေါ်မှာ စားပွဲတစ်လုံး တင်ထားပါ။ အလုပ်လုပ်မယ့် လက်ပ်တော့၊ စာရင်းစာအုပ်တွေက စားပွဲပေါ်တင်ပြီး လက်တစ်ကမ်းအကွာလောက်မှာ ထားပါ။ ခြေဆင်းထိုင်မယ်ဆို ဒူးခေါက်ခွက်အောက်မှာ စောင်လေး ခုထားပါ။

    နာရီဝက်လောက်ကြာတိုင်း အိပ်ရာထဲကထ အကြောဆန့်ပေးပါ။ ထိုင်နေတဲ့ ပုံစံကို ပြန်စစ်ပါ။ ခေါင်းအုံးတွေ၊ စောင်တွေကို နေရာတကျ ပြန်ထားပါ။ ခါးကို အကြောလျှော့တဲ့အနေနဲ့ ကြမ်းပြင်အမာပေါ်မှာ ခြေဆန့် လက်ဆန့် ခဏလှဲပါ။

    • အိပ်ရာထဲမှာ ပစ္စည်းတွေ အများကြီး မထားပါနဲ့။

    အိပ်ရာ မညစ်ပတ်စေဖို့ အလုပ်နဲ့ မဆိုင်တဲ့ ပစ္စည်းတွေကို အများကြီး မယူထားပါနဲ့။ အိပ်ရာခင်းကိုလည်း မကြာခဏ လဲပေးပါ။

    • အိပ်ရာပေါ်မှာ အလုပ်လုပ်တဲ့အချိန်ကို လျှော့ပါ။

    မနက်တစ်ပိုင်းကို အလုပ်စားပွဲမှာ လုပ်ပြီး နေ့လယ်ကို အိပ်ရာပေါ်မှာ လုပ်တာ ဒါမှမဟုတ် အိပ်ရာပေါ်မှာ တစ်နေ့ ၃နာရီထက် ပိုမလုပ်ဖို့ သတ်မှတ်ထားတာ စသဖြင့် စည်းကမ်း လုပ်ကြည့်ပါ။ အိပ်ရာပေါ်မှာ အလုပ်လုပ်တဲ့အချိန်ကို တတ်နိုင်သမျှ လျှော့ကြည့်ပါ။

    ညနေ အလုပ်သိမ်း အိပ်ရာပေါ်က ထလိုက်လို့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီဆို လျစ်လျူမရှုပါနဲ့။ ဒီလိုဖြစ်လာခဲ့ရင်

    -နောက်ရက်တွေမှာ အိပ်ရာပေါ်မှာ မလုပ်ဘဲ အလုပ်စားပွဲမှာ ကိုယ်နေဟန်ထား မှန်မှန် ပြန်ထိုင်ပါ။

    -မကြာခဏ အကြောလျှော့ပေးပါ

    ရေနွေးအိတ်ကပ်ပေးပါ

    -Diclofenac၊ ပရုတ်အေး စသဖြင့် ရောင်ရမ်းနာကျင်မှုကို သက်သာစေတဲ့ လိမ်းဆေးတွေ၊ ဖြန်းဆေးတွေ သုံးပေးပါ။

    ဒါတွေကတော့ အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်းတွေပါပဲ။ အိပ်ရာပေါ်မှာ အလုပ်လုပ်နေမိသေးတယ်ဆိုရင်လည်း အပေါ်က အချက်တွေကို လိုက်နာဖို့ မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement