backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွား မှာ ချိုးကပ်၊ စွန်းထင်းနေတာတွေ ဘယ်လိုပျောက်အောင် လုပ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွား မှာ ချိုးကပ်၊ စွန်းထင်းနေတာတွေ ဘယ်လိုပျောက်အောင် လုပ်ရမလဲ

သွား မှာ ချိုးကပ်စေ၊ စွန်းထင်း စေနိုင်တဲ့ အရာတွေ သင်ပါးစပ်ထဲ ထည့်နေတာ အများကြီးရှိပါတယ်။ အထင်ရှားဆုံး ဥပမာ ပြောရရင် ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ ကော်ဖီသောက်တာ တို့ပေါ့။

ဒီလိုမျိုး အရာတွေကြောင့် သွားမှာ စွန်းထင်းနေတာ၊ ချိုးကပ်နေတာတွေ ဖြစ်လာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ အကြံပေးချင်ပါတယ်။

သွားတိုက်ဆေး

နည်းလမ်းမှန်၊ ပစ္စည်းမှန်၊ အချိန်မှန် – မှန်သုံးမှန်နဲ့ သွားတိုက်ပါ။ သွား ကို အရောင် ကျန်စေနိုင်တဲ့ အစားအသောက်တွေ စားပြီးနောက်ပိုင်း သွားတိုက်ဖို့ အရေးကြီးပါတယ်။

ဒါပေမယ့် အက်စစ်ဓာတ်များတဲ့ အစားအသောက်တွေ စားပြီးချိန် ချက်ချင်းသွားတိုက်တာ တော့ မလုပ်ပါနဲ့။

ဒီချိန် တိုက်လိုက်ရင် အက်စစ်ဓာတ်ကြောင့် သွားကြွေလွှာ ပိုထိခိုက်စေနိုင်တယ်။ ကျန်တဲ့ အချိန်တော့ တစ်နေ့နှစ်ကြိမ် တိုက်ရင် လုံလောက်ပါတယ်။

အုန်းဆီ

အရည်အသွေး ကောင်းပြီး ဓာတုပစ္စည်း အရောအနှော မပါတဲ့ အုန်းဆီကို ရှာဝယ်ပါ။ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းလောက်ကို ၁၀ မိနစ် လောက် ပလုပ်ကျင်းလိုက်ပါ။

တစ်ခု ရှိတာက ဆီကို လည်ချောင်းထဲ မဝင်အောင်တော့ ဂရုစိုက်ပါ။ ပြီးရင် ထွေးထုတ်ပြီး ရေနဲ့ ပြန်ပလုပ်ကျင်းပါ။

ပန်းသီးရှာလကာရည် (Apple cider vinegar)

ပန်းသီးရှာလကာရည် ၂ ဇွန်း ကို ရေ ၆ အောင်စနဲ့ ရောပါ။ ပြီးရင် စက္ကန့် ၃၀ လောက် ပလုပ်ကျင်းပါ။ ပြီးမှ ရေနဲ့ ပလုပ်ကျင်းပြီး သွားတိုက်ပါ။

ဒီနည်းကိုတော့ တစ်ခါတစ်လေပဲ လုပ်ပါ၊ ပလုပ်ကျင်းချိန် စက္ကန့် ၃၀ ထက် ပိုမကြာပါစေနဲ့။

အသီးအခွံ တွေ

သံပရိုသီးလိမ္မော်သီးငှက်ပျောသီးအခွံတွေကို သွား မှာ ပွတ်တိုက်ပေးရင် ကပ်ငြိနေတာတွေကို လျော့ပါးသက်သာစေပါတယ်။

ဒီလိုအသီးတွေမှာ ပါတဲ့ citric acid က သွား ကို ဖြူစေပါတယ်။ သွားမတိုက်ခင် ဒီအသီးခွံတစ်ခုခုနဲ့ ၂ မိနစ်လောက် ပွတ်တိုက်ပြီး ရေနဲ့ပလုပ်ကျင်းပါ။

Activated charcoal

သွား မှာ ရှိတဲ့ သွားချေး နဲ့ စွန်းထင်းမှုမှန်သမျှကို Activated charcoal အမှုန့်က ကူညီဖယ်ရှားပေးနိုင်ပါတယ်။

တချို့သွားတိုက်ဆေးတွေမှာတောင် ပါဝင်တတ်တဲ့ Activated charcoal က အဆိပ်အတောက်ဓာတ်တွေနဲ့ ဘက်တီးရီးယားတွေ ကိုလည်း ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။

Activated charcoal အနည်းငယ်ကို ယူပြီး သွားမှာ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပါ။ ၂ မိနစ်လောက် တိုက်ပြီးရင် ပလုပ်ကျင်းပါ။

ပြီးရင် ရေနဲ့ ပြန်ပလုပ်ကျင်းပါ။ ခပ်ကြမ်းကြမ်း မတိုက်ပါနဲ့။

ရေဓာတ် ကြွယ်တဲ့ အသီးအရွက်

ရေဓာတ် များတဲ့ (အရည်ရွှမ်းတဲ့) အသီးအနှံ၊ အသီးအရွက်တွေက သွားကို ကျန်းမာစေပါတယ်။ ရေဓာတ်ကြောင့် သွားဝါခြင်းကို ဖြစ်စေတဲ့ သွားချေး နဲ့ ဘက်တီးရီးယားတွေ စုမလာစေဖို့ သွားနဲ့ သွားဖုံးကို သန့်စင်ပေးနိုင်ပါတယ်။

ရေ များများ သောက်ရင်တောင် ခံတွင်းသန့်စေ၊ ခံတွင်းနံ့ဆိုး ကင်းစေပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement