backup og meta

သင့် အဆစ်အမြစ်ကိုက်ခဲ ရတဲ့ အကြောင်းရင်းများ

သင့် အဆစ်အမြစ်ကိုက်ခဲ ရတဲ့ အကြောင်းရင်းများ

အဆစ်အမြစ်ကိုက်ခဲ တယ်ဆိုတာက နေ့စဉ်ဘဝမှာ တွေ့ကြုံနိုင်တဲ့ ဝေဒနာတစ်ခုပါ။ အရွယ်မရွေး၊ ကျားမမရွေး ကြုံရနိုင်ပါတယ်။ အဆစ်အမြစ်ကိုက်တယ်ဆိုတာက လက္ခဏာသက်သက်သာဖြစ်ပြီး ဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေကုသဖို့ လိုပါတယ်။

အဆစ်အမြစ်ကိုက်ခဲ ရတဲ့ အကြောင်းရင်းများ

အဆစ်အမြစ်တွေမှာ အဆစ်ကြီးတွေအပြင် လက်ဆစ်၊ ခြေဆစ်တွေလည်း ကိုက်ခဲနိုင်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေ အများကြီးရှိပေမယ့် တွေ့ရတတ်တာတွေကတော့

  • အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis)

ဒါကအဖြစ်များတဲ့ အဆစ်ရောင်ခြင်းအမျိုုးအစားပါ။ သက်လတ်ပိုင်းလောက်မှာ တဖြည်းဖြည်း စဖြစ်လာပြီး သက်ကြီးပိုင်းရောက်ရင် လက္ခဏာသိသာလာပါတယ်။ အသက်ရလာတာနဲ့အမျှ အဆစ်တွေကြားထဲမှာ ရှိတဲ့ အရိုးနုလေးတွေ ပွတ်တိုက်မှုကြောင့် ပါးပြီး အဆစ်ရောင်လာတာပဲ ဖြစ်ပါတယ်။ အဆစ်နာတာ၊ တောင့်တင်းတာတွေ ခံစားရတတ်ပါတယ်။

နာတာရှည်အဆစ်ရောင်ရောဂါဖြစ်ပြီး အဆစ်တွေ ဖောင်းပြီး နာတတ်ပါတယ်။ များသောအားဖြင့် လက်ဆစ်တွေ၊ လက်ကောက်ဝတ်တွေက အဆစ်တွေ ရောင်ရမ်းပြီး ပုံပျက်တတ်ပါတယ်။

ယူရစ်အက်စစ် crystalတွေက အဆစ်တွေမှာ စုပုံလာတာကြောင့် အဆစ်တွေ ရောင်ပြီး နာလာတာမျိုးပါ။ ခြေမမှာ အဖြစ်များပါတယ်။

အဆစ်တွေကြားမှာ ဘာဆာလို့ခေါ်တဲ့ အရည်အိတ်လေးတွေ ရှိပါတယ်။ အဆစ်တွေ အသုံးများတဲ့အခါ ဒီအရည်အိတ်လေးတွေရောင်လာတတ်ပါတယ်။ အဆစ်ကြီးတွေ ဖြစ်တဲ့ ပေါင်ဆစ်၊ ဒူးဆစ်၊ တံတောင်ဆစ်နဲ့ လက်မောင်းဆစ်မှာ အဖြစ်များပါတယ်။

  • ဗိုင်းရပ်စ်ပိုး

တုပ်ကွေးချိန်မှာ ကိုယ်လက်တွေ နာတာ၊ အဆစ်တွေကိုက်တာက ဗိုင်းရပ်စ်ပိုးတွေကြောင့်ပါ။

  • ထိခိုက်ဒဏ်ရာ

အရိုးကျိုးတာ၊ အဆစ်လည်တာတွေကလည်း အဆစ်အဖြစ်ကိုက်ခဲစေတတ်ပါတယ်။

အရိုးနဲ့ ကြွက်သားတွေကြားမှာ လှုပ်ရှားရလွယ်အောင် အရွတ်တွေနဲ့ ဆက်ထားပါတယ်။ ဒီအရွတ်တွေ ရောင်တဲ့အခါမှာလည်း အဆစ်အမြစ်ကိုက်ခဲတတ်ပါတယ်။ အထူးသဖြင့် တံတောင်ဆစ်၊ ဖနှောင့်၊ လက်မောင်းဆစ်တို့မှာ အတွေ့ရများပါတယ်။ လှုပ်ရှားမှုများရင် ဖြစ်တတ်ပါတယ်။

ဘယ်လိုလူတွေက အဆစ်အမြစ်ကိုက်ခဲ တာ ပိုဖြစ်နိုင်သလဲ။

တချို့တွေက ခဏခဏ အဆစ်အမြစ်ကိုက်တတ်တာကို တွေ့ရပါတယ်။ ဖြစ်နိုင်တာက

  • အရင်တုန်းက အဆစ်အမြစ်ထိခိုက်ဖူးတာ
  • ကြွက်သားတွေ အနားမပေးဘဲ လှုပ်ရှားမှုများတာ
  • နာတာရှည် အဆစ်ရောင် ရောဂါရှိနေတာ
  • စိတ်ဖိစီးမှု၊ စိတ်ကျရောဂါနဲ့ စိတ်လှုပ်ရှားမှုများတာ
  • အဝလွန်နေတာ
  • အသက်ကြီးလာတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

သင့် အဆစ်အမြစ်ကိုက်ခဲ ရတဲ့ အကြောင်းရင်းများ

ဘယ်လို အဆစ်အမြစ်ကိုက်ခဲ တာတွေက စိုးရိမ်စရာ ကောင်းသလဲ။

များသောအားဖြင့် အဆစ်အမြစ်ကိုက်ခဲတာတွေက နားလိုက်တာ၊ ဆေးသောက်လိုက်ရုံနဲ့ သက်သာသွားကြပါတယ်။ ဒီလိုမဟုတ်ဘဲ

  • အဆစ်တွေ ရောင်လာမယ်။
  • တောင့်တင်းပြီး အဆစ်တွေ ကြီးလာမယ်။
  • ထုံလာမယ်။
  • လှုပ်ရှားတိုင်းမှာ အဆစ်ထဲက အသံတွေ ထွက်လာမယ်။
  • လှုပ်လိုက်တိုင်း နာနေမယ်။
  • အကွေးအဆန့်လုပ်ရခက်မယ်။
  • အဆစ်အမြစ်ကိုက်လို့ သွားသွားလာလာမလုပ်နိုင်တော့ဘူး။
  • အဆစ်က နီရဲပြီး ပူနေ၊ ဖောင်းနေမယ်။
  • နေ့စဉ်အလုပ်တွေ မလုပ်နိုင်တော့ဘူး။
  • အိပ်ရေးပျက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်နေပါပြီ။

အဆစ်အမြစ်ကိုက်ခဲတာ သက်သာစေဖို့

အဆစ်အမြစ်ကိုက်ခဲတာက လက္ခဏာသာဖြစ်တဲ့အတွက် ဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေကုသသင့်ပါတယ်။ တစ်ခုနဲ့ တစ်ခု ကုသနည်းလည်း မတူပါဘူး။ ဒီလိုကုသနေတဲ့အချိန်အတွင်းမှာ ကိုက်ခဲနာကျင်တာ၊ ရောင်ရမ်းတာတွေ သက်သာစေဖို့

တစ်ခါကပ် ၁၀မိနစ်လောက်နဲ့ တစ်နေ့ကို ၃-၄ခါ ကပ်ပေးနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးတာလည်း လုပ်နိုင်ပါတယ်။

  • ကိုယ်အလေးချိန်လျှော့ပါ။

အဝလွန်လေလေ အဆစ်တွေအပေါ် ဖိအားများလေလေပါ။

  • လေ့ကျင့်ခန်း လုပ်ပါ။

အထူးသဖြင့် အကြောလျှော့လေ့ကျင့်ခန်း၊ ကြွက်သားတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ အဆစ်တွေ တောင့်တင်းတာ သက်သာစေပါတယ်။

ဆရာဝန်ဆေးစာ မပါဘဲ ဝယ်လို့ရတဲ့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတဲ့ အရောင်ကျဆေးတွေ သောက်နိုင်ပါတယ်။ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

  • လိမ်းဆေးလိမ်းပါ။

အကိုက်အခဲပျောက်ဆေးသောက်တာအပြင် နာကျင်ကိုက်ခဲတဲ့နေရာကို လိမ်းဆေး လိမ်းနိုင်ပါတယ်။

  • ဖြည့်စွက်အာဟာရဖြည့်နိုင်ပါတယ်။

Glucosamine လိုမျိုး အဆစ်ကို အားဖြည့်ပေးနိုင်တဲ့ ဖြည့်စွက်အာဟာရတွေလည်း မှီဝဲနိုင်ပါတယ်။ မမှီဝဲခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါတယ်။

အဆစ်အမြစ်ကိုက်ခဲတာက ရက်ပိုင်းနဲ့ သက်သာတာရှိသလို နေ့စဉ်သွားလာလှုပ်ရှားမှုတွေကို ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အဆစ်အမြစ်ကိုက်ခဲတာကို ကုသတဲ့နေရာမှာ ဝေဒနာတွေ သက်သာအောင်  လုပ်သင့်သလို အရင်းခံအကြောင်းရင်းကိုလည်း ကုသသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/symptoms/joint-pain/basics/definition/sym-20050668

https://www.nhs.uk/conditions/joint-pain/

https://my.clevelandclinic.org/health/symptoms/17752-joint-pain

 

ယခုပုံစံ

01/12/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement